အာဠာဝကဖိုးတေ နှင့် မိစ္ဆာရှင်းတမ်း အပိုင်း ၅
"" သိပြီလား မင်းကွာဒီလောက်ဖြစ်ထားတာကိုမမှတ်ဘူးဟိုဒကာကြီးကတခါတည်းအသက်ပါနူတ်သွားရမှာ"" အဲဒီလိုနဲ့ကျုပ်အသက်ခုနှစ်နှစ်ပြည့်ရောဗျ။ကျုပ်ခုနှစ်နှစ်ပြည်တဲ့နေ့ရွာဦးကျောင်းဆရာတော်ထံကိုဧည့်သည် တစ်ယောက်ရောက်လာတယ်ဗျ။ဧည့်သည်လူကြီးကအရိပ်မထွက်ဘူးဗျ။လူကောင်ကလဲကျုပ်တို့ထက်ခေါင်းတ လုံးပိုတယ်ဗျ။သူလက်ထဲမှာအနီရောင်တောင်ဝှေးတစ်ချောင်းနဲ့ပုခုံးမှာဖျင်ကြမ်းလွယ်အိတ်တစ်လုံးဒါဘဲပါတယ် ဗျ။ဧည့်သည်လူကြီးကကျောင်းထဲတော့မဝင်ဘူးဗျ။ကျောင်းရှေမုတ်ပေါက်နားမှာတံမြတ်စည်းလှဲနေတဲ့ကိုဂျာ အေးကိုလှမ်းခေါ်တယ်ဗျ။ ""မောင်ကျောင်းသား . . .တံမြတ်စည်းလှဲနေတဲ့မောင်ကျောင်းသား . . .ကျောင်းသားလူလေး"" အဲ့ဒါကိုဂျာအေးပဲဗျ။ကိုဂျာအေးနားပါးချက်ကတော့လက်လှန်တယ်ဗျို။အဲဒါကိုအမှိုက်ကျုံးနေတဲ့ပုရစ်ကကြား တော့သူနားသွားအော်ပြောရတယ်။ "" ကိုကြီးဂျာအေး . . .ကိုကြီးဂျာအေး . . . .ကို . .ကြီး . . .ဂျာ . . အေး"" "" ဖြေးဖြေးအော်ပါဟငါကြားတယ် ဘာလို့လဲပုရစ်"" "" ကျောင်းရှေ့ကကိုကြီးဂျာအေးကိုခေါ်နေတယ်ဗျ"" ""ဘယ်သူလဲဟပုရစ်ရ"" ""ဒါတော့ကျုပ်ဘယ...