မေတ္တာရောင်ပြန်
မြန်မာ သမိုင်းမှာ မင်းနေပြည်တော် ဖြစ်ခဲ့တဲ့ မြို့လေး နာမည် က
အမရပူရ မြို့။ အဲ့ဒီ မြို့နယ် အတွင်းမှာ ရှိတဲ့ မုတ်ပလဲ ရွာ လို့
အမည်တွင် တဲ့ မထင်မရှားရွာငယ် လေးတစ်ခု။ ရွာအဝင် လမ်း မ
ပေါ် လမ်းတစ်ခုလုံးအပြည့် မူးမူးနဲ့ သူအသံဗြဲ နဲ့သီချင်းဆိုလာ တဲ့ လူတစ်ယောက် လျှောက်လာတယ်ဗျ။
ပေလေးထောင်ကျော် အမြင်ခေါင်တဲ့. ...... တောင်တော် ပုပ္ပါး ရယ်.
ကြည်နူးဖွယ်... ရွှေရည် ရှိန်း... တောင် တော် ပုပ္ပါး.... စိမ်းနုပြာညို.. ..ရွှန်းရွှန်းစို တယ်.....
""ဖိုးတေ တို့ကတော့ ကောင်းနေတယ် ထင်တယ် ဟေး""
""ဟုတ်တယ် ကွ""
""ဒါနဲ့ ဖိုးတေ... ""
""နက်ဖြန် မင်းရွာဘက်မှာ ကြက်ဝိုင်းရှိတယ် မင်းလိုက်မလား""
""ကြက်ဝိုင်းရှိ လို့ကတော့ ဖိုးတေ တို့က လိုက်ပြီးသားပဲကွ ""
""ဒါဆို မနက်ဖြန် ငါလာခေါ်မယ်.. မင်းအိမ်ကစောင့် နေ""
""အေး....ငါစောင့်နေမယ် ""
သီချင်း တကြော်ကြော် ဆိုပြီးတော့ လျှောက်လာတာ အိမ်ဘယ်လို့ရောက်မှန်းမသိဘူးဗျ။ ကျုပ်နေအိမ်ကတော့ ပျဉ်ထောင်ပျဉ် ကာ အိမ်လေးပေါ့ဗျာ ။ ဒီအိမ်လေးကို ကျုပ် သိပ်တန်းဖိုး ထားတာဗျ။ ဘာလို့လဲ ဆိုတော့ ဒီအိမ်လေးမှာ ကျုပ် အဖေနဲ့ အမေ ခေါင်းချသွားလို့လေဗျာ။ မိဘတွေ မရှိတော့ အဖေနဲ့အမေ ထားခဲ့တဲ့ အမွေတွေ နဲ့. လူတန်းစေ့ နေနိုင် တယ်ဗျ။ ဒါနဲ့ ကျုပ်ပြန်ရောက်လာတာကို အမြဲတမ်း အပြုံးလေးနဲ့ ကြိုတတ်တဲ့ ကျုပ်မိန်းမ ဒီနေ့တော့ မတွေ့ဘူး ဗျ။
""နှင်းမြ.ရေ... ...နှင်းမြ...." "
""ဟာ ဒီမိန်းမတော့ ဘယ်သွားနေလဲမသိဘူး ""
""ကိုဖိုးတေ.... .ကျုပ်နောက်ဖေးမှာ... တော်သားကို ရေချိုး ပေးနေတာတော်ရေ""
ကျုပ်လည်း နှင်းမြ ရှိတဲ့ အိမ်နောက်ဖေး ကို သွားလိုက် တာပေါ့ဗျာ။ ကျုပ်သားက ခုမှ နှစ်နှစ်ကျော် လေးရှိသေးတာဗျာ။ ကျုပ်တို့ လင်မယားရဲ့ အသည်းကျော် လေးပေါ့ ဗျာ။ ကျုပ်သားနာမည်လား ကျုပ်သားနာမည်
ကို ကျုပ်ကိုယ်တိုင် ပေးထားတာ ဖိုးလပြည့် တဲ့ဗျ။
""ယောကျ်ား.... ဘာလို့... အသံပြဲနဲ့ အော်ခေါနေတာလဲ""
""ဘာမှမဟုတ်ပါဘူးကွာ.. ... မိန်းမကို မတွေ့ ရလို့ စိတ်ပူပြီး ခေါ်လိုက်တာပါ""
""တော်ပါ.....အပိုတွေ ""
""တကယ်ပြောတာ ပါ မိန်းမရာ.. ဒီကောင် ဖိုးတေ ဘဝမှာ ဒီမယား နဲ့ ဒီသား အချစ်ဆုံး ဗျ""
""ကိုဖိုးတေ.... မူးနေရင် သွား အိပ်တော့... ဘာတွေ လာပြောနေမှန်း မသိဘူး ""
""ဟားးးး...... ငါ့မိန်းမက ရှက်သွားတယ်ပေါ့ ....ပြပါအုံး.. ရှက်တဲ့မျက်နှာလေး""
""ကို...ဖိုး... တေ..!!""
""မစတော့ဘူး... မစတော့ဘူး.... ဝက်စာ မကျွေးရသေးဘူးမှလား မိန်းမ ""
""ဟုတ်တယ် ယောကျ်ား ရေ သားကို ရေချိုး ပေးပြီးမှ ကျွေးမလို့""
""ဒါဆို ယောကျာ်း ကျွေးလိုက်မယ်လေ ""
""နေပါ ယောကျာ်း ရယ်..... သားရေချိုး တာက ပြီးပါပြီ... မိန်းမပဲ ကျွေးလိုက်မယ်""
""အံမယ် ငါ့မိန်မ က ငါတော့ ချစ်သားပဲ""
""ကျုပ်ချစ်လို့ ယူထားတဲ့ ယောကျာ်း ပဲ ချစ်တာပေါ့""
""ဟုတ်ပါပြီဗျာ. ...ဒါပေမဲ့ မိန်းမက သားအတွက် ရော အိမ်အလုပ်တွေ ရောနဲ့ ပင်ပန်း နေပါပြီ....ထမ င်းစားဖို့ အတွက် ပြင်ထား လိုက်တော့""
အဲ့ဒါ ကျုပ်တို့ လင်မယား တစ်ယောက် အပေါ် တစ်ယောက် ထားတဲ့ သံယောဇဉ် ဗျ။ ကျုပ်တို့လင်မယား အိမ်ထောင်ကျ ကတည်းက ခုချိန်ထိ ရန်မဖြစ်ဘူး စကားမများဘူး ဗျ။ ကျုပ် အရက်သောက်
တယ် ကြက်တိုက်တယ် ဖဲရိုက် တယ် ဗျ ဒါပေမဲ့ အလွန်အကျွံ မလုပ်ဘူး ကျုပ် မိန်းမ ကလဲသိတော့ ဘာမှ မပြောဘူးဗျ ။ စီးပွားရေး လာ အိမ်မှာ နွား မွေးတယ် ဝက်မွေးတယ် ကြက်မွေးတယ်ဗျ။
နေလယ် စား ကိုလင်မယား နှစ်ယောက် အတူတူ စားပြီးတော့ ရွာထဲမှာ ဖဲဝိုင်း ရှိတာ နဲ့ ကျုပ်ထွက် လာ
ခဲ့တယ်ဗျ။ ဖဲဝိုင်း ရောက်တော့ ဝိုင်းက ကောင်းနေပြီ ဗျ ဒိုင်ကိုင်တာက တခြားနယ်က လူဗျ ကျုပ်ကောင်တွေ ရှံးနေတာ ပေါ့ဗျာ။
""ဖိုးတေ.... ဆော်မှာလား""
""အေးကွ... ""
""ဒါဆိုလာ ကွာ....ငါနေရာဝင်လိုက်""
""ကဲ..ကဲ...ဘေးထိုင်ဘူပြောမနေနဲ့.....ကြိုက်သလောက်ထိုး....မိုက်သလောက်ထိုး....ဒိုင်က အေးဆေး""
""စကားမများနဲ့...စတော့ ""
""ဖြည်းဖြည်းပေါ့ ..ဖိုးတေ ရာ......ကဲစပြီ""
ကျုပ် လောင်းကစား လုပ်ရင် သင်္ကေတ တခုထားတယ် အဲ့ဒါဘာလဲဆိုတော့ ပထမ သုံးပွဲ ဆော့ကြည့် လို့
နှစ်ပွဲ နိုင်ရင် ဆက်ဆော့ တယ် မနိုင်ရင် မဆော့တော့ဘူး ။ ခုလည် ဝိုင်ထဲက ရှိသမျှ ပိုက်ဆံ ကျုပ်ရှေ့ စုပြီဗျ။
ဒိုင်မျက်နှာ ပျက်နေပြီလေ။
""ကဲဗျာ ကြာတယ်.... ကျုပ်ဒိုင် ဖြတ် မယ်ဗျာ""
""ကြိုက်တယ် ဖိုးတေ.... မင်းကမှ ထိုးရဲတာ...ရတယ် ""
""ဒါဆိုစတော့....""
နောက်ဆုံး ဒိုင်နဲ့ကျုပ် တစ်ယောက်ချင်း ရိုက်နေတာကို ဘေးဝိုင်ကလူတွေပါ လာကြည်နေတာဗျ အားလုံး က အသံမထွက်ကြဘူးဗျ။ ဘယ် အသံထွက် မလဲဗျာ ထိုးကြေးကို ကြည့်လေ မရှိပါဘူး ဆို ဆယ်ပုံးလောက်ရှိ
တယ်ဗျ။
""ကဲ ဖိုးတေ.. မင်းဖြစ် ဖဲပြ""
""ရတယ်ဗျာ...ဟောဒီ မှာ... ဖြစ်ဖဲ""
ကျုပ်ဖြစ်ဖဲ က ခုနှစ် စုံးခြောက်ခြမ်း နဲ့ဖြစ်တယ် ဒိုင်က ရှစ်ရှစ် လေးနဲ့ ဖြစ်တယ် ။ နောက်ဆုံး အပွင့် ပြိုင်ရတော့ မယ်ဗျ။
""ဖိုးတေ.... မင်းအပွင့်ပြ""
""ဟောဒီမှာ ဗျာ....... လုံရှိတယ်... နိုင်ရင် စားသွား ""
ဒိုင်လုပ်တဲ့ကောင်း ကျုပ်အပွင့် ကြည့်ပြီး ချွေးပျံနေပြီးဗျ။ ပြီးတော့ သူဖဲကို ကောက်ပြီး ကြည့်လိုက်တယ်။
""ဖိုးတေ.. ""
""ဘာလဲ.. ""
""မင်းကို.... ငါ အခွင့်အရေး တစ်ခု ပေးမယ် ""
""ပြောဘာလဲ. . . .""
""မင်း လောင်ကြေးကို ပြင်ခွင့်ပေးမယ် ဘယ်လိုလဲ""
""ရတယ် . . မပြင်ဘူး . . . မင်နိုင်ရင်စားသွားလိုက်. . . ကြာတယ်ကွာအပွင့်ပြတော့""
ဒိုင်က စောနက ချထားတဲ့ သူ့ ဖဲချပ်တွေကို ပြန်ကောက်ပြီးအပွင့်ကြည့်နေတယ်ဗျ။ ဖိုးတေကိုဒီလိုလာလုပ်
လို့ဘယ်ရမလဲ။ ဒိုင်ကောင် ဖဲခိုးတာကျုပ်သိတာပေါ့ဗျာ။
""ဟေကောင် . . . . ဘာလုပ်တာလဲ""
""ဖုန်း . . . . .ဖုန်းးး!!!""
""အးးး . . . အားးး!!!""
""ဖိုးတေ . . . . . မင်းဘာလုပ်တာလဲ""
""အဲ့ဒီစကားက . . .ငါကမင်းကိုမေးရမှာ . . . .မင်းနဲ့ဆော့နေတဲ့ကောင်းက ေ . . ာက်ချဉ်မဟုတ်ဘူးကွ. . . .သိန်းမောင် . . . ပိုက်ဆံတွေအကုန်လုံးသိမ်း""
ကျုပ်လာပြီးဖဲလိမ်ရိုက်လို့ ရင်ဘတ်ကိုနှစ်ချက်စောင့်ကန်းပစ်လိုက်တယ်အေးရောဗျာ။ကျုပ်ကောင်
သိန်းမောင်ကိုပိုက်ဆံအသိမ်းခိုင်းပြီးအိမ်ပြန်ဖို့ဖဲဝိုင်းကထလိုက်တယ်။
""ကိုဖိုးတေ . . . . !!!နောက်မှာ. . . . ""
""စွတ်. . . . . .!!""
""ရော့ကွာ. .. . .ဖြောင်းးးး!!""
ဒိုင်လုပ်တဲ့ကောင်ရှုံးမဲမဲပြီး ကျုပ်အလစ်မှာနောက်ကဓါးနဲ့ထိုးတာသိန်းမောင်အော်မှာနောက်လည့်ကြည့်လိုက်
တော့ အေးပေးကကျုပ်ကို အသေလုပ်တာဗျ။ သူ့ကဓါးနဲ့အထိုးကျုပ်ကလှည့်အကြည့်ဆိုတော့ဓါးကိုကပ်ရှောင်ပြီး
ဘေးနားမှာရှိတဲ့ခွေးခြေခုံးနဲ့ဓါးကိုင်ထားတဲ့လက်ကိုဖြတ်ရိုက်တယ်။
""မင်းကလား . . ငါကို. . . ဖောင်း. . . ဖောင်းး. . . .!!""
""အားးး. . . အားးး. . !!""
""ဟေရောင် . . . မင်းထက်မိုက်လို့နယ်လှည့်ဖဲရိုက်ကြက်တိုက်နေ့တဲ့ကောင်ကွ. . .ဒီလောက်တောင်ရှိတာ. . . .""
""ကိုဖိုးတေ . . . တော်ပါတော့ဗျာ. . . လက်ထဲကဓါးကျုပ်ကိုပေး. . .""
""ငါ့ တောင်းပန်ပါတယ်ဖိုးတေ. . . သတိလက်လွတ်ဖြစ်သွားလို့ပါ. . . တောင်းပန်ပါတယ်""
""အေး. . . .ငါနဲ့ကစားရင်. . . ၊ကံနဲ့ပဲဆော့၊ . . . ဉာဏ်နဲ့လာမဆော့နဲ့၊ . . နောက်တစ်ခါဆို. . . မင်းအသေပဲ""
""စိတ်ချပါ. . . . . နောက်တစ်ခါမင်းနဲ့မတွေ့အောင်ရှောင်ပါမယ်ကွာ . . . . ခုလဲငါ့ကို. . . ခွင့်လွတ်ပါ""
""အေး. . . . ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ. . . သိန်းမောင်. .အဲ့ကောင်ကို တစ်သိန်းပေးလိုက်""
""ဟုတ်ကဲ့ . . . ကိုဖိုးတေ""
""အဲ့ဒါ. . .မင်အတွက်ဆေးဖိုး . . .ကျေနပ်လား. . . . ""
""ကျေ . . . ကျေနပ်ပါတယ်. . . ဖိုးတေ . . ကျေးဇူလည်းတင်ပါတယ်""
""မလိုဘူးဟရောင် . . .မင်းပြန်တော့""
""အေး. . .အေးပါကွာ. .""
""သိန်းမောင်......ငါ့တို့လည်းပြန်မယ်လာ"" ကျုပ်လည်သိန်းမောင်ကိုခေါ်ပြီးပြန်လာခဲ့တယ်ဗျ။သိန်းမောင်ကတော့ ကျုပ်ဖဲဝိုင်းကနိုင်လာတဲ့ပိုက်ဆံတွေကိုဖျင်း
ကြမ်းလွယ်အိတ်ထဲမှာထည့်ပြီ လွယ်လာတယ်ဗျ။ အိမ်ပြန်လာတဲ့လမ်းမှာနှစ်ယောက်သာအပြုံးကိုယ်စီနဲ့ပေါ့ဗျာ။
သိန်းမောင်ကဘာတွေတွေးပြီးပြုံးလာလည်တော့မသိဘူးဗျ။ကျုပ်ကတော့ပိုက်ဆံတွေမြင်လိုက်ရတဲ့အချိန်ပြုံးပျော်
နေမဲ့ကျုပ်မိန်းမမျက်နှာမြင်ရောင်ပြီးပြုံးနေတာဗျ။နှစ်ယောက်သားပြန်လာရင်တစ်နေရာရောက်တော့သိန်းမောင်က
"" ကိုဖိုးတေ""
""ဘာလဲ . ..သိန်းမောင်""
""ရှေ့မှာ ကိုအောင်ကြီးဆိုင်ဗျ......နည်းနည်းလောက်ကစ်ရအောင်ဗျာ""
""ငါဒီနေ့ ..သောက်ချင်စိတ်မရှိဘူးကွာ....နောက်နေ့မှသောက်""
လမ်းတစ်နေရာရောက်တော့ ကျုပ်ကောင် အုန်းမောင်ဗျ။ဘာတွေအရေးကြီးလို့လဲမသိဘူးကျုပ်တို့ဘက်
ပြေးလာနေတယ်။အံမယ်ဒီကောင်းက ကျုပ်တို့ကိုတောင်နူတ်မဆက်ဘူးကျော်ပြီးပြေးသွားသေးတယ်။
""အုန်းမောင်.....ဟကောင်း.....အုန်းမောင်!!!""
အုန်းမောင်ကကျုပ်ခေါ်တဲ့အသံကြာလို့ပြေးနေတာရပ်လိုက်တယ်ဗျ။
""ဘာလဲ......ဖိုးတေ""
""ဒီကိုလာအုံးခန..""
""ဘာလုပ်မလို့လဲ....ဖိုးတေရာ....ငါအရေးကြီးနေလို့ပါ""
""လျှာရှည်တာကွာ. . . .လာဆိုလာခဲ့""
""ပြဿနာပဲ......ဖိုးတေရာ""
အုန်းမောင်စိတ်ညစ်နေတဲ့မျက်နှာနဲ့ကျုပ်ဆီပြန်လှည့်လာတယ်ဗျ။
""ကဲ.....မြန်မြန်ပြောဖိုးတေ...ဘာလို့ငါခေါ်တာလဲ""
""မင်းကငါကိုတောင် မမြင်ဘူးဆိုတော့ဘာတွေအရေးကြီးနေလို့လဲ""
""အမေမူးလဲလို့......ဖိုးတေ""
""ဟာ!!!..ဟုတ်လား.....အခုဘယ်လိုနေသေးလဲကွ""
""ရွာထဲက ဆရာပြောတာကတော့ မန်လေးဆေးရုံအမြန်ပို့ပါတဲ့ ကွ.......ဒါကြောင့်အခု ရွာအရှေ့ပိုင်းက ကိုစံလှကား
သွားငှားမလို့""
""ဟာ. . . .အရီလေးက အဲ့လောက်ကို အခြေအနေဆိုးသလား. . . . . သိန်းမောင်. . . ငါကိုလွယ်အိတ်ပေး""
""ဟုတ်ကဲ့. . .ကိုဖိုးတေရော့""
""အုန်းမောင်ရော့. . . .ငါးသိန်းယူသွား..""
""ဖိုးတေ. . တ . . တကယ်ပေးတာလား. . .ဒါနောက်စရာမဟုတ်ဘူးနော်""
""အုန်းမောင်.....ငါဒီလိုကိစ္စနဲ့ပတ်သက်ပြီး ဘယ်နှစ်ခါနောက်ဖူးလဲ .....ပြီးတော့မင်းအမေဆိုတာ ငါ့ကိုသူ့သားနဲ့မခြား ဂရုတစိုက်ပြောဆိုဆုံးမပေးတယ်.....ဒါကြောင့်ငါ တတ်နိုင်တာလေးနဲ့ကူညီတာ""
""ကျေး......ကျေးဇူပါ...သူငယ်ချင်းရာ""
""လျှာရှည်တာကွာ...မြန်မြန်သွားတော့"
အုန်းမောင်လည်းကျုပ်ပေးလိုက်တဲ့ပိုက်ဆံယူပြီးရွာအ
ရှေ့ပိုင်းကိုပြေးထွက်သွားတယ်။ကျုပ်ကတော့ပြေးထွက်သွားတဲ့ အုန်းမောင်နောက်ကျောကိုကြည့်ပြီးပီတိဖြစ်နေ
တာပေါ့ဗျာ။
""သိန်းမောင်..ရော့......လွယ်အိတ်ပြန်လွယ်ခဲ့""
""ဟုတ်....ကိုဖိုးတေ""
ကျုပ်နဲ့သိန်းမောင်စကားတပြောပြောနဲ့လျှောက်လာ
လိုက်တာကျုပ်အိမ်ရှေ့ကိုဘယ်လိုရောက်လာမှန်မသိဘူးဗျ။
""မိန်းမရေ...မိန်းမ...!!ကိုတေ.......အချစ်ဆုံးလေးရေ""
""မသာကြီး.......ဘာတွေအရူးထအော်နေတာလဲ""
""ဟဲဟဲ....ချစ်ဆုံးလေးကလည်.....ကိုတေပျော်လို့ပါကွ""
""သိန်းမောင်...""
""ဗျာ.....အမ""
""မင်ဆရာ....လမ်းမှာ အပတွေဘာတွေမှိလာသလား""
""မမှီပါဘူး.....အမ""
""ဒါဆို....မင်ဆရာ..ဘာဖြစ်နေတာလဲ""
""ဟာ....ဒါတော့..ကျုပ်ဘယ်သိမလဲ....ဗျ""
""သိန်းမောင်.....မင်းအမကို လွယ်အိတ်ပေးလိုက်""
""ဟုတ်....အမရော့""
""ဘာတွေလဲ....ယောကျာ်း""
""သိချင်ရင်...ကြည့်လေကွာ""
ကျုပ်မိန်းမကမယုံဘူးဆိုတဲ့မျက်နှာပေးနဲ့လွယ်အိတ်ကို
ဖြဲကြည့်နေတယ်ဗျ။
""ယောကျာ်း......!!""
""ပြောဗျာ""
""ပိုက်ဆံတွေတော့....""
""ဟုတ်ရတယ်လေ...မိန်းမ""
""ဒီပိုက်ဆံတွေက...""
""ယောကျာ်း...ဖဲနိုင်လာတာ...အားလုံးပေါင်း နှစ်ဆယ်ကွ ..မိန်းမရ""
""ဟင်.....ဒီမှာကျ ဆယ့်လေးသိန်းထဲပါလားတော့""
""အော်....အဲဒါကဒီလိုမိန်းမ....ဖဲဝိုင်းမှာယောကျာ်းကိုဖဲလိမ်ရိုက်တဲ့ကောင်ဆုံးမလိုက်တာဆေးဖိုးတစ်သိန်းလျှော်ခဲ့
ရတယ်""
""ကျန်တဲ့ငါးသိန်းကရော""
""ကျန်တဲ့ငါးသိန်းက ယောကျာ်းအိမ်ပြန်လာရင်းလမ်းမှာအုန်းမောင်သူ့အမေမူးလဲလို့မန္တလေးဆေးရုံပိုဖို့ကားငှားနေတာတွေ့တာနဲ့ပိုက်ဆံ ငါးသိန်းကူညီလိုက်တယ်""
""အဲဒီအုန်းမောင်ဆိုတဲ့အကောင်က......တော်ကို ချောင်ရိုက်ဖူးတယ်လေ....ဒါကိုရှင့်က ကူညီခဲ့သေးတယ်ပေါ့""
""ဟာ...မိန်းမ..မင်မှားနေပြီကွ.....လောကကြီးမှာလူတွေက ကိုယ်ကတခြားသူကိုကူညီခဲ့တာကိုပဲ ဂုဏ်ဖော်ပြောကြ သတိရကြတယ်ကွ အဲ့ တခြားသူက ကိုယ့်အပေါ်ကူညီပေး ခဲ့တာကျေးဇူပြုဖူးတာကိုကြဘယ်သူ့
မှသတိမရကြဘူးကွ...မိန်းမကို ယောကျာ်းတစ်ခုမေးမယ်...""
""မေးတော်......မေး.....မေး""
""ငါတို့သားလေးမွေးတဲ့အချိန်မှာမိန်းမကိုဘယ်သူ့ကဆေးရုံပို့ပေးတာလဲ""
""ဒါများ.....တော်သူငယ်ချင်းအုန်းမောင်လေး""
""ပြီးတော့မိန်းမ မွေးခန်းထဲအရေးပေါ်သွေးလိုအပ်တော့ဘယ်သူကသွေလှူ ပေးခဲ့တာလဲ ""
""အုန်းမောင်လေ....""
""အဲ့ဒါပြောတာ ငါမိန်းမ......မိန်းမတို့သားအမိ နှစ်ယောက်ပေါ်မှာအုန်းမောင်ကျေးဇူးတွေရှိတယ်...ဟိုတခါယောကျာ်း
ကိုချောင်းရိုက်တုန်းကလည်း အမှန်တကယ်ကမရိုက်ဖြစ်ပါဘူး ...ယောကျာ်းရှင်းပြလိုက်လို့ သူပြန်သွားတယ်""
""မိန်းမမှားပါတယ်ယောကျာ်း""
""ဒါမှ ကိုတေမိန်းမကွ....လူဆိုတာတစ်ပါးသူရဲ့အမှားကိုမကြည့်ရဘူးကိုယ့်အမှားကိုလည်းသိအောင်လုပ်သိရင်ပြု
ပြင်နိုင်အောင်ကြိုးစားရတယ်""
""မိန်းမသိပါပြီယောကျာ်း""
""ဒါမှကိုကိုတေ.......အချစ်ဆုံးလေးကွ.......နာပါအုံးအနားကို""
""ဟုတ်ကဲ့ကိုကို.....အဲ့သိန်းမောင်ရှိတယ်တော့.....ရှက်လိုက်တာ""
""ဟားးးးးးးး!!!အမ....ကျုပ်ဘာမှမမြင်ဘူးနော်.....ကဲကိုဖိုးတေ.....ကျုပ်ပြန်တော့မယ်""
""နေအုံး..သိန်းမောင်...ခဏလေး....မိန်းမ..သိန်းမောင်ကိုမုန့်ဖိုပေးလိုက်ပါအုံး ..သူ့ကြောင့်ယောကျာ်းဓါးနဲ့အထိုးမခံ
ရတာဗျ""
""ဘယ်လောက်ပေးလိုက်ရမလဲယောကျာ်း ""
""ပိုက်ဆံတွေကမိန်းမစီမှာလေ...မိန်းမပေးချင်သလောက်ပေးလိုက်""
""သိန်းမောင်ရော့.....မုန့်ဖိုနှစ်သိန်း...""
""ဟာ...တကယ်လားအမ.....ကျေးဇူတင်လိုက်တာဗျာ""
""ရပါတယ်ဟယ်....နင့်ကငါ့ယောကျာ်းအသက်ကိုကယ်ခဲ့တာလေ""
""ကျုပ်ပြန်တော့မယ်ကိုဖိုးတေ""
""အေး...ဒါနဲ့မနက်ဖြန်နေ့လယ်ကြမင်းရွာဘက် ကြက်ဝိုင်းရှိတယ် .....မင်းလိုက်မလားသိန်းမောင်""
""လိုက်မှာပေါ့ဗျ....ကျုပ်ထွက်ခဲ့မယ်""
အဲ့ဒါနဲ့သိန်းမောင်လည်းပြန်သွားတော့
ကျုပ်မိန်းမကအိမ်ပေါ်တက်ပြီးပိုက်ဆံတွေသိမ်းတယ်ကျုပ်ကတော့ရေချိုးဖို့အတွက်အိမ်နောက်ဖက်ကိုထွက်လာခဲ့
တယ်။
နောက်နေ့မနက်ကြကျုပ်လည်းနွားစာရိတ်ဖို့အတွက်
မြောက်အင်းဘက်ကိုထွက်လာခဲ့တယ်ဗျ။အော်ဒါနဲ့ကျုပ်နေတဲ့
ရွာအနေအထားပြောရအုံးမယ်ဗျ။ကျုပ်နေတဲ့ရွာနာမည်က အမရပူရမြို့နယ်အတွင်းကမုတ်ပုလဲဆိုတဲ့ရွာလေးပါ။
ကျုပ်တို့ရွာမြောက်ဘက်မှာတော့ပြင်ဦးလွင်ကိုသွားတဲ့ကားလမ်းမကြီးရှိတယ်ဗျ။ကားလမ်းမကြီးတစ်ဖက်မှာတော့
မန္တလေးစွယ်တော်ဘုရားရှိတယ်ဗျ။ရွာအနောက်ဘက်မှာရန်ကုန်-မန္တလေးကားလမ်းမကြီးရှိတယ်ဗျ။ ရွာတောင်
ဘက်မှာတော့ဒုထ္ထဝတီမြစ်လို့ ခေါ်တဲ့မြစ်ငယ်မြစ်ရှိတယ်ဗျ။ ရွာအရှေ့ဘက်မှာကမင်းရွာလို့ခေါ်တဲ့ ရွာတစ်ရွာရှိ
တယ်။အဲ့ တစ်ခုကျန်နေလို့ဗျ ကျုပ်တို့ရွာအရှေ့တောင်ဘက်
မှာကအင်းကုန်းရွာဆိုပြီးတော့ရှိတယ်ဗျ။ အဲ့ဒီအင်းကုန်းရွာဘက်မှာ အင်းနှစ်အင်းရှိတယ်ဗျ။တောင်ဘက်မှာရှိတဲ့အင်းကိုတောင်အင်းမြောက်ဘက်မှာရှိတဲ့အင်းကိုကြမြောက်အင်းလို့ခေါ်သ
ဗျ။ကျုပ်အခုနွားစာသွားရိတ်မှာကမြောက်အင်းဘက်ကိုဗျ။မြင်းစာအတွက်ကတော့ပဲရိုးဝယ်ကျွေးတယ်ဗျ။ခိုင်နွားနဲ့
နို့စားနွားအတွက်ကတော့မြောက်အင်းဘက်မှာကိုယ်အစုနဲ့ကို လာရိတ်ကြတယ်။တချို့ကတော့ကောက်ရိုးထုံး ဝယ်
ကျွေးကြတယ်ဗျ။ကျုပ်လည်းနွားစာရိတ်ဖို့အတွက်အိမ်ကနေထွက်ရှိသေးတယ်ဗျဟိုကောင်သိန်းမောင်ပေါ့ဗျာကျုပ်
အိမ်ဘက်ကိုကာယားကာယားနဲ့လျှှောက်လာတာမြင်တာနဲ့ကျုပ်လည်းအိမ်ရှေ့ကရပ်စောင့်နေရတယ်ဗျ။
""ကိုဖိုးတေ....ဘယ်သွားမလို့လဲဗျ""
""အိမ်မှာနွားစာပြတ်တော့မယ်ကွ.....အဲ့ဒါမြောက်အင်းဘက်နွားစာသွားရိတ်မလို့""
"" ဟာ...ဒါဆိုကျုပ်လည်လိုက်ခဲ့မယ်ဗျာ""
""ဟကောင်ရ.....မင်းအိမ်က အလုပ်တွေရောပြီးပြီလားကွာ""
""ပြီးခဲ့ပြီဗျ.....ကျုပ်ကိုခေါ်ပါဗျ""
""ဒီလောက်တောင်ရှိတာ....လိုက်ခဲ့ကွား""
""အဲဒီလိုလုပ်ပါ......ကိုဖိုးတေရ""
အဲဒီလိုနဲ့ကျုပ်နဲ့သိန်းမောင်နွားစာရိတ်ဖို့အတွက်မြော
က်အင်းဘက်ကိုထွက်ခဲ့ကြတယ်။ ကျုပ်တို့နှစ်ယောက်ရောက်
တော့ကိုယ်တွေထက်စောတဲ့သူတွေကအများကြီးဗျ။အဲဒါနဲ့
ကျုပ်တို့နှစ်ယောက်သာနွားစာမြန်မြန်ရိတ်ပြီး အိမ်ပြန်လာခဲ့
ကြတယ်ဗျာ။နွားစာမြတ်ထုံးကို နွားစာစဉ်းတဲ့ခုံနားချပြီးဆရာ
တပည့်နှစ်ယောက်အိမ်ရှေ့ကိုထွက်ခဲ့ကြတယ်။
""ကိုဖိုးတေ....ကျုပ်ထမင်းပြန်စားလိုက်အုံးမယ်....ကျုပ်စောင့်အုံးနော်""
""ဘယ်ပြန်မှာလဲ.....မပြန်နဲ့......ဒီမှာပဲစား....ဒီနေ့ဆွမ်းအုပ်ကျတယ်ကွ..မင်အမဘာချက်လဲမသိဘူး""
""ကျုပ်မစားတော့ဘူးကိုဖိုးတေ.""
""လျှာရှည်တာကွာ...ငါကစားဆိုစားမှကြိုက်တာ.....ထပ်ပြောရင်စောင့်ကန်လိုက်မှာ""
""ဟုတ်....ဟုတ်ကဲ့ကိုဖိုးတေ""
""မိန်းမရေ.....မိန်းမ!!!""
""ယောကျာ်းဘာတုန်း.....ဒီမှာကလေးသိပ်နေတာ""
""သားအိပ်ရင်ယောကျာ်းနဲ့သိန်းမောင်စားဖို့ထမင်းဝိုင်းပြင်ထားလိုက်အုံး""
""ပြင်ထားလိုက်မယ်ယောကျာ်းရေ""
ကျုပ်နဲ့သိန်းမောင်လည်းမိန်းမပြင်ပေးထားတဲ့ထမင်းဝိုင်း
မှာဆာဆာနဲ့နှစ်ယောက်သာတော်တော်များများစားလိုက်တယ်ဗျ။
ဟင်းကဝက်သားကိုပုန်းရည်ကြီးနဲ့ချက်တာကတစ်ခွက်
ပေါ် လမ်းတစ်ခုလုံးအပြည့် မူးမူးနဲ့ သူအသံဗြဲ နဲ့သီချင်းဆိုလာ
ပေလေးထောင်ကျော် အမြင်ခေါင်တဲ့.
ကြည်နူးဖွယ်... ရွှေရည် ရှိန်း... တောင် တော် ပုပ္ပါး.... စိမ်းနုပြာညို..
""ဖိုးတေ တို့ကတော့ ကောင်းနေတယ် ထင်တယ် ဟေး""
""ဟုတ်တယ် ကွ""
""ဒါနဲ့ ဖိုးတေ... ""
""နက်ဖြန် မင်းရွာဘက်မှာ ကြက်ဝိုင်းရှိတယ်
""ကြက်ဝိုင်းရှိ
""ဒါဆို မနက်ဖြန် ငါလာခေါ်မယ်.. မင်းအိမ်ကစောင့်
""အေး....ငါစောင့်နေမယ် ""
သီချင်း တကြော်ကြော် ဆိုပြီးတော့ လျှောက်လာတာ အိမ်ဘယ်လို့ရောက်မှန်းမသိဘူးဗျ။ ကျုပ်နေအိမ်ကတော့ ပျဉ်ထောင်ပျဉ်
""နှင်းမြ.ရေ...
""ဟာ ဒီမိန်းမတော့ ဘယ်သွားနေလဲမသိဘူး ""
""ကိုဖိုးတေ....
ကျုပ်လည်း နှင်းမြ ရှိတဲ့ အိမ်နောက်ဖေး ကို သွားလိုက် တာပေါ့ဗျာ။ ကျုပ်သားက ခုမှ နှစ်နှစ်ကျော် လေးရှိသေးတာဗျာ။ ကျုပ်တို့ လင်မယားရဲ့ အသည်းကျော် လေးပေါ့ ဗျာ။ ကျုပ်သားနာမည်လား
ကို ကျုပ်ကိုယ်တိုင်
""ယောကျ်ား.... ဘာလို့... အသံပြဲနဲ့ အော်ခေါနေတာလဲ""
""ဘာမှမဟုတ်ပါဘူးကွာ..
""တော်ပါ.....အပိုတွေ ""
""တကယ်ပြောတာ ပါ မိန်းမရာ.. ဒီကောင် ဖိုးတေ ဘဝမှာ ဒီမယား နဲ့ ဒီသား အချစ်ဆုံး ဗျ""
""ကိုဖိုးတေ....
""ဟားးးး...... ငါ့မိန်းမက ရှက်သွားတယ်ပေါ့
""ကို...ဖိုး...
""မစတော့ဘူး... မစတော့ဘူး.... ဝက်စာ မကျွေးရသေးဘူးမှလား မိန်းမ ""
""ဟုတ်တယ် ယောကျ်ား ရေ သားကို ရေချိုး ပေးပြီးမှ ကျွေးမလို့""
""ဒါဆို ယောကျာ်း ကျွေးလိုက်မယ်လေ
""နေပါ ယောကျာ်း ရယ်..... သားရေချိုး တာက ပြီးပါပြီ... မိန်းမပဲ ကျွေးလိုက်မယ်""
""အံမယ် ငါ့မိန်မ က ငါတော့ ချစ်သားပဲ""
""ကျုပ်ချစ်လို့
""ဟုတ်ပါပြီဗျာ.
အဲ့ဒါ ကျုပ်တို့ လင်မယား တစ်ယောက် အပေါ် တစ်ယောက် ထားတဲ့ သံယောဇဉ် ဗျ။ ကျုပ်တို့လင်မယား အိမ်ထောင်ကျ ကတည်းက ခုချိန်ထိ ရန်မဖြစ်ဘူး စကားမများဘူး ဗျ။ ကျုပ် အရက်သောက်
တယ် ကြက်တိုက်တယ် ဖဲရိုက် တယ် ဗျ ဒါပေမဲ့ အလွန်အကျွံ မလုပ်ဘူး ကျုပ် မိန်းမ ကလဲသိတော့ ဘာမှ မပြောဘူးဗျ ။ စီးပွားရေး လာ အိမ်မှာ နွား မွေးတယ် ဝက်မွေးတယ် ကြက်မွေးတယ်ဗျ။
နေလယ် စား ကိုလင်မယား နှစ်ယောက် အတူတူ စားပြီးတော့ ရွာထဲမှာ ဖဲဝိုင်း ရှိတာ နဲ့ ကျုပ်ထွက် လာ
ခဲ့တယ်ဗျ။ ဖဲဝိုင်း ရောက်တော့ ဝိုင်းက ကောင်းနေပြီ ဗျ ဒိုင်ကိုင်တာက တခြားနယ်က လူဗျ ကျုပ်ကောင်တွေ ရှံးနေတာ ပေါ့ဗျာ။
""ဖိုးတေ.... ဆော်မှာလား""
""အေးကွ... ""
""ဒါဆိုလာ ကွာ....ငါနေရာဝင်လိုက်""
""ကဲ..ကဲ...ဘေးထိုင်ဘူပြောမနေနဲ့.....ကြိုက်သလောက်ထိုး....မိုက်သလောက်ထိုး....ဒိုင်က အေးဆေး""
""စကားမများနဲ့...စတော့ ""
""ဖြည်းဖြည်းပေါ့ ..ဖိုးတေ ရာ......ကဲစပြီ""
ကျုပ် လောင်းကစား လုပ်ရင် သင်္ကေတ တခုထားတယ် အဲ့ဒါဘာလဲဆိုတော့ ပထမ သုံးပွဲ ဆော့ကြည့် လို့
နှစ်ပွဲ နိုင်ရင် ဆက်ဆော့ တယ် မနိုင်ရင် မဆော့တော့ဘူး ။ ခုလည် ဝိုင်ထဲက ရှိသမျှ ပိုက်ဆံ ကျုပ်ရှေ့ စုပြီဗျ။
ဒိုင်မျက်နှာ ပျက်နေပြီလေ။
""ကဲဗျာ ကြာတယ်.... ကျုပ်ဒိုင် ဖြတ် မယ်ဗျာ""
""ကြိုက်တယ် ဖိုးတေ.... မင်းကမှ ထိုးရဲတာ...ရတယ် ""
""ဒါဆိုစတော့....""
နောက်ဆုံး ဒိုင်နဲ့ကျုပ် တစ်ယောက်ချင်း ရိုက်နေတာကို ဘေးဝိုင်ကလူတွေပါ လာကြည်နေတာဗျ အားလုံး က အသံမထွက်ကြဘူးဗျ။ ဘယ် အသံထွက် မလဲဗျာ ထိုးကြေးကို ကြည့်လေ မရှိပါဘူး ဆို ဆယ်ပုံးလောက်ရှိ
တယ်ဗျ။
""ကဲ ဖိုးတေ.. မင်းဖြစ် ဖဲပြ""
""ရတယ်ဗျာ...ဟောဒီ မှာ... ဖြစ်ဖဲ""
ကျုပ်ဖြစ်ဖဲ က ခုနှစ် စုံးခြောက်ခြမ်း နဲ့ဖြစ်တယ် ဒိုင်က ရှစ်ရှစ် လေးနဲ့ ဖြစ်တယ် ။ နောက်ဆုံး အပွင့် ပြိုင်ရတော့ မယ်ဗျ။
""ဖိုးတေ.... မင်းအပွင့်ပြ""
""ဟောဒီမှာ ဗျာ....... လုံရှိတယ်... နိုင်ရင် စားသွား ""
ဒိုင်လုပ်တဲ့ကောင်း ကျုပ်အပွင့် ကြည့်ပြီး ချွေးပျံနေပြီးဗျ။ ပြီးတော့ သူဖဲကို ကောက်ပြီး ကြည့်လိုက်တယ်။
""ဖိုးတေ.. ""
""ဘာလဲ.. ""
""မင်းကို.... ငါ အခွင့်အရေး တစ်ခု ပေးမယ် ""
""ပြောဘာလဲ. . . .""
""မင်း လောင်ကြေးကို ပြင်ခွင့်ပေးမယ် ဘယ်လိုလဲ""
""ရတယ် . . မပြင်ဘူး . . . မင်နိုင်ရင်စားသွားလိုက်. . . ကြာတယ်ကွာအပွင့်ပြတော့""
ဒိုင်က စောနက ချထားတဲ့ သူ့ ဖဲချပ်တွေကို ပြန်ကောက်ပြီးအပွင့်ကြည့်နေတယ်ဗျ။ ဖိုးတေကိုဒီလိုလာလုပ်
လို့ဘယ်ရမလဲ။ ဒိုင်ကောင် ဖဲခိုးတာကျုပ်သိတာပေါ့ဗျာ။
""ဟေကောင် . . . . ဘာလုပ်တာလဲ""
""ဖုန်း . . . . .ဖုန်းးး!!!""
""အးးး . . . အားးး!!!""
""ဖိုးတေ . . . . . မင်းဘာလုပ်တာလဲ""
""အဲ့ဒီစကားက . . .ငါကမင်းကိုမေးရမှာ . . . .မင်းနဲ့ဆော့နေတဲ့ကောင်းက ေ . . ာက်ချဉ်မဟုတ်ဘူးကွ. . . .သိန်းမောင် . . . ပိုက်ဆံတွေအကုန်လုံးသိမ်း""
ကျုပ်လာပြီးဖဲလိမ်ရိုက်လို့ ရင်ဘတ်ကိုနှစ်ချက်စောင့်ကန်းပစ်လိုက်တယ်အေးရောဗျာ။ကျုပ်ကောင်
သိန်းမောင်ကိုပိုက်ဆံအသိမ်းခိုင်းပြီးအိမ်ပြန်ဖို့ဖဲဝိုင်းကထလိုက်တယ်။
""ကိုဖိုးတေ . . . . !!!နောက်မှာ. . . . ""
""စွတ်. . . . . .!!""
""ရော့ကွာ. .. . .ဖြောင်းးးး!!""
ဒိုင်လုပ်တဲ့ကောင်ရှုံးမဲမဲပြီး ကျုပ်အလစ်မှာနောက်ကဓါးနဲ့ထိုးတာသိန်းမောင်အော်မှာနောက်လည့်ကြည့်လိုက်
တော့ အေးပေးကကျုပ်ကို အသေလုပ်တာဗျ။ သူ့ကဓါးနဲ့အထိုးကျုပ်ကလှည့်အကြည့်ဆိုတော့ဓါးကိုကပ်ရှောင်ပြီး
ဘေးနားမှာရှိတဲ့ခွေးခြေခုံးနဲ့ဓါးကိုင်ထားတဲ့လက်ကိုဖြတ်ရိုက်တယ်။
""မင်းကလား . . ငါကို. . . ဖောင်း. . . ဖောင်းး. . . .!!""
""အားးး. . . အားးး. . !!""
""ဟေရောင် . . . မင်းထက်မိုက်လို့နယ်လှည့်ဖဲရိုက်ကြက်တိုက်နေ့တဲ့ကောင်ကွ. . .ဒီလောက်တောင်ရှိတာ. . . .""
""ကိုဖိုးတေ . . . တော်ပါတော့ဗျာ. . . လက်ထဲကဓါးကျုပ်ကိုပေး. . .""
""ငါ့ တောင်းပန်ပါတယ်ဖိုးတေ. . . သတိလက်လွတ်ဖြစ်သွားလို့ပါ. . . တောင်းပန်ပါတယ်""
""အေး. . . .ငါနဲ့ကစားရင်. . . ၊ကံနဲ့ပဲဆော့၊ . . . ဉာဏ်နဲ့လာမဆော့နဲ့၊ . . နောက်တစ်ခါဆို. . . မင်းအသေပဲ""
""စိတ်ချပါ. . . . . နောက်တစ်ခါမင်းနဲ့မတွေ့အောင်ရှောင်ပါမယ်ကွာ . . . . ခုလဲငါ့ကို. . . ခွင့်လွတ်ပါ""
""အေး. . . . ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ. . . သိန်းမောင်. .အဲ့ကောင်ကို တစ်သိန်းပေးလိုက်""
""ဟုတ်ကဲ့ . . . ကိုဖိုးတေ""
""အဲ့ဒါ. . .မင်အတွက်ဆေးဖိုး . . .ကျေနပ်လား. . . . ""
""ကျေ . . . ကျေနပ်ပါတယ်. . . ဖိုးတေ . . ကျေးဇူလည်းတင်ပါတယ်""
""မလိုဘူးဟရောင် . . .မင်းပြန်တော့""
""အေး. . .အေးပါကွာ. .""
""သိန်းမောင်......ငါ့တို့လည်းပြန်မယ်လာ"" ကျုပ်လည်သိန်းမောင်ကိုခေါ်ပြီးပြန်လာခဲ့တယ်ဗျ။သိန်းမောင်ကတော့ ကျုပ်ဖဲဝိုင်းကနိုင်လာတဲ့ပိုက်ဆံတွေကိုဖျင်း
ကြမ်းလွယ်အိတ်ထဲမှာထည့်ပြီ လွယ်လာတယ်ဗျ။ အိမ်ပြန်လာတဲ့လမ်းမှာနှစ်ယောက်သာအပြုံးကိုယ်စီနဲ့ပေါ့ဗျာ။
သိန်းမောင်ကဘာတွေတွေးပြီးပြုံးလာလည်တော့မသိဘူးဗျ။ကျုပ်ကတော့ပိုက်ဆံတွေမြင်လိုက်ရတဲ့အချိန်ပြုံးပျော်
နေမဲ့ကျုပ်မိန်းမမျက်နှာမြင်ရောင်ပြီးပြုံးနေတာဗျ။နှစ်ယောက်သားပြန်လာရင်တစ်နေရာရောက်တော့သိန်းမောင်က
"" ကိုဖိုးတေ""
""ဘာလဲ . ..သိန်းမောင်""
""ရှေ့မှာ ကိုအောင်ကြီးဆိုင်ဗျ......နည်းနည်းလောက်ကစ်ရအောင်ဗျာ""
""ငါဒီနေ့ ..သောက်ချင်စိတ်မရှိဘူးကွာ....နောက်နေ့မှသောက်""
လမ်းတစ်နေရာရောက်တော့ ကျုပ်ကောင် အုန်းမောင်ဗျ။ဘာတွေအရေးကြီးလို့လဲမသိဘူးကျုပ်တို့ဘက်
ပြေးလာနေတယ်။အံမယ်ဒီကောင်းက ကျုပ်တို့ကိုတောင်နူတ်မဆက်ဘူးကျော်ပြီးပြေးသွားသေးတယ်။
""အုန်းမောင်.....ဟကောင်း.....အုန်းမောင်!!!""
အုန်းမောင်ကကျုပ်ခေါ်တဲ့အသံကြာလို့ပြေးနေတာရပ်လိုက်တယ်ဗျ။
""ဘာလဲ......ဖိုးတေ""
""ဒီကိုလာအုံးခန..""
""ဘာလုပ်မလို့လဲ....ဖိုးတေရာ....ငါအရေးကြီးနေလို့ပါ""
""လျှာရှည်တာကွာ. . . .လာဆိုလာခဲ့""
""ပြဿနာပဲ......ဖိုးတေရာ""
အုန်းမောင်စိတ်ညစ်နေတဲ့မျက်နှာနဲ့ကျုပ်ဆီပြန်လှည့်လာတယ်ဗျ။
""ကဲ.....မြန်မြန်ပြောဖိုးတေ...ဘာလို့ငါခေါ်တာလဲ""
""မင်းကငါကိုတောင် မမြင်ဘူးဆိုတော့ဘာတွေအရေးကြီးနေလို့လဲ""
""အမေမူးလဲလို့......ဖိုးတေ""
""ဟာ!!!..ဟုတ်လား.....အခုဘယ်လိုနေသေးလဲကွ""
""ရွာထဲက ဆရာပြောတာကတော့ မန်လေးဆေးရုံအမြန်ပို့ပါတဲ့ ကွ.......ဒါကြောင့်အခု ရွာအရှေ့ပိုင်းက ကိုစံလှကား
သွားငှားမလို့""
""ဟာ. . . .အရီလေးက အဲ့လောက်ကို အခြေအနေဆိုးသလား. . . . . သိန်းမောင်. . . ငါကိုလွယ်အိတ်ပေး""
""ဟုတ်ကဲ့. . .ကိုဖိုးတေရော့""
""အုန်းမောင်ရော့. . . .ငါးသိန်းယူသွား..""
""ဖိုးတေ. . တ . . တကယ်ပေးတာလား. . .ဒါနောက်စရာမဟုတ်ဘူးနော်""
""အုန်းမောင်.....ငါဒီလိုကိစ္စနဲ့ပတ်သက်ပြီး ဘယ်နှစ်ခါနောက်ဖူးလဲ .....ပြီးတော့မင်းအမေဆိုတာ ငါ့ကိုသူ့သားနဲ့မခြား ဂရုတစိုက်ပြောဆိုဆုံးမပေးတယ်.....ဒါကြောင့်ငါ တတ်နိုင်တာလေးနဲ့ကူညီတာ""
""ကျေး......ကျေးဇူပါ...သူငယ်ချင်းရာ""
""လျှာရှည်တာကွာ...မြန်မြန်သွားတော့"
အုန်းမောင်လည်းကျုပ်ပေးလိုက်တဲ့ပိုက်ဆံယူပြီးရွာအ
ရှေ့ပိုင်းကိုပြေးထွက်သွားတယ်။ကျုပ်ကတော့ပြေးထွက်သွားတဲ့ အုန်းမောင်နောက်ကျောကိုကြည့်ပြီးပီတိဖြစ်နေ
တာပေါ့ဗျာ။
""သိန်းမောင်..ရော့......လွယ်အိတ်ပြန်လွယ်ခဲ့""
""ဟုတ်....ကိုဖိုးတေ""
ကျုပ်နဲ့သိန်းမောင်စကားတပြောပြောနဲ့လျှောက်လာ
လိုက်တာကျုပ်အိမ်ရှေ့ကိုဘယ်လိုရောက်လာမှန်မသိဘူးဗျ။
""မိန်းမရေ...မိန်းမ...!!ကိုတေ.......အချစ်ဆုံးလေးရေ""
""မသာကြီး.......ဘာတွေအရူးထအော်နေတာလဲ""
""ဟဲဟဲ....ချစ်ဆုံးလေးကလည်.....ကိုတေပျော်လို့ပါကွ""
""သိန်းမောင်...""
""ဗျာ.....အမ""
""မင်ဆရာ....လမ်းမှာ အပတွေဘာတွေမှိလာသလား""
""မမှီပါဘူး.....အမ""
""ဒါဆို....မင်ဆရာ..ဘာဖြစ်နေတာလဲ""
""ဟာ....ဒါတော့..ကျုပ်ဘယ်သိမလဲ....ဗျ""
""သိန်းမောင်.....မင်းအမကို လွယ်အိတ်ပေးလိုက်""
""ဟုတ်....အမရော့""
""ဘာတွေလဲ....ယောကျာ်း""
""သိချင်ရင်...ကြည့်လေကွာ""
ကျုပ်မိန်းမကမယုံဘူးဆိုတဲ့မျက်နှာပေးနဲ့လွယ်အိတ်ကို
ဖြဲကြည့်နေတယ်ဗျ။
""ယောကျာ်း......!!""
""ပြောဗျာ""
""ပိုက်ဆံတွေတော့....""
""ဟုတ်ရတယ်လေ...မိန်းမ""
""ဒီပိုက်ဆံတွေက...""
""ယောကျာ်း...ဖဲနိုင်လာတာ...အားလုံးပေါင်း နှစ်ဆယ်ကွ ..မိန်းမရ""
""ဟင်.....ဒီမှာကျ ဆယ့်လေးသိန်းထဲပါလားတော့""
""အော်....အဲဒါကဒီလိုမိန်းမ....ဖဲဝိုင်းမှာယောကျာ်းကိုဖဲလိမ်ရိုက်တဲ့ကောင်ဆုံးမလိုက်တာဆေးဖိုးတစ်သိန်းလျှော်ခဲ့
ရတယ်""
""ကျန်တဲ့ငါးသိန်းကရော""
""ကျန်တဲ့ငါးသိန်းက ယောကျာ်းအိမ်ပြန်လာရင်းလမ်းမှာအုန်းမောင်သူ့အမေမူးလဲလို့မန္တလေးဆေးရုံပိုဖို့ကားငှားနေတာတွေ့တာနဲ့ပိုက်ဆံ ငါးသိန်းကူညီလိုက်တယ်""
""အဲဒီအုန်းမောင်ဆိုတဲ့အကောင်က......တော်ကို ချောင်ရိုက်ဖူးတယ်လေ....ဒါကိုရှင့်က ကူညီခဲ့သေးတယ်ပေါ့""
""ဟာ...မိန်းမ..မင်မှားနေပြီကွ.....လောကကြီးမှာလူတွေက ကိုယ်ကတခြားသူကိုကူညီခဲ့တာကိုပဲ ဂုဏ်ဖော်ပြောကြ သတိရကြတယ်ကွ အဲ့ တခြားသူက ကိုယ့်အပေါ်ကူညီပေး ခဲ့တာကျေးဇူပြုဖူးတာကိုကြဘယ်သူ့
မှသတိမရကြဘူးကွ...မိန်းမကို ယောကျာ်းတစ်ခုမေးမယ်...""
""မေးတော်......မေး.....မေး""
""ငါတို့သားလေးမွေးတဲ့အချိန်မှာမိန်းမကိုဘယ်သူ့ကဆေးရုံပို့ပေးတာလဲ""
""ဒါများ.....တော်သူငယ်ချင်းအုန်းမောင်လေး""
""ပြီးတော့မိန်းမ မွေးခန်းထဲအရေးပေါ်သွေးလိုအပ်တော့ဘယ်သူကသွေလှူ ပေးခဲ့တာလဲ ""
""အုန်းမောင်လေ....""
""အဲ့ဒါပြောတာ ငါမိန်းမ......မိန်းမတို့သားအမိ နှစ်ယောက်ပေါ်မှာအုန်းမောင်ကျေးဇူးတွေရှိတယ်...ဟိုတခါယောကျာ်း
ကိုချောင်းရိုက်တုန်းကလည်း အမှန်တကယ်ကမရိုက်ဖြစ်ပါဘူး ...ယောကျာ်းရှင်းပြလိုက်လို့ သူပြန်သွားတယ်""
""မိန်းမမှားပါတယ်ယောကျာ်း""
""ဒါမှ ကိုတေမိန်းမကွ....လူဆိုတာတစ်ပါးသူရဲ့အမှားကိုမကြည့်ရဘူးကိုယ့်အမှားကိုလည်းသိအောင်လုပ်သိရင်ပြု
ပြင်နိုင်အောင်ကြိုးစားရတယ်""
""မိန်းမသိပါပြီယောကျာ်း""
""ဒါမှကိုကိုတေ.......အချစ်ဆုံးလေးကွ.......နာပါအုံးအနားကို""
""ဟုတ်ကဲ့ကိုကို.....အဲ့သိန်းမောင်ရှိတယ်တော့.....ရှက်လိုက်တာ""
""ဟားးးးးးးး!!!အမ....ကျုပ်ဘာမှမမြင်ဘူးနော်.....ကဲကိုဖိုးတေ.....ကျုပ်ပြန်တော့မယ်""
""နေအုံး..သိန်းမောင်...ခဏလေး....မိန်းမ..သိန်းမောင်ကိုမုန့်ဖိုပေးလိုက်ပါအုံး ..သူ့ကြောင့်ယောကျာ်းဓါးနဲ့အထိုးမခံ
ရတာဗျ""
""ဘယ်လောက်ပေးလိုက်ရမလဲယောကျာ်း ""
""ပိုက်ဆံတွေကမိန်းမစီမှာလေ...မိန်းမပေးချင်သလောက်ပေးလိုက်""
""သိန်းမောင်ရော့.....မုန့်ဖိုနှစ်သိန်း...""
""ဟာ...တကယ်လားအမ.....ကျေးဇူတင်လိုက်တာဗျာ""
""ရပါတယ်ဟယ်....နင့်ကငါ့ယောကျာ်းအသက်ကိုကယ်ခဲ့တာလေ""
""ကျုပ်ပြန်တော့မယ်ကိုဖိုးတေ""
""အေး...ဒါနဲ့မနက်ဖြန်နေ့လယ်ကြမင်းရွာဘက် ကြက်ဝိုင်းရှိတယ် .....မင်းလိုက်မလားသိန်းမောင်""
""လိုက်မှာပေါ့ဗျ....ကျုပ်ထွက်ခဲ့မယ်""
အဲ့ဒါနဲ့သိန်းမောင်လည်းပြန်သွားတော့
ကျုပ်မိန်းမကအိမ်ပေါ်တက်ပြီးပိုက်ဆံတွေသိမ်းတယ်ကျုပ်ကတော့ရေချိုးဖို့အတွက်အိမ်နောက်ဖက်ကိုထွက်လာခဲ့
တယ်။
နောက်နေ့မနက်ကြကျုပ်လည်းနွားစာရိတ်ဖို့အတွက်
မြောက်အင်းဘက်ကိုထွက်လာခဲ့တယ်ဗျ။အော်ဒါနဲ့ကျုပ်နေတဲ့
ရွာအနေအထားပြောရအုံးမယ်ဗျ။ကျုပ်နေတဲ့ရွာနာမည်က အမရပူရမြို့နယ်အတွင်းကမုတ်ပုလဲဆိုတဲ့ရွာလေးပါ။
ကျုပ်တို့ရွာမြောက်ဘက်မှာတော့ပြင်ဦးလွင်ကိုသွားတဲ့ကားလမ်းမကြီးရှိတယ်ဗျ။ကားလမ်းမကြီးတစ်ဖက်မှာတော့
မန္တလေးစွယ်တော်ဘုရားရှိတယ်ဗျ။ရွာအနောက်ဘက်မှာရန်ကုန်-မန္တလေးကားလမ်းမကြီးရှိတယ်ဗျ။ ရွာတောင်
ဘက်မှာတော့ဒုထ္ထဝတီမြစ်လို့ ခေါ်တဲ့မြစ်ငယ်မြစ်ရှိတယ်ဗျ။ ရွာအရှေ့ဘက်မှာကမင်းရွာလို့ခေါ်တဲ့ ရွာတစ်ရွာရှိ
တယ်။အဲ့ တစ်ခုကျန်နေလို့ဗျ ကျုပ်တို့ရွာအရှေ့တောင်ဘက်
မှာကအင်းကုန်းရွာဆိုပြီးတော့ရှိတယ်ဗျ။ အဲ့ဒီအင်းကုန်းရွာဘက်မှာ အင်းနှစ်အင်းရှိတယ်ဗျ။တောင်ဘက်မှာရှိတဲ့အင်းကိုတောင်အင်းမြောက်ဘက်မှာရှိတဲ့အင်းကိုကြမြောက်အင်းလို့ခေါ်သ
ဗျ။ကျုပ်အခုနွားစာသွားရိတ်မှာကမြောက်အင်းဘက်ကိုဗျ။မြင်းစာအတွက်ကတော့ပဲရိုးဝယ်ကျွေးတယ်ဗျ။ခိုင်နွားနဲ့
နို့စားနွားအတွက်ကတော့မြောက်အင်းဘက်မှာကိုယ်အစုနဲ့ကို လာရိတ်ကြတယ်။တချို့ကတော့ကောက်ရိုးထုံး ဝယ်
ကျွေးကြတယ်ဗျ။ကျုပ်လည်းနွားစာရိတ်ဖို့အတွက်အိမ်ကနေထွက်ရှိသေးတယ်ဗျဟိုကောင်သိန်းမောင်ပေါ့ဗျာကျုပ်
အိမ်ဘက်ကိုကာယားကာယားနဲ့လျှှောက်လာတာမြင်တာနဲ့ကျုပ်လည်းအိမ်ရှေ့ကရပ်စောင့်နေရတယ်ဗျ။
""ကိုဖိုးတေ....ဘယ်သွားမလို့လဲဗျ""
""အိမ်မှာနွားစာပြတ်တော့မယ်ကွ.....အဲ့ဒါမြောက်အင်းဘက်နွားစာသွားရိတ်မလို့""
"" ဟာ...ဒါဆိုကျုပ်လည်လိုက်ခဲ့မယ်ဗျာ""
""ဟကောင်ရ.....မင်းအိမ်က အလုပ်တွေရောပြီးပြီလားကွာ""
""ပြီးခဲ့ပြီဗျ.....ကျုပ်ကိုခေါ်ပါဗျ""
""ဒီလောက်တောင်ရှိတာ....လိုက်ခဲ့ကွား""
""အဲဒီလိုလုပ်ပါ......ကိုဖိုးတေရ""
အဲဒီလိုနဲ့ကျုပ်နဲ့သိန်းမောင်နွားစာရိတ်ဖို့အတွက်မြော
က်အင်းဘက်ကိုထွက်ခဲ့ကြတယ်။ ကျုပ်တို့နှစ်ယောက်ရောက်
တော့ကိုယ်တွေထက်စောတဲ့သူတွေကအများကြီးဗျ။အဲဒါနဲ့
ကျုပ်တို့နှစ်ယောက်သာနွားစာမြန်မြန်ရိတ်ပြီး အိမ်ပြန်လာခဲ့
ကြတယ်ဗျာ။နွားစာမြတ်ထုံးကို နွားစာစဉ်းတဲ့ခုံနားချပြီးဆရာ
တပည့်နှစ်ယောက်အိမ်ရှေ့ကိုထွက်ခဲ့ကြတယ်။
""ကိုဖိုးတေ....ကျုပ်ထမင်းပြန်စားလိုက်အုံးမယ်....ကျုပ်စောင့်အုံးနော်""
""ဘယ်ပြန်မှာလဲ.....မပြန်နဲ့......ဒီမှာပဲစား....ဒီနေ့ဆွမ်းအုပ်ကျတယ်ကွ..မင်အမဘာချက်လဲမသိဘူး""
""ကျုပ်မစားတော့ဘူးကိုဖိုးတေ.""
""လျှာရှည်တာကွာ...ငါကစားဆိုစားမှကြိုက်တာ.....ထပ်ပြောရင်စောင့်ကန်လိုက်မှာ""
""ဟုတ်....ဟုတ်ကဲ့ကိုဖိုးတေ""
""မိန်းမရေ.....မိန်းမ!!!""
""ယောကျာ်းဘာတုန်း.....ဒီမှာကလေးသိပ်နေတာ""
""သားအိပ်ရင်ယောကျာ်းနဲ့သိန်းမောင်စားဖို့ထမင်းဝိုင်းပြင်ထားလိုက်အုံး""
""ပြင်ထားလိုက်မယ်ယောကျာ်းရေ""
ကျုပ်နဲ့သိန်းမောင်လည်းမိန်းမပြင်ပေးထားတဲ့ထမင်းဝိုင်း
မှာဆာဆာနဲ့နှစ်ယောက်သာတော်တော်များများစားလိုက်တယ်ဗျ။
ဟင်းကဝက်သားကိုပုန်းရည်ကြီးနဲ့ချက်တာကတစ်ခွက်
ချဉ်ပေါင်ရွက်ကိုငရုတ်သီးနဲ့စပ်ချဉ်ချက်ထားတာကတစ်ခွက်
ငရုတ်သီးနဲ့သရက်ကင်းရောထောင်းထားတာကပါသေးသဗျ
ခင်ဗျားတို့ပဲစဉ်းစားကြည့်တော့ဗျာဘယ်လောက်စားကောင်းလိုက်မလဲလို့။
နှစ်ယောက်သားထမင်းစားပြီးတော့အိမ်ရှေ့ကကွင်ပြစ်ပေါ်မှာတရေးတမောအိပ်တယ်
အိပ်ရာကနိူးတော့ရေချိုးပြီးကြက်ဝိုင်းရှိတဲ့မင်းရွာဘက်ကိုထွက်လာခဲ့ကြတယ်ဗျ။
ကျုပ်တို့ရောက်တော့ကြက်ဝိုင်းကတော်တော်ကောင်းနေပြီဗျ။
""ဟာ.....မုတ်ပုလဲက....ဖိုက်တာဖိုးတေ....လာပြီဟေး""
""ကိုသာလှ....ဝိုင်းကတော်တော်လေးကောင်းနေမှပဲ""
""ကောင်းဆို....ဖိုးတေရာ....မန်လေးကလူတွေပါလာကြတာကွ""
""ဟုတ်လား....ပွဲကမိုက်ပြီဗျ""
""အေး.......မင်းဒီပွဲ...လိုက်အုံးမှာလား""
""နောက်ပွဲလိုက်မယ်....ကိုသာလှ""
ကျုပ်လည်းနောက်တစ်ပွဲကစလောင်းတာ
ဖိုးတေလောင်းကစားအကျိုးပေးချက်ဗျာကြက်ဝိုင်းသိမ်းတော့ကျုပ်လက်ထည်းမှာငါးပုံကျော်ကျော်ရနေပြီဗျ။ကြက်
ဝိုင်းကအပြန်ဆရာတပည်နှစ်ယောက်မင်းရွာကချက်အရက်ဆိုင် ဝင်ပြီးကစ်ကြသေးသဗျ။အရက်ဆိုင်ကအထွက်
မှာမင်းရွာသားကျုပ်သူငယ်ချင်းသာအေးနဲ့လမ်းမှာတွေ့သဗျ။
""သာအေး......မင်လက်ထဲက ဘာသားတွေလဲဟ""
""ဝက်သားတွေရွာအရှေ့ပိုင်းသွားရောင်မလို့ကွ""
""ဒါဆိုသွားမရောင်းနဲ့တော့ .....ငါယူလိုက်မယ်သာအေး""
""ဟန့ကျတာပေါ့ကွာ....ရော့ဖိုးတေ""
ကျုပ်နဲ့သိန်းမောင်ချက်အရက်တစ်လုံးစီလက်က
ကိုင်တစ်ဘက်ကသာအေးစီကဝယ်လာတဲ့ဝက်သားတွဲတစ်ယောက်တစ်တွဲစီ ဆွဲပြီးသီချင်းတအေးအေးနဲ့ကျုပ်တို့
နေတဲ့ရွာဘက်ကိုချီတက်လာခဲ့ကြတယ်။
🎵ကိုကြီးကျော်....🎵ကိုကြီးကျော်.....🎵🎵
🎵တို့ကိုကြီးကျော်....တို့ဖေကြီးကျော်🎵
🎵ထူးလည်ထူးတဲ့...မူးလည်းမူးတဲ့.....တို့ဖေကြီးကျော်🎵🎵
🎵🎵အရက်သမားမှန်ရင်နော်ဗျာ....ယှဉ်ပြိုင်ကာသောက်
လိုက်ခြင်းတယ်...🎵ကြက်သမား မှန်ရင်နော်ဗျာ....ယှဉ်ပြိုင်
ကာတိုက်လိုက်ခြင်းတယ်🎵🎵
🎵ကြက်ကြော်....အရက်အဖော်.......🎵
""အူး.....ဝူးးးးးးး!!!""
""ကိုဖိုးတေ....""
""ဘာလဲကွား....ခွီးတဲ့မှသီချင်းဆိုတာဖီးငုတ်တယ်""
""ခွေးတွေအူနေတယ်....ကိုဖိုးတေ""
""ဟကောင်းရ.....ခွေးပါဆိုအူးမယ်ဟောင်မယ်လေကွာ""
""ဟာ...ကိုဖိုးတေကလဲဗျာ ဒီနယ်သား မဟုတ်တာကြနေတာပဲ""
""ပြောပါအုံးဗျ""
""ဒီနေရာက ကြမ်းတယ်လေဗျာ.....ပြီးတော့ကျုပ်တို့မှာဝက်သားတွေရောပါလာတယ်ဗျ""
""ဟကောင်း....မင်ကကြောက်နေတာလားကွ.....မင်းဆရာဖိုးတေပါတယ်ဘယ်သရဲတစ္ဆေမှ...သောက်ဂရုမစိုက်ဘူးရှင်းလား""
""ဟာ...ဆရာဖိုးတေကတော့လုပ်ပြီဗျာ""
""တော်တော့ကွာ.....ဆိုနေတဲ့သီချင်းတောင်ဘယ်ရောက်
သွားမှန်မသိဘူးကွာ....အဲ့.........
🎵ကြက်ကြော်.....အရက်အဖော်......အမြည်းတွေကစုံပါသ
နော်.....🎵ကျော်......ကျော်.....ပုလင်းကို...ကိုင်ဆွဲ......
""ရှပ်.....ရှပ်.....ရှပ်!!!"
""ကို...ကိုဖိုးတေ"'
""ဟာ.....ဘာလဲကွာ....ခွီးတဲ့မှ""
""ကျုပ်တို့နောက်က....ခြေသံကြားတယ်ဗျ""
""ဟာ....ဒီလောက်တောင်ရှိတာ......ကဲဒီနားမှာရှိတဲ့.....သရဲတစ္ဆေတွေရော....နောက်ကလိုက်လာတဲ့အကောင်ရော
ငါတို့မှာပါတဲ့ဝက်သား စားချင်တယ်ဆိုရင်ကိုယ်ထင်ပြဟေး....ခွီးတဲ့....အသံမပေးနဲ့ငါကိုလာစား""
""ဝုန်းး.....ဝုန်းးး!!""
""ဟာ...ကိုဖိုးတေ.....အပင်ပေါ်ကခုန်ချလာတယ်.....ဘာကောင်တွေလဲမသိဘူး""
""ဗိုက်ဆာတယ် ..........ဗိုက်ဆာတယ်!!!""
""ဟာ.....သိန်းမောင်ရေတကယ်ပြတယ်ဟ....""
""ဟုတ်တယ်ကိုဖိုးတေ.....လုပ်ပါအုံးဗျ.....ကျုပ်တို့ဘက်လာနေပြီဗျ""
""ခဲနဲ့ပြစ်ကွာ..သိန်းမောင်""
""ကျုပ်....ကျုပ်ကဘယ်ကောင်ကိုပစ်ရမှာလဲဗျ""
""ဟာဒီကောင်....မင်ယောက်ဖလို့ထင်တဲ့အကောင်ကိုပစ်ကွာ....ငလူးဒပက်""
""ရော့ကွာ........ရော့ကွာ""
""ဝီး......ဝီးး!!""
""ဖုန်းးးး......ဖုန်းးးး!!""
""ကိုဖိုးတေ.....မရဘူးဗျ.....ရှေ့တိုးလာနေပြီဗျ""
""အေး.....ငါမြင်တယ်သိန်းမောင်......""
""ကျုပ်တို့ဘာဆက်လုပ်ကြမလဲ...ကိုဖိုးတေ""
""ဘာလုပ်ရမှာလဲဟ.....ပြေးဖို့ရှိတော့တာ...ပြေးဟ""
ကျုပ်တို့ရောက်နေတဲ့နေရာကမင်းရွာနဲ့ကျုပ်တို့ရွာကြား ကမန်ကျည်းတန်းမှာဗျ။အဲနေရာက တော်တော်နာမည်ကြီး
တဲ့နေရာဗျို။အဲနေရာကို ညနေဘက်နေရောင်ပျောက်ပြီဆို
တာနဲ့တော်ရုံလူမဖြတ်ရဲကြဘူးဗျ။အဲဒီလိုနေရာကိုမှကျုပ်က
စိန်သွားခေါ်မိတာလေဗျာခုတော့နှစ်ယောက်သားအမောဆို့
အောင်ပြေးနေရပြီးဗျို။
""ဟောဟဲး......ကို.......ဟောဟဲ...ကိုဖိုးတေ""
""ဘာလဲကွာ....ဟူးးး""
""ကျုပ်တို့မှာပါလာတဲ့....ဝက်သားတွဲချပေးခဲ့ရအောင်ဗျာ""
""ဟာ..နှမျှောစရာကြီးကွာ..""
""ချမပေးရင်..ကျုပ်တို့နောက်ဆက်လိုက်လာမှာဗျ""
""ဒါဆိုရင်....မင်းလက်ထဲကအတွဲပစ်ပေးခဲ့ကွာ""
""ရော့ကွာ.............!!!""
""ဖုန်းးးး.....""
""မင်းတို့စားချင်တာကျွေးခဲ့ပြီး....ငါတို့နောက်မလိုက်နဲ့တော့""
သိန်းမောင်ကသူ့လက်ထဲကဝက်သားတွဲကို ပစ်ကျွေးခဲ့ တာဗျို။ နောက်ကလိုက်လာတဲ့ အကောင်သုံးကောင်းဝက်သားတွဲဘက်အာရုံရောက်နေတုန်ကျုပ်တို့နှစ်ယောက်လည်း ရှေ့ဆက်ပြေးတာပေါ့ဗျာ။ခပ်လှမ်းလှမ်းရောက်တော့သိန်းမောင်ကနောက်လှည့်ကြည့်ရောဗျ။
""ကိုဖိုးတေ""
""ဘာလဲကွာ.....မောရတဲ့အထဲ.....မင်ကတမျိုး""
""နောက်......နောက်မှာ...ပါလာသေးတယ်....ကိုဖိုးတေ""
""ဟာ.....ဟုတ်လားဟ.....ဒါဆိုငါစီကဟာပါ ပစ်ကျွေးခဲ့မယ်""
""ဝီွးးးးး......!!!""
""ဖုန်းးးး....!!""
""သိန်းမောင်....""
""ဗျာ.....ကိုဖိုးတေ""
""ဆက်ပြေးဟ....ရပ်မနေနဲ့.....နာခြင်ရင်ရှေ့နားမှ နားတော့""
""ဟုတ်ကဲ့""
ကျုပ်တို့နှစ်ယောက်တော်တော်မောနေပြီဗျာ။ဒါပေမဲ့မ နားရဲဘူးဗျ။ ရွာဦးစေတီကိုတောင်လှမ်းမြင် ရတဲ့နေရာ ရောက်တော့မှ နှစ်ယောက်သားအမောဖြေကြရတယ်။ရှေ့ ဆက်ပြီးမပြေးနိုင်တော့ဘူးဗျ နှစ်ယောက်သာတစ်ကိုယ်လုံးမှာ ချွေးတွေနဲ့ ရွှဲးလို့ဗျ။
""ဟူး.....အမလေး.....စောလမွန် လို့သေပါလိပ်မယ်.....ဟူးးးးး""
""ကိုဖိုးတေက ....သွားပြီးစိန်ခေါ်တာကိုဗျ....""
""မသိဘူးလေကွာ....ငါလည်းမူးမူးနဲ့လျှောက်ပြောလိုက်တာ ခုတော့သောက်ထားတာတွေ တောင် ဘယ်ရောက်
သွားမှန်းသိဘူး
""ကိုဖိုးတေ....ရော့ ...ကျုပ် လွယ်အိတ်ထဲမှာ တစ်လုံးကျန်သေးတယ်...အမောပြေ...နည်းနည်းကစ်လိုက်.""
""ပေးကွာ...""
""အူးးးး.....ဝူးးးးးး!!!""
""ဟီးးးး......ဟီးးးး!!""
""သိန်းမောင်.....ရွာဦးစေတီဘက်ပြေးတော့ဟ""
ကျုပ်လည်းတော်တော်ကြောက်နေပြီဗျသိန်းမောင်တော့ပြော မနေနဲ့ဗျိုကြောက်လို့သေးတောင်ပါတယ်ဗျ။
ကျုပ်ကလည်းကျုပ်ကို သွားပြီးခွင့်ပေးသလို့စိန်ခေါ်သလိုပြော မိတာဆိုတော့ ကျုပ်နောက်လိုက်လာ တာဗျ။ နှစ်ယောက် သား ရွာဦးစေတီ တော် ဘက်ကို စွတ်ပြေး တော့တာပေါ့ဗျာ။ နောက်ကလိုက်လာတဲ့ အကောင်တွေကကျုပ်တို့နဲ့ တဖြည်းဖြည်းချင်းနီးလာပြီဗျ။
""ဟားးးးး......ဟားးးးးး!!!""
""ပြေးလို့လွတ်မလားကွ......ဟားးးးးး!!""
""ကို...ကို...ဟောဟဲး.....ဖိုးတေ.....ဟောဟဲး......ကျုပ်မပြေးနိုင်တော့ဘူးဗျ....ကျုပ်ကိုထားပြီးပြေးတော့""
""သိန်းမောင်......ဟောဟဲ......မင်းယောကျာ်း .....မဟုတ်ဘူးလား""
""ယောကျာ်း .....တော့ ယောကျာ်းပေါ့ဗျာ ....ခုဟာက တော်တော်လေးမောနေပြီဗျ""
"""သိန်းမောင်....ငါမေ့နေတာကွ ရွာဦးစေတီမှာပဋ္ဌာန်းပွဲအ တွက် အစည်းအဝေး ရှိတယ်ကွ ....အားတင်ပြီးပြေးပါကွ""
ကျုပ်တို့နှစ်ယောက်မောမောနဲ့ပြေးလာတာ ရွာဦးစေတီမုတ်ပေါက်က လက်သမားဂူစေတီတော်ဆိုတဲ့ စာကိုမြင်တော့ စေတီရှိတဲ့နေရာအမြန်ရောက် အောင်ပြေး လာတာပေါ့ဗျာ။ ဒါနဲ့ဘုရားဘွဲ့တော်ကို သိခြင်ကြမှာပေါ့ အမတော် စောမွန်လှ ကောင်းမှုဖြစ်ပြီးရွှေစာရံဘုရား တည်ထားနေစဉ်မှာ ပါဝင်ကြတဲ့ လက်သမားဆရာတွေက မြတ်စွာဘုရားကို ကြည် ညိုကြလွန်းလို့ သူတို့ရပ်ရွာရောက်တဲ့အခါ တည်ထားဖို့ ဘုရား ဌာပနာအချို့ကို ခိုးယူပြီးတော့ ထွက်ပြေးလာကြရင် ယခု လက်သမားဂူဘုရား တည်ထားတဲ့နေရာအရောက်မှာ ပုန်းခိုနေခဲ့ကြတယ်ဗျ။ နောက်ကလိုက်လာတဲ့ ရဲမက်တွေ ကျော်လွန်သွားတော့မှ လက်သမားဆရာတွေဟာ ရှေ့
ကိုခရီးဆက်ဖို့ အတွက် ပြင်ဆင်ကြတဲ့အချိန်မှာ ခိုးယူလာတဲ့ ဌာပနာတွေက တန်ခိုး ပြတော့ တပ်သိနားလည်တဲ့ လက်သမားဆရာတစ်ယောက်က ဌာပနာတော် က ဤနေရာမှာ ကိန်းဝပ်စံပါတယ်တော် မူခြင် လို့နေမှာဆိုပြီးတော့ယခု လက်သမားဂူ ဘုရားလို့ ဝေနေယျသတ္တဝါအပေါင်း ဖူးမြော်နေကြတဲ့နေရာမှာ ဘုရား တစ်ဆူတည်ထားခဲ့ပါတယ်။
""ဟားးးးး..... ဟားးးးးး!!""
""လွတ်အောင် ပြေးကွ......၊ဟားးးး""
""သိန်းမောင် ပြေးထား နီးနေပြီ""
နှစ်ယောက်သား ရှိသမျှအားနဲ့ ပြေးလာလိုက်တာ ရွာဦးစေတီ ပရဝဏ် ထည့်ရောက်ပြီးဆိုတော့မှ စိတ်လျှော့
လိုက်တာ အမောဆို့ပြီး မေ့သွားကြတယ်ဗျာ။
"ဘကြီးသာခင် .....မြန်မြန်လာပါဗျ .....စောနကပြေးလာတဲ့အသံ ဘုရားအရှေ့ဘက်ကကြာလို့""
""ငါလဲလာနေတယ်လေကွာ......ခွီးတဲ့ ဒီထက်မြန်မြန် လျှောက်လို့ မရဘူးကွ""
""ဘကြီးသာခင် ရှေ့မှာ လူနှစ်ယောက် လှဲနေတယ်ဗျ""
""ဟာ ...ဟုတ်လား...ဒါဆိုမြန်မြန်သွားကြည့်စမ်း""
""ဟုတ်ကဲ့""
ကိုမင်းသူက ကျုပ်တို့နှစ်ယောက်လဲနေရာ ကို အမြန်ပြေးလာတယ်ဗျ။ ဘကြီးခင်က လူကြီးဆိုတော့ တဖြည်းဖြည်းချင်း လာနေရတာပေါ့ဗျာ။
""ဘကြီးခင်၊......ဖိုးတေနဲ့ သိန်းမောင်ဗျ....ခေါ်လို့လဲမရဘူး""
""ဟာ.....ဒါဆိုရင် ဘုရားပေါ်က လူတွေရော ဆရာတော်ကိုပါ အကျိုးအကြောင်းလျှောက်ပြီးပင့်ခဲ့.....မြန်မြန် သွား""
""ဟုတ်ကဲ့......ဘကြီးက သူတို့ကို ကြည့်ထားပေး""
""ေအးပါ""
ဘကြီးခင်က ကျုပ်တို့နှစ်ယောက်ကို သတိရအောင် အမျိုးမျိုးကြိုးစားကြည့်တယ်ဗျာ မရတော့ အလျှော့ပေးပြီး ထိုင်နေတော့တာပေါ့။ခဏနေတော့ ရွာသူရွာသားတွေနဲ့ အသောကရုံကျောင်းဆရာတော်ပါကြွ
လာတယ်ဗျ။
""လူတွေ....ဝိုင်းအုံမနေကြနဲ့ ဆရာတော် ကြည့်လိမ့်မယ်""
""ဒကာလေးမင်းသူ ..ဘုန်းကြီးပေးလိုက်တဲ့ပုလင်းပေးပါကွယ်...""
""တင်ပါ့.....ဒီမှာပါဘုရား""
ဆရာတော်က ပုလင်းထဲက ရေတွေနဲ့ ကျုပ်တို့နှစ်ယောက်ခေါင်းကို သပ်ချပေးတယ်ပြီးတော့ ပါးစပ် ထဲကိုနည်းနည်းလောက် ဝင်အောင်တိုက်တယ်ဗျ။ပြီးမှ ကျုပ်တို့နှစ်ယောက်ခေါင်းကိုကိုင်ပြီး ရတနသုတ်နဲ့ မေတ္တာ သုတ်ရွတ်ဖတ်ပေးတယ်။
""ဆရာတော်ဘုရား ....သူတို့နှစ်ယောက်က သေသွားပြီလားဘုရား""
""မသေပါဘူး... ဒကာကြီး.. ကြောက်စရာတခုခုကြောင့်ရော အမောဆို့တာ ရောနဲ့ သတိ မေ့သွားတာပါ ခဏနေရင်
သတိရလာမှာပါ""
""အင်း......အင်းး!!""
""ဟောသတိရလာပြီ.... ထူပေးလိုက်ကြပါ ဒကာတို့""
""ရေပးပါ ....ရေပေးပါ.....""
""ဖိုးတေ....ရော့ ...ဖြည်းဖြည်းချင်းသောက် ...သိန်းမောင် ကိုရော ရေတိုက်လိုက်ကြပါဟ""
""သရဲ.....သရဲ......အားးးးးး!!""
""သိန်းမောင်...... သိန်းမောင်""
""ဟင့်၊......ဟင့်""
""သိန်းမောင်.... သတိထားစမ်း.....သိန်းမောင်.....သတိထား""
""ကျုပ်..... ကျုပ်တို့..နောက်ကို သရဲတွေလိုက်လာတယ်ဗျ.... ကျုပ်ကြောက်တယ်..... ကြောက်တယ်""
""ဒကာလေး...... သိန်းမောင်..... မကြောက်နဲ့၊..... ဘုန်းကြီး တို့လဲရှိတယ်.... ရော့ ဒီပရိတ်ရေ လေးသောက်လိုက်""
""ကဲ.....ဖိုးတေ.... ဘယ်လိုဖြစ်လာလဲဆိုတာ .... အသေးစိတ်ကအစ ဘုန်းကြီးကို ပြော""
""တင်ပါ့.....ဒီလိုပါဘုရား...?.#...$...¥...&......အဲဒီလို့နဲ့ ဘုရား ထဲရောက်တော့ တပည်တော် တို့လည်း ဘာမှမသိ
တော့ဘူး ဘုရား""
""တယ်မိုက်တဲ့ ..... ဒကာပဲ ....တော်သေးဒါပေါ့ ..... အသက် အန္တရာယ် မဖြစ်သွားလို့..... မယုံကြည့်ရင်နေပါ ... စိန်ခေါ် သလိုသွားမလုပ်ပါနဲ့.... ပြီးတော့ ဒကဖိုးတေက ခွင့်ပေးသလို ပါဖြစ်သွားတော့ နောက်က လိုက်တာပေါ့""
""တင်ပါ့ဘုရား၊......ဒီတစ်ခါနဲ့တင် ..... တပည်တော် မှတ်သွားပါပြီ ဘုရား""
"" တော်တော်ဆိုးတဲ့ .... ဖိုးတေ ကွာ မသေကောင်း မပျောက်ကောင်း""
""ကဲကဲ .... သူကြီး ..... သူတို့နှစ်ယောက်ကို ..... ဒီည ကျောင်း မှာ အိပ်ခိုင်းလိုက်မယ်.... သူတို့မိသားစုတွေကို သူကြီးကပဲ အကြောင်းကြာပေးပါ""
""တင်ပါ့ ဘုရား""
ဒီလိုနဲ့ အသောကရုံ ကျောင်းမှာ နှစ်ယောက်သား အိပ်လိုက်ရတာပေါ့ဗျာ ။ သိန်းမောင်ကို တော့ ဆရာတော် က စိတ်မချလို့ ဦးဇင် နှစ်ပါး ကို စောင့်ကြည့် ခိုင်ထား ရတယ်ဗျ။ နောက်နေ့က စပြီး ကျုပ်လည်း ဘယ်မှ
ကို မသွားဖြစ်ဘူးဗျာ။ သိန်းမောင်ကတော့ ကြောက်အား ကြီးပြီး တစ်ပတ်လောက် ဖျားတယ်ဗျ။ ကျုပ်လည်း တော်တော် ကြောက်သွားတယ်ဗျို။ ဒီလိုနဲ့ နှစ်လလောက် နေတော့ ကျုပ်ခရီးထွက်စရာ ကိစ္စ တခု ပေါ်လာရောဗျ။ကျုပ်
က ဖဲရိုက် ကြက်တိုက်တာ အပြင် မြင်း ရော နွားရော လောင်းတယ်ဗျ။ ဒါကြောင့် မြစ်ခြေ နယ်ဘက်မှာ မြင်းပြိုင်ပွဲ
ရှိလို့ သိန်းမောင်နဲ့ အတူ ပြိုင်ပွဲဝင်ဖို့အတွက် ထွက်လားခဲ့တယ်ဗျ။ မြစ်ခြေ ရောက်တော့ ကျုပ်တို့ဆရာ တပည် တည်းခို တဲ့ အိမ်က အိမ်ရှင်တွေက တော်တော်သဘောကောင်း တယ်ဗျ။ ဒီလိုနဲ့ ပြိုင်ပွဲ နေ့ရောက်တော့ ကျုပ်မြင်း
မလေး မိညိုက တတိယဆုရတော့ ပျော်တာ ပြော မပြတတ်အောင် ကိုဗျာ။ မြင်းပြိုင်ပွဲပြီးတော့ ကျုပ်တို့လည်း ပြန်
လာခဲ့ကြတယ်ဗျ။
အိမ်ပြန်ရောက်တော့ မိန်းမ နေမကောင်းဖြစ် နေတာနဲ့ ဘယ်မှကို မထွက်ဖြစ်ဘူးဗျ။ကျုပ်ကောင်သိန်း မောင် ကတော့ နေ့တိုင်းကျုပ်စီလာပါတယ်။ တစ်ရက်ကြ ကျုပ်တို့ရွာ အရှေ့ဘက်နာက စာကလေးအင်းဘက်မှာ
ကြက်ဝိုင်း အကြီးအကျယ်ရှိတယ်ကြာတော့ ပိုးကမနေနိုင် ဘူးဗျ။ သိန်းမောင်ကို အဖော်ခေါ်ပြီးသွားဖို သိန်းမောင် အိမ်ရှိရာကို ထွက်လာခဲ့တယ်။
""သိန်းမောင် ရေ........ သိန်းမောင် .!!!""
""ဗျာ.... ကိုဖိုးတေ ....... ကျုပ် နွားချေးကျုံးနေတာ ဝင်ခဲ့ဗျ"
""အေးအေး ...... လာပြီ""
"" ကိုဖိုးတေ ..... ကိစ္စရှိလို့လားဗျ""
""ကိစ္စ ရှိဆို ... နေ့လယ်ကျ စာကလေး အင်းဘက်မှာ ကြက်ဝိုင်းရှိတယ် ငါသွားမလို့ အဲ့ဒါ မင်းလိုက်မလားဆိုပြီးလာ
မေးတာကွ""
""မိုးချုပ်အောင် မနေဘူးဆို ရင်တော့ လိုက်ခဲ့ မယ်""
""မေနပါဘူးကွာ ""
""ဒါဆိုရင်..... ကျုပ်လိုက်မယ့်ဗျာ ""
""လိုက်မယ်ဆို နေ့လယ်ကျ ငါအိမ်ဘက် ထွက်ခဲ့""
"" ဟုတ်ကဲ့ .... ကိုဖိုးတေ ""
သိန်းမောင်အိမ်က အပြန် လမ်းမှာ အုန်းမောင်နဲ့တွေ့တော့ သူကနေ့လယ်ဘက် ကြက်ဝိုင်း သွားမလို့ လိုက်မလားတဲ့ ကျုပ်အတွက် အဖော် တစ်ယောက်ထပ်တိုး တာပေါ့ဗျာ။ ကျုပ်လည်အိမ်ပြန်ရာက် မနက်ပိုင်းလုပ်စရာရှိတဲ့ အိမ် အလုပ်တွေလုပ်ပြီး ကြက်ဝိုင်းသွားဖို့ ဟိုနှစ်ကောင်ကို စောင့်နေတာပေါ့ဗျာ။
""ကိုဖိုးတေ....ငတေရေ!!"
"ဟကောင်တွေ ..... မင်းတို့စောင့်နေတာကွ""
""ကျုပ်က အစောကြီးထွက်လာတာဗျ .... ကိုအုန်းမောင် ကို ဝင်ခေါ်နေတာနဲ့ ကြာနေတာ""
""အောင်မလေး .... သိန်းမောင်ရာ .... ငါလွှဲ မချပါနဲ့ မင်ဟာမင်း ရွာထဲက ထွေးခင် ကို ရည်းစားစကား လိုက်ပြော
နေတာ ဖိုတေရ""
""ဟာ .... ကိုအုန်းမောင်က အချွန်နဲ့ မပြီဗျာ ""
"" မင်းမဟုတ်လို့လားကွ""
""ဟုတ်တော့ ..... ဟုတ်တာပေါ့ဗျာ .... ဒါပေမဲ့ ဟုတ်တာပေါ့""
""ဟားးးးး!!""
""သိန်းမောင်ရာ .... မင်း ထွေးခင်ကို တကယ်ချစ်ရင် ကြိုးစား မင်္ဂလာ ဆောင်ဖို့ ကိစ္စ ငါ တာဝန်ထား""
""ကိုဖိုးတေ ....တကယ်နော်""
""တကယ်ပေါ့ကွ .... မင်းတာ ကြိုးစား... သက်သေ အနေနဲ့ အုန်းမောင်ရှိတယ်""
ကျုပ်တို့သုံးယောက် စာကလေးအင်းဘက်ကို ချီတက်လာခဲ့ကြတယ်ဗျ။ ကျုပ်ကတော့ လက်စွဲတော် မိုးဇော် လို့ နာမည်ပေးထားတဲ့ တိုက်ကြက်ဖတစ် ကောင် ပါတယ်ဗျ။
""တိမ်ပျံကွ.... မိုးမှောင်ကွ""
""ဖောင်းးး .... ဖောင်းးး!!""
""ဖူးးးး ..... ဖူးးးးးး !!""
"" အော်အိအီးအွတ်၊......!!""
""ဖောင်းးး .... ဖောင်းးးး!!""
""တီမ်ပျံ....တီမ်ပျံ .... တီမ်ပျံ""
""ဖောင်းးးးး!!""
""ဖရွးးးးး""
""ဟားးးးးး!!""
""ဒါမှ တိမ်ပျံ ကွ ..... ဘယ်ကောင် စိန်ခေါ် အုံမလဲကွ""
""ငါ စိန်ခေါ်တယ်ကွာ""
""ကြိုက်တယ်.... ဖိုးတေ ... နှစ်လေးတစ်လေး ပေးတယ်""
""မင်ဒင် ..... ဖင်းခေါင်းကျယ်တာ ရိုးရိုးကျယ်ပါ စမူဆာပုံမကျယ်နဲ့ကွ ""
""ဖိုးတေ .... သွေးကြောင်းရင်ဘေးရှောင်နေလိုက် ""
"" ဟာရတယ်ဗျာ ..... စိန်လိုက်လေး ""
အဲဒီကြက်ဝိုင်းမှာ ကျုပ်ရော ဟိုနှစ်ကောင်ရော တော်တော်ရလိုက်တယ်ဗျ။ လက်ထဲမှာ ငွေစကြေးစရှိလာ
တော့ သွေးပြောင်လာတယ်ဗျ အိမ်အပြန်လမ်း သုံးယောက်သာ တော်တော်ကောင်းနေကြပြီးဗျ။ လမ်းမှာ အုန်းမောင်က သူ့သူငယ်ချင်း ဘဲခြံ ခနဝင်အုံးမယ်ဆိုတာနဲ့ ဝင်ကြတော့......
"" ဟကောင်..... ဖိုးကျော် ..... ဘာဖြစ်နေတာလဲကွ...""
""စိတ်ညစ်စရာရှိနေလို့ပါ ... အုန်းမောင်ရာ .... အော် ဧည့်သည်တွေပါ ပါလာတာကို အိမ်ထဲလာကြပါ""
""ကဲပြော ဖိုးကျော် .... မင်းစိတ်ညစ်နေတဲ့အကြောင်း""
""ဒီလိုကွ .... ဒီရက်ပိုင်း ငါမိန်းမ ကျန်းမာရေးကြောင့် ငွေ လိုနေလို့ကွ အဲဒါ ငါမှာရှိတဲ့ ဘဲတွေကို ရတဲ့စျေး နဲ့ ရောင်း
မလို့""
""ဒါများ..... ဖိုးကျော်ရာ .... စိတ်မညစ်နဲ့တော့ မင်းဘဲတွေ ကို ဒီက ငါသူငယ်ချင်း ဖိုးတေက ဝယ်လိမ်မယ်""
""ဟကောင်း .... အုန်းမောင်.... ငါကဘဲ တစ်ခါမှမမွေးဖူးဘူးဟ""
""ဒါများ ဖိုးတေ ရာ ..... နောက်တော့ သူ့ဟာနဲ့သူ ဖြစ်လာမှာပါ"
""အောင်မလေး ... ဉာဏ်ကြီးရှင် ကောင်းလိုက်တဲ့ ခေါင်းဟ "
""ကဲ ဖိုးကျော် .... စျေးပြော လိုက် ""
""မပြောတော့ပါဘူး ကွာ မင်းမိတ်ဆွေက ငါ မိတ်ဆွေပဲပေါ့ အုန်းမောင်ရ""
""ဒါဆိုရင်တော့ ကျုပ်ကြက်ဝိုင်းက နိုင်လာတဲ့ ပိုက်ဆံ အကုန် ပေးလိုက်မယ် အဆင်ပြေမလား ကိုဖိုးကျော်""
""ရပါတယ် .... ကိုဖိုးတေ ကျေးဇူလည်းတင်ပါတယ်ဗျာ ""
""အော်ဒါနဲ့ ...... ဘဲတွေ သယ်ဖို့အတွက် ကရော""
""အဲကိစ္စ အတွက် မပူပါနဲ့ ကိုဖိုးတေ ဘက်က ဘဲခြံ ဆောက်ပြီးတဲ့အချိန် ပြောပါ ကျုပ်လာပို့ပေးပါမယ်""
""ဒါဆိုရင်တော့ ......အဆင်ပြေတာပေါ့ ကိုဖိုးကျော်ရာ ဒါဆို ကျုပ်တို့ပြန်တော့မယ်""
""ဟုတ်ကဲ့ ..... ကျေးဇူပါ ကိုဖိုးတေရာ""
""ရပါတယ်ဗျာ.. ... ကဲပြန်ပြီး""
နောက်တစ်နေ့ရောက်တော့ အလုပ်ကရှုတ်ရောဗျ။ ဘဲခြံ ဆောက်ဖို့ အတွက် မြေနေရာ ရှာဖွေရတော့တာဗျို။ ကျုပ်ရယ် အုန်းမောင်ရယ် သိန်းမောင်ရယ် သုံးယောက်သာ မြေနေရာရှာနေတာ တနေကုန်တော့မယ်ခုထိမတွေ့သေးဘူး ဗျ။ ဘဲခြံက ကုန်းတစ်ဝက် ရေတစ်ဝက် ဆောက်ရတာ တခြား အင်း ပိုင်ရှင်တွေက လည်း ခွင့်မပြုတော့ နောက်ဆုံး သုံး ယောက်သာ စိတ်ညစ်ညစ်နဲ့ လမ်းဘေးမှာထိုင်နေတာပေါ့ ဗျာ။
""ဖိုးတေ""
""ဘာလဲ အုန်းမောင်""
""ငါတို့...အင်းကုန်း ရွာဘက် မရောက်သေးဘူး အဲဒီ သွားကြည့်ရအောင် ""
""အေး.....မင်ပြောမှ သတိရတယ်.....မြောက်အင်း သုသာန်က သုဘရာဇာ က အကူအညီလို့ရင်ပြောပါ သူကူညီ
နိုင်တာဆို ကူညီပါမယ်တဲ့""
အမှားပါခဲ့ရင် သည်းခံ ဖတ်ပေးကြဖို့ တောင်းပန်ပါ တယ်ခင်ဗျ။
အားလုံးကိုချစ်ခင်လေးစားလျက်
ဖိုးတေ

ပြန်လာခဲ့ကြတယ်။ ဦးလေးဘကြွယ်ကတော့ သူနေတဲ့နေရာရောက်တော့ လှည်းပေါ်ကဆင်နေခဲ့တာပေါ့ဗျာ။
နောက်တစ်နေ့ ကျုပ်တို့ ပြန်လာတော့....
""ဟာ!!!""
""ဘယ်ကောင်.... ငါ့ခြံကို လာဖျက်ဆီး သွားတာလဲ ကွာ ....တောက်""
""ဟုတ်တယ် ....ဖိုးတေ ....တော်တော်များများပျက်စီး...သွားတယ်ကွာ ""
""ကိုဖိုးတေ.... ကျုပ်တို့ ....ဘယ်လိုလုပ်ကြမလဲ""
""ဘာလုပ်ရမှာလဲ......ပြန်ပီးပြင်ရတော့ မှာပေါ့ကွာ ....တောက်""
ကျုပ်တို့ပြင်လို့ နေ့လယ်ပိုင်း ရောက်တော့ ခဏနားပြီး ထမင်းစားသောက် တရေတမော အိပ်။ အိပ်ရာက
နိူးတော့ ကျန်နေတာလေးတွေ လက်စသတ်ရတာပေါ့ ဗျာ။
"" ဟာ ..ဖိုးတေ ...ဘယ်လိုဖြစ်တာလဲဟ.... ""
""မသိပါဘူး...ဦးလေးရာ.... ဘယ်ကောင် လာဖျက်ဆီး သွားလဲ မသိဘူး... သိလို့ကတော့ဗျာ""
""ဖိုးတေ.... မင်းတို့တော့ .... ပွဲဦးထွက် ..စတွေ့ပြီ""
""ဘာကိုလဲ..ဦးလေးရ ""
""ဒီမှာ...ရှိတဲ့ ..အကောင်တွေက ...မင်းတို့ကို မနေစေခြင်လို့ နောက်ယှက်တာကွ""
""သူတို့မကြိုက်လဲ ...မတတ်နိုင်ဘူး...ကျုပ်က မနေလို့...မှ.မဖြစ်တာ ""
""ဒါဆိုလဲ... သတိဝီရိယနဲ့....နေကြကွာ""
""ဟုတ်ကဲ့.....ဦးလေး""
ညနေပိုင်းရောက်တော့ ဘဲခြံ တစ်ခုလုံး ခိုင်ခိုင်မာမာ ပြန်ဆောက်ပြီးသွားတယ်ဗျ။ ညစာအတွက်က ပါမလာတော့ သုံးယောက်သာ ပြန်စား ရတာပေါ့ဗျာ။ အိမ်ရောက်တော့ မိန်းမက မေးနေလို့ဖြေရသေးသဗျ။
""ယောကျာ်...""
""ဘာလဲ..မိန်းမ""
""ဘဲခြံဆောက်တာ ... အဆင်ပြေလားတော့""
""မပြေတပြေ ပဲ မိန်းမရေ""
""ဘာဖြစ်လို့လဲတော့""
""မနေ့က...ငါတို့ ထားခဲ့တဲ့....ဘဲခြံက အကုန်လုံးပြီနေပြီ မိန်းမရ.... ဒီနေ့ရောက်သွားတော့....ဘယ်သူဖျက်ဆီး
ထားလဲမသိဘူး မိန်းမရေ ....အကုန်ပျက်စီးနေလို့ ပြန်ပြင်နေတာနဲ့ နောက်ကျတာ""
""ဘယ်သေချင်းဆိုး က...လာလုပ်သွားလဲ...တော် မသိဘူးလား ညံ့ပ ယောကျာ်းရယ်""
""ဒါမှ.... ဖိုးတေ.....မိန်းမ....ယောကျာ်လည်း စုံစမ်းတာပေါ့...မိန်းမရာ..... အဲဒီသုသာန်မှာနေတဲ့ သုဘရာဇာ ဦးလေး
ပြောတာကတော့ ဒီဘက်ကိုဘယ်သူ့မှ မလာဘူးတဲ့ ဒီနေရာမှာ ရှိတဲ့.....ပုဂ္ဂိုလ်တွေက မနေ စေခြင်လို့ နေမှာတဲ့
ကဲ.....ရှင်းပြီလား""
""ဒါဆို တော်နေလို့ ဖြစ်ပမလားတော်....ဟိုတစ်ခါလို....တော် ပါးစပ်သရမ်းလို့ အားလုံး ဒုက္ခရောက်ကုန်မယ်""
""ဖြစ်ပါတယ်မိန်းမရာ ...ငါလည်း...တစ်ခါဆို ဆိုသလောက်.....တော်တော်မှတ်ပါတယ် စိတ်ချလက်ချနေပါ မိန်းမရာ""
""ကျုပ်ကတော်ကို ...စိတ်ပူလို့ပြောတာတော်""
""သိပါတယ်မိန်းမရာ ....အိပ်ယာလိပ်တွေ ပြင်ပြီးပြီဆိုသွားတော့မယ်""
ကျုပ်လည်းမိန်းမနဲ့သားကိုနှုတ်ဆက်ပြီးဟိုကောင်နှစ်ကောင်ပါပတ်ခေါ်ဖို့ အိမ်ကထွက်လာခဲ့တယ်။ အုန်း
မောင်ကတော့ အိမ်ရှေ့မှာ ကျုပ်ကိုစောင့်နေတော့အုန်းမောင် ကိုပါခေါ်ပီးနှစ်ယောက်သား သိန်းမောင် အိမ်ဘက် ထွက်ခဲ့ကြတယ်။
""သိန်းမောင်ရေ....သိန်းမောင်""
""သိန်းမောင်!!!!""
""ဖိုးတေ....မင်းကောင်.... မရှိဘူးထင်တယ်""
""ဒီကောင်ကွာ....ဘယ်သွားနေလဲမသိဘူး""
""အိမ်ရှေ့က....ဖိုးတေ ....လာဟေ့""
""ဟုတ်တယ် အရီး...သိန်းမောင်..ရှိလား...အရီ""
""ရှိပတော်...ရှိပ၊....မင်းတို့နဲ့..... မလိုက်ချင်လို့ ...အသံမပေးတာဟေ့""
""ဟကောင်....သိန်းမောင်...ထွက်ခဲ့နော်...ငါလာရမှာလား ""
""မလာနဲ့ကိုဖိုးတေ..... လာပြီ..လာပြီ...ဟဲဟဲ""
သုံးယောက်သား ဘဲခြံရောက်တော့ နေလုံးပျောက်သွားပြီဗျ။ သုံးယောက်သားပါလာတဲ့ ချက်အရက်လေး
သောက်ပြီး စောစောအိပ်ရာဝင်ခဲ့ကြတယ်။ အိပ်လို့မှမကြာဘူး
""ဟီးဟီး....းးးးး!!""
""အူးးးးးးးး!!!""
""အူဝဲ.....အူဝဲ...!!""
""ရှပ်...ရှပ်...ရှပ်""
""ဖိုးတေ.....ဖိုးတေ""
""ငါမအိပ်သေးဘူး...... အုန်းမောင်... ဟိုကောင် ...သိန်းမောင်ရော""
""ကျုပ်လည်းမအိပ်သေးဘူး....ကိုဖိုးတေ""
""ဖိုးတေ...အပြင်ဘက်က ဘာသံတွေလဲ""
""ဘယ်သိမလဲကွ.....သိချင်ရင်...ထွက်ကြည့်လေကွာ""
""သိန်းမောင်...ဟကောင်.သိန်းမောင်. ....ဟာ ဟကောင်ဘာအရည်တွေလဲဟ""
""ကျုပ်....ကျုပ် ...ကြောက်လို့သေးပေါက်ချမိတာဗျ""
""မင်းကွာ...တော်တော်..အားကိုးရမဲ့ကောင်""
""အဲဒီကောင်ကို ပြောမနေနဲ့ အုန်းမောင် ...ထားလိုက်..""
""မင်းတို့ နေခဲ့ကြ ငါအပြင်ထွက်လိုက်အုံးမယ်""
""ဖိုးတေ.....ဖြစ်....ဖြစ်ပမလားဟ""
""ဒါဆိုရင် ..မင်းပါလိုက်ခဲ့အုန်းမောင်...လား""
""နေပါစေကွာ...သတိတော့ထားနော်""
""အေးပါဟ.....""
ကျုပ်လည်းကြောက်ကြောက်နဲ့ အပြင်ဘက် ထွက်လာခဲ့တယ်ဗျ။ ဟိုနှစ်ကောင်းကတော့ တော်တော်လေး
အားကိုးရမဲ့ကောင်တွေ ကြောက်လို့လိုက်မလာကြဘူးဗျာ။ အပြင်ဘက်မှာ တိတ်ဆိတ်မှောင်မဲနေတာဗျာ။ ပုရစ်
အော်သံက လွှဲလို့ ဘာသံမှကိုမကြားရဘူးဗျာ။ စောနက ကြားရတဲ့အသံတွေက ဘယ်ရောက်သွား လဲမသိဘူးဗျ။
""အဟမ်း!!!!""
ဘာမှမဟုတ်ဘူး ကျုပ်ကြောက်လို့ ချောင်းဟမ်းတာဗျ။ သတ္တိတော့ တော်တော်ကောင်းသဗျ။
""ဤ.....ဤ..""
""ဟာ!!!..ဒီပါးစပ်""
""ဖြန်း!!!! ဖြန်း!!!""
""ဤနေရာမှာ ရှိနေကြတဲ့ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အ ပေါင်းတို့ ခင်ဗျာ.... ကျုပ် ဒီနေရာမှာ လာရောက်နေထိုင်သည်ကို အပြစ်မမြင်ပါနဲ့ ခင်ဗျာ ..... မနေမဖြစ်တဲ့ အခြေအနေကြောင့် လာရောက် နေထိုင်ရခြင်းဖြစ်ပါတယ် သင်တို့ မည်မျှပင်ခြောက်လှန့်နေပါစေ ကျုပ်တို့ ကတော့ရှိနေမှာပါ
ကျေးဇူပြုပြီး မနှောက်ယှက်ကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျာ""
ကျုပ်လည်းပြောပြီးတော့အိမ်ပေါ်အမြန်ပြေးတက် ရတာပေါ့ဗျာ။ ခင်ဗျာတို့ဆိုရင်ရော နေရဲမလားဗျ။ အိမ်ပေါ်
ရောက်တော့
""ဖိုးတေ...""
""ဘာလဲ..အုန်းမောင်ရာ""
""မင်း ..အဲဒီလိုထွက်ပြောတော့ မကြောက်ဖူးလား""
""ငလူး...မကြောက်ဘဲ နေမလားဟ ကြောက်တာပေါ့ ကြံရာမရလို့ ပြောရတာ""
""အေးပါကွား ...ငါက မင်မကြောက်ဘူးထင်လို့ပါ""
""ကဲပါကွာ ...အိပ်တော့ ...ဟိုကောင်..သိန်းမောင် ..သေး စိုတဲ့ဟာတွေ အပြင်ဘက်ထားလိုက်""
""ဟုတ်...ဟုတ်ကဲ့...ကိုဖိုးတေ""
မနက်ကြတော့ ဘဲတွေ ရောက်လာတယ်ဗျ။ ကျုပ်တို့ သုံးယောက် အလုက်ရှုတ်တာပေါ့ဗျာ။ အုန်းမောင်သူ
ငယ်ချင်းကလည်း တော်ပါတယ် ဘဲခြံ နဲ့ ပတ်သက်ပြီး သေချာလိုက်ကြည့် တယ် လိုအပ်တဲ့နေရာတွေ ပြပေး တယ်။ဘဲနဲ့ ပတ်သက်တာတွေ ကျုပ်ကို သေချာသင်ပြ ပေးပြီးပြန်သွားတယ်။ ဘဲက အကောင်ရေ ၃၀၀ကျော်
တယ်ဗျ။ နောက်နေ့တွေကစပြီး ဟို နှစ်ကောင်က ဘဲခြံမှာ အမြဲ နေခိုင်းရတယ် ကျုပ်ကတော့ အိမ်နဲ့ ဘဲခြံနဲ့ ကူး
နေရတာပေါ့ဗျာ။ ကျုပ်ခြံမှာရှိရင်တော့ သူတို့နှစ်ယောက် အိမ်ခနပြန်ပေါ့။ ကျုပ်လည်း အလုပ်တစ်ခု တိုးလာတော့
အရင်လို ဖဲရိုက် ကြက်တိုက် မသွားဖြစ်ဘူးဗျ။ ဒါပေမဲ့ ဝိုင်းကောင်းရင်တော့ တစ်ခါတလေ သွားတယ်။
တစ်ရက် ကျုပ် အိမ်က ပြန်အလာ ဘဲခြံ ရှေ့ရောက်တော့ ဟိုနှစ်ယောက် ခြံရှေ့မှာ စိတ်ပျက်လက်ပျက်ထိုင်
နေတာ တွေ့တော့
""အုန်းမောင်...ဘာဖြစ်လို့လဲဟ""
""ဖိုးတေ...""
""ပြောလေ...အုန်းမောင်""
""ဒီရက်ပိုင်း....ဘဲတွေ အသေ များတယ်....ပြီးတော့ .... ခွေးတွေလည်း လာဆွဲကြတယ် ငါကောင်.....ပိုဆိုးတာက
ဘဲကျောင်း တဲ့ကလေးတွေ က မကျောင်းခြင်တော့ဘူးတဲ့""
""ဘယ်လိုဖြစ်တာလဲကွာ.....ငါသားကျန်းမာရေးကြောင့် ...မရောက်ဖြစ်တဲ့ တစ်ပတ်အတွင်း ဒီလောက် ဆိုးနေတာ
လား""
""ဒါထက်ဆိုးတာက .... ညညဆို ဘဲတွေ လန့်တာ ပိုဆိုးတယ် သရဲကလည်း ဘာခြောက်သလဲမမေးနဲ့ ကွာ
ဒီကောင် ..သိန်းမောင် ပြန်မယ်တကဲကဲ လုပ်နေလို့ မနည်းတားထားရတယ်""
""ဟူးးးး!!!!""
""ငါလည်း ဘာလုပ်ရမှန်ကို မသိတော့ဘူးကွာ""
ကျုပ်လည်းသူတို့နဲ့အတူ စိတ်ပျက်လက်ပျက် ထိုင်ချ မိတော့တယ်ဗျာ။ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူဗျာ။
ကျုပ်တတ်သလောက်မှတ်သလောက် တောင်းပန်ပြော ဆိုပြီးပြီ ဒါလဲမရဘူးဗျာ။ ခင်ဗျာတို့ မကူညီနိုင်ဘူးလားဗျ။
""ကိုဖိုးတေ...ကိုဖိုးတေ..""
""ဘာလဲ.... သိန်းမောင်ရာ.... စိတ်ညစ်ရတဲ့ အထဲ""
""ကျုပ်တို့ဘက်ကို ...လူတစ်ယောက်... လာနေတယ်ဗျ.... ကိုဖိုးတေ ...အသိလားလို့""
""ငါ့ အသိတော့ ....မဟုတ်ဘူး ကွ .... ဟကောင် အုန်းမောင်....မင်အသိလား""
""ဘယ်မှာလဲ...""
""ဟိုမှာလေကွာ""
"" ဟာ!!!!"" ""အဲဒါ ငါဦးလေး ဦးယက္ခ ဟ""
""ဟုတ်လား""
""ဟုတ်တယ်..ဖိုးတေ.....ဦးလေး!!! ....ကျုပ်တို့ဒီမှာဗျ""
အုန်းမောင် ဦးလေး ရောက်လာတော့ ကျုပ်တို့ အခက်အခဲတွေ မေးတာနဲ့ ကျုပ်လည်းတစ်ခုမကျန်ပြော
လိုက်တယ်ဗျ။ အဲဒီမှာဦး ယက္ခက ဒီညမှာ ကျုပ်တို့နဲ့ နေပြီး ပြုလုပ်သင်တဲ့ ကိစ္စတွေ အမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေကိုရော
သေသေချာချာ တောင်းပန်ပြောဆိုပေးပြီး မနက်ကြ ပြန်သွားတယ်ဗျ။ ဦးလေးယက္ခ တောင်းပန် ပြောဆို ပြီးတဲ့
နောက်နေ့ကစပြီး ခြောက်လှန့်တာ သိပ်မရှိတော့ဘူးဗျ။ ကျုပ်တို့ သုံးယောက်လည်းစိတ်ချမ်းသာနေတာပေါ့ဗျာ။
တစ်ရက်ကြ မိန်းမက ကျုပ်တို့ စားဖို့ဆိုပြီးတော့ ကြက်သား ကြော်တွေကို ချိုင့်နဲ့ထည့်ပေးလိုက်လို့ ဘဲခြံ ကို ရောက်တဲ့အနီး
ဆုံး လမ်း မင်းသမီးကုန်းဘက်ကနေ လာခဲ့တယ်ဗျ။ အဲဒီလို လျှောက်လာရင် မင်းသမီးကုန်း အလွန် ကျုပ်တို့ ဘဲ
ခြံရောက်ဖို့ နည်းနည်းလိုတော့တဲ့နေရာ ကျီးပင် အောက်ကနေ အဖြတ်
""အီးဟီးးးးး!!!! ဗိုက်ဆာ ...လို့ပါ""
""ဟီးးးးးး!!!""
ကျုပ် အပင်အောက်က အဖြတ်မှာ အဲဒီလိုအသံကြာ လိုက်တော့ ရှိသမျှ ခေါင်းမွေး အကုန်ထောင်းရောဗျာ။
ရှေ့ဆက်လဲ မသွားရဲ နောက်ပြန်လှည့်ဖို့က အခက်ဆိုတော့ နောက်ဆုံး
""မိတ်....မိတ်ဆွေက....ဗိုက်....ဗိုက်ဆာတယ်....ဆိုရင်.....ကျုပ်မှာပါလာတဲ့.....ကြက်....ကြက်သားကြော်.....တစ်
ဝက်...ကျွေးပါမယ်ဗျာ....ကျုပ်တို့ကို မခြောက်လှန့်ပါနဲ့....ပြီးတော့...မိတ်ဆွေ ကူညီနိုင်ရင်ကူညီပါ .....ကျုပ်ဘဲတွေကို ခွေးတွေ....လာလာဆွဲးနေလို့ . ....အဲဒါ.....မိတ်ဆွေ ကူညီစောင့်ရှောက် ...ပေးပါ.....ဟောဒီမှာ ....ထားခဲ့တယ်မိတ်ဆွေ""
ကျုပ်လည်း ပါလာတဲ့ကြက်ကြော် တစ်ဝက်ဆိုရင် နည်းနေမှာဆိုလို့ သုံးပုံပုံ နှစ်ပုံး ချကျွေးပြီး ဘဲခြံဘက် အ
သကုန် ပြေးတော့တာပေါ့ဗျာ ။ သူကို စေတနာရှိလို့ တော့ မဟုတ်ဘူးဗျ ကြောက်လို့ ကျွေးခဲ့တာ ဗျို။ ဘဲခြံ ရောက်
တော့ ကျေးဇူရှင်တွေက တံခါးပိတ်ထားသေးသဗျ။
""ဗုန်းးးး!!!ဗုန်းးးး"" ဟိတ်ကောင် တွေ တံခါး ဖွင့်ပါဟ""
""အပြင်က ...ဘယ်သူလဲ ...""
""ဟာ......မင်းယောက်ဖ ....ဖိုးတေ ဟ ...ငလူးကလေး ရ""
""ကိုဖိုးတေ ...လာ ....ဟဲဟဲ ....ကျုပ်က မသိလို့ပါဗျ""
""ဘာဖြစ်လာတာလဲ...ဖိုးတေ""
""ငါ့ကို....သရဲခြောက်လို့ဟ..""
""ဟုတ်လား....မင်းက ဘယ်လမ်းကလာတာလဲ""
""ငါလည်း ...နောက်ကျနေတာနဲ့.... မင်းသမီးကုန်း ဘက်ကလာတာ""
""ကဲပါ ...အဲဒါနောက်မှပြော ....ထမင်းစားရအောင် ....ငါတို့က မင်းစောင့်နေတာ""
နောက်နေ့တွေကစပြီးတော့ ဘာခြောက်လှန့် တာမှ မတွေ့ရတော့ဘူးဗျ ။ ဘဲတွေလာလာ ဆွဲတဲ့ ခွေး
လည်းတစ်ကောင်မှ မလာတော့ဘူး။ ကျုပ်လည်း နေ့တိုင်း ကျီးပင် အောက်သွားပြီး ဆန်းတပြည်ချက်နဲ့ ရရာအ
သားဟင်းနဲ့ သွားကျွေးဖြစ်တယ်ဗျ။ တစ်ည ကျုပ် မိတ်ဆွေကို ထမင်းကျွေးနေကြ ကျီးပင် အောက်ကိုလာတော့အပင် အောက်မှာ ကျုပ်တို့ အရွယ် လူတစ်ယောက်ထိုင်နေတာတွေ့ တော့ ကျုပ်လည်း မသွားဘဲ ရပ်ကြည့်နေတာပေါ့ဗျာ။
""ဖိုးတေ....လာလေကွာ ...ဘာရပ်ကြည့်နေတာလဲ""
ကျုပ်လည်း လူဟ ဆိုပြီးတော့ ရှေ့ဆက်ပြီး အပင်အောက် သွားလိုက်တယ်။
""ဖိုးတေ...လာထိုင်ကွာ ... မင်းကလည်း ဒီနေ့ နောက်ကျတာ""
""ဒီက ..မိတ်ဆွေက ...ကျုပ်ကို သိလို့လား""
""ဟားးးး!!! သိတာပေါ့ ဖိုးတေရာ""
""မိတ်ဆွေ က ဘယ်သူလဲ...ဘယ်မှာနေတာလဲ""
"" ကျုပ် နာမည်က မိုးမှောင်... နေတာက ..ဒီသစ်ပင်မှာ ""
""ဗျာ.!!!!"" ဒါ.....ဒါဆို ....ခင်ဗျာက ....သရဲပေါ့ ....အောင်မလေးဗျ!!!""
ကျုပ် လည်း ကြောက်ပြီး ထွက်ပြေးမယ် လုပ်တော့ ခြေထောက်တွေက ကြွလို့ကို မရဘူး ဗျာ။ ကျုပ်လည်း
ပြေးလို့ကမရ ကြောက်ကလည်း ကြောက်ဆိုတော့ ချွေးတွေ ပျံတာများ ရေချိုးထားတဲ့အတိုင်းဗျာ။
""ဖိုးတေ ... ဘာလို့ထွက်ပြေးတာလဲ ကွ""
""ကျုပ်....ကျုပ် ကြောက်လို့ ပါဗျာ""
""ဘယ်သူကို ကြောက်တာလဲ""
"" မိတ်....မိတ်ဆွေကိုပါ""
""ကျုပ် က ကြည့်ရတော်တော်ဆိုးနေလို့လား ကိုဖိုးတေရာ""
""မဆိုးပါဘူး....ဒါပေမဲ့ ကြောက်တာတော့ ကြောက်တာဘဲဗျ""
""ကဲပါဗျာ ....ထိုင်ပါအုံး ..ကျုပ်က ခင်ဗျာကို ကူညီခြင်လို့ စောင့်နေတာဗျ.... နောက်တစ်ခါထွက်မပြေးနဲ့နော်"
""ကျုပ်ကိုတော့.... ဘာမှ မလုပ်ဘူးမဟုတ်လား ""
""မလုပ်ပါဘူးဗျာ .....ခင်ဗျာကလည်း လူမိုက်လုပ်ပြီး...ကြောက်နေတာ""
""လူလူချင်းတော့...ကြောက်မလားဗျ ...မိတ်ဆွေကလည်း""
""ထားပါတော့...ကျုပ်...ခင်ဗျာကို .မေးစရာရှိတယ် ...အမှန်အတိုင်းဖြေပါ""
""မေးပါ မိတ်ဆွေ""
""ခင်ဗျာ...ဒီရက်ပိုင်း ...ဖဲလည်းရှံးတယ် ....ကြက်လည်း ရှံး နေတယ်မဟုတ်လား ""
""ဟုတ်ပါတယ်... မိတ်ဆွေ ...ကျုပ် ဒီရက်ပိုင်း ...ကံဆိုးနေတယ်ဗျာ ""
""ကံမဆိုးပါဘူးဗျာ..... တစ်ဖက်လူတွေက ....ကံနဲ့မဆော့ဘဲ ဉာဏ်နဲ့ဆော့လို့ ခင်ဗျာရှံးတာဗျ""
""ဟာ ...ဟုတ်လား..တွေ့မယ်..ဖိုးတေကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲ""
""စိတ်ကိုလျော့ပါ ဖိုးတေရာ ...သူတို့ကမှ ကလိမ်ကကျစ် ကြရင် ....ခင်ဗျာကလည်း သူတို့လို့ပြန်ဆော့ပေါ့""
""ကျုပ်က ဘယ်လိုဆော့ရမှာလဲဗျ""
""ရော့.....ဒီ မြေစလုံးခဲယူသွား ""
""ကျုပ်က ဒီမြေစလုံးခဲ ....ဘာလုပ်ရမှာလဲမိတ်ဆွေ""
""ပြောမယ်လေဗျာ ..""
""ဒီမြေစလုံးခဲကို ....ခင်ဗျာ ဖဲရိုက် မသွားခင်....နည်းနည်းဖဲ့ပြီး ရေနဲ့ဖျော်...ရလာတဲ့အရည်ကို....မျက်လုံးနှစ်ဖက်
နားနှစ်ဖက်... လက်နှစ်ဖက်မှာ ...လိမ်းသွား...""
""ကြက်တိုက်ရင်ရောဗျ ....""
""ကြက်တိုက်သွားမယ်ဆို....မြေစလုံးခဲကို... နည်းနည်းဖဲ့ပြီးတော့....ကြက်ကို...ခွံလိုက်ဗျာ ""
""ဒါဆိုရင်...""
""ဒါဆိုရင်...ဒီနယ်တကျော်မှာ ဖဲမှာ ခင်ဗျာဆရာကြီးဖြစ်ပြီး....ကြက်မှာလည်း...ခင်ဗျာကြက်ကို မှီတဲ့ကြက် မရှိစေရ
ဘူး...ကျုပ်အာမခံတယ်""
""ဒါဆိုရင်တော့.....အဆင်ပြေတာပေါ့.....ကျေးဇူတင်လိုက်တာ... ကိုမိုးမှောင်ရာ""
""ရပါတယ်ဗျာ.....ခင်ဗျာကလည်း....ကျုပ်ကို နေ့တိုင်းထမင်းကျွေးနေတာဘဲလေဗျာ ....ဒါဆိုရင်...ကျုပ်တို့မိတ်ဆွေ
တွေဖြစ်သွားပြီးနော်....ကိုဖိုးတေ""
""ဒါပေါ့....ကိုမိုးမှောင်ရာ""
""ဒါဆိုရင်....ခင်ဗျာ...ကျုပ်ကို ကြောက်သေးလားဗျ""
""ခင်တာကသပ်သပ်.....ကြောက်တာက...သပ်သပ်ပေါ့ ...ကိုမိုးမောင်ရာ""
""ဟားးးးးး!!!တော်တော်နောက်တဲ့ လူဗျာ...အော်ဒါနဲ့...ကိုဖိုးတေ""
""ဟုတ်ကဲ့ပြောပါ""
""ခင်ဗျာကို ....အဓိကမှာခြင်တာက တွေ့သမျှ ပွဲတိုင်း..မကစားပါနဲ့ ....တကယ် အချီကြီးရမဲ့ ဝိုင်းမှာ ဆော့ပါ ..ပြီးတော့....လောင်းကစားလုပ်လို့ ..ရတဲ့ပိုက်ဆံတွေကိုရော ...ဒီဘဲခြံက...ရတဲ့...ပိုက်ဆံတွေကိုရော ..အားလုံး
သုံးပုံအညီအမျှပုံပါ... ပုံပြီးရင် ....တစ်ပုံကို သပ်သပ်ဖယ်ပြီး သေချာ....သိမ်းထားပါ....""
""စိတ်ချပါ ....ကိုမိုးမှောင်....ခင်ဗျာမှာတာတွေကို...သေချာလုပ်မှာပါ..စိတ်ချ""
""ပြီးတော့...ခင်ဗျာ....ဘဲထပ်ပြီးတိုးခြင်နေတာမဟုတ်လား....ဘာမှစဉ်းစားမနေပါနဲ့ တိုးသာတိုး ကိုယ့်လူ""
""ဟုတ်ပါပြီ ငါ့လူရာ ....ရော့ခင်ဗျာစားဖို့""
""ထားခဲ့ကိုဖိုးတေ....မနက်မှ .ချိုင့်လာယူတော့""
""အဲ့ဒါတော့....""
""ဘာလဲ...ခင်ဗျာချိုင့်...ပျောက်မှာဆိုလို့လား""
""ဟဲ...ဟဲ""
""မပျောက်ပါဘူး ...စိတ်ချလက်ချထားခဲ့...နောက်နေ့တွေကြ ချက်အရက်ပါဝယ်ခဲ့ဗျာ....ခင်ဗျာနဲ့ကျုပ်သောက်ရင်
စကားပြောရအောင်""
""ဝယ်ခဲ့မယ်ဗျာ ..စိတ်ချ"""
""ကိုဖိုးတေ.....ဒီအကြောင်းတွေကို....ဘယ်သူမှမပြောပါနဲ့....ကုန်ကုန်ပြောမယ်ဗျာ.ခင်ဗျာမိန်းမတောင် မပြောနဲ့""
""စိတ်ချပါငါလူရာ ....စိတ်ချ....ကဲဒါဆို ...ကျုပ်သွားပြီးဗျာ..နောက်မှအေးဆေး ...စကားပြောကြတာပေါ့""
""ကောင်းပါပြီဗျာ.....""
ကျုပ် ဘဲခြံရောက်တော့ အုန်းမောင်က နောက်ကျ နေလို့မေးနေသေးတယ်ဗျ။ ကျုပ်လည်းအိမ်မှာ ကိစ္စတခု
ကြောင့်နောက်ကျတာပါလို့ပြောရတာပေါ့ဗျာ။ ခဏနေ့တော့ သိန်းမောင် ထမင်းဝိုင်းပြင်ပြီဆိုတာနဲ့ သုံးယောက်
သာ ထမင်းစားကြတယ်။ ထမင်းစားနေရင် သူတို့နှစ်ယောက် ကို တိုင်ပင်တယ် ဘဲထပ်ထည့်ဖို့ ကိစ္စ။ အုန်းမောင်က
ပြောပါတယ် ဘဲထပ် ရောရင် ဥပျောက်မယ်တဲ့ ဥပျောက် တယ်ဆိုတာက ဘဲဥ အထွက်နှုန်းလျော့တာကိုပြောတာဗျ။ ကျုပ်က ဇွတ်ပြောတာနဲ့ သူတို့ လည်းဘာမှ ဆက်မပြောကြတော့ဘူး။ ထမင်းစား ပြီး စောစော အိပ်ယာဝင်ခဲ့ကြတယ်ဗျ။
နောက်တစ်နေ့ ရောက်တော့ ဘဲထပ်ထည့်ဖို့ အတွက် ဘဲလိုက်စုံစမ်း၊ စုံစမ်းလို့ရတော့ ကျုပ်လိုချင်တဲ့ အရေ
အတွက် ပြောပြီး ပိုက်ဆံ တခါတည်းချေခဲ့တယ်ဗျ။ ဘဲတွေကိုတော့ ရောင်းတဲ့သူ့က နေရာ အရောက်ပို့ ပေးတာ
ဆိုတော့ သယ်ယူဖို့အတွက် မပူရတော့ ဘူးပေါ့ဗျာ။ အဲဒီလို နဲ့ တစ်နှစ်လောက်ရောက်တော့ ကျုပ် ဘဲခြံက တော်တော်လေး နာမည်ရလာတယ်ဗျ။ ဘဲထပ်ဖြည့်လို့ ကျုပ်တို့က ဥ ပျောက်မယ်ထင်နေတာဗျ။ ဥမပျောက်တဲ့ အ
ပြင် အထွက်နှုန်းက ပိုဆိုးပက်ဆက် တိုးတာဗျာ ကျုပ်တို့ သုံးယောက် ဥ ကောက်ရတာ လက်ကိုမလယ်ဘူးဗျ။ဘဲဥ
တွေဆိုတာ ခင်ဗျာ ကြိုက်တဲ့ ဘဲဥနဲ့ ယှည်လို့ရတယ်ဗျ ။ ကျုပ်ကလည်း တခါတလေ ဖဲဝိုင်း ကြက်ဝိုင်း ကောင်းလို့က တော့ ရောက်ပြီသာဘဲဗျို။ ဖိုးတေ နိုင်လားဟ လို့တော့ လားမမေးနဲ့ ဝိုင်းမှာ ရှိသမျှ ပိုက်ဆံ အကုန်သိမ်း ပြီးမှ ပြန်လာရတဲ့ အခါကြည့်ဘဲဗျ။
တစ်ရက်မှာ ကျုပ်မိတ်ဆွေ ကို မိုးမှောင်နဲ့ ကျုပ် အရက်သောက် နေရင်ပေါ့ဗျာ
""ကိုဖိုးတေ ....ကို ကျုပ်ပြောစရာရှိတယ်""
""ဟုတ်ကဲ့... ပြောပါ ကိုမိုးမှောင် ...ကျုပ် နားထောင်နေပါတယ်""
""ကျုပ် ...ကိုဖိုးတေကို ...အရင်က မှာခဲ့သလို... ပိုက်ဆံတွေ..စုထားလား""
""ဘယ်မေ့မလဲဗျာ ...စုထားတာပေါ့ ....အခုဆိုရင်..တော်တော်တောင် ရနေပြီဗျ""
""ကျုပ်... စကားနားထောင်ပေးတဲ့...အတွက် ....ကိုဖိုးတေကို ကျေးဇူတင်ပါတယ်""
""မဟုတ်တာ...ကိုမိုးမောင်ရာ....ကျုပ်က ကျေးဇူတင် ရမှာဗျ......ကျုပ်တို့ .....ဒီလို အခြေအနေရောက်လာတာ.....
ခင်ဗျ...ကျေးဇူတွေဗျ""
""ဒီလိုလည်း...မဟုတ်ပါဘူးဗျာ....ကိုဖိုးတေ က .... ကျုပ်ကို.....နေ့တိုင်း ကျွေးမွေး ...နေတာဆိုတော့... ကျုပ်တတ်
နိုင်သလောက်...ပြန်ပြီးကူညီတာပါ""
""ဟုတ်ပါတယ်လေ......မေတ္တာရောင်ပြန် ဟတ်တယ်ဆိုတာ .....ကျုပ်တို့လို့ဟာကို ...ပြောတာထင်တယ်ဗျ""
""ဒါပေါ့ဗျာ....ဒါပေါ့....အော်...ဒါနဲ့ ..ကျုပ်ကိုဖိုးတေ ကို ....အကူညီတောင်းစရာ...ရှိလို့ဗျ""
""အကူအညီတောင်းတယ်လို့ မပြောပါနဲ့ဗျာ ....ကိုမိုးမှောင်...ခိုင်းသမျှ....ပြောတာမှန်သမျှ....ကျုပ် မဖြစ် ဖြစ်အောင်လုပ်ပေးမယ့်...ပြောဗျာ""
""ဟုတ်ပါပြီးဗျာ...မနက်ကြရင် ...ကိုဖိုးတေတို့ ရွာဦးကျောင်းဆရာတော်စီ...သွားပြီး တပည်တော်. .ထီးဒကာအဖြစ်
လှူပါမယ်..ဘုရားလို့..သွားလျှောက်ပါ ....ဘယ်လိုသိတာလဲလို့မေးရင်....ရွာထဲက ကြားလို့ပါဘုရားလို့လျှောက်ပါ
ကိုဖိုးတေ""
""ဘာများလဲလို့ဗျာ...စ်တ်ချကိုမိုးမှောင်...မနက်မိုးလင်းတာနဲ့... ဆရာတော်ကို ....သွားလျှောက်လိုက်မယ်""
""နောက်ပြီးတော့....ကိုဖိုးတေတို့....သူငယ်ချင်းသုံးယောက်ပါ...တခါတည်း ရဟန်းဝတ်ကြပါ ...ကျုပ်ရဟန်းဒကာဖြစ်ချင်လို့ပါ ....ကိုဖိုးတေ""
""ဗျာ....ရ...ရဟန်းဝတ်ရမယ်...ဟုတ်လား...ကိုမိုးမှောင်""
""ဘာလို့လဲကိုဖိုးတေ...အဆင်မပြေဘူးလား""
""ပြေ...ပြေပါတယ်...ဟဲဟဲ""
""ကိုဖိုးတေ...ခင်ဗျာဘဝတလျှောက်လုံး.... အကုသိုလ်တွေ...နဲ့ပဲ...အချိန်ကုန်နေတာ......ခင်ဗျာကထင်လိမ့်မယ်..ငါရှာတဲ့ပိုက်ဆံ..နဲ့ငါ့မိန်းမက ... သံဃတော်တွေကို ....ဆွမ်းလောင်းတာ၊...ရွာဦးကျောင်းကို ဆွမ်းအုပ်ပို့တာတွေက
စတဲ့ကုသိုလ်တွေက...ခင်ဗျာရမယ်ထင်နေလား၊....ကိုယ်တိုင်လုပ်မှ...ရမှာဗျ.....ထီးတင်ပွဲမှာ....ရဟန်းဝတ်ပြီးလို့
လူပြန်ထွက်တဲ့...အချိန်ကစပြီးတော့....လောင်းကစား၊..အရက်...အကောင်တွေမွေးတာပါမကျန် ...အားလုံးတစ်ခုမှမလုပ်ပါနဲ့တော့......ငါ့လူရာ""
""ဟုတ်ကဲ့ပါ....ကိုမိုးမှောင်""
""ကျုပ်အကြောင်းကိုခင်ဗျာကိုပြောပြမယ်.....ကျုပ်လည်းခင်ဗျာလိုဘဲ၊...လူဘဝတုန်းက...ကြက်တိုက် အရက်သောက်...ဖဲရိုက်....အကုန်လုပ်တယ်ဗျ...ပြီးတော့အိမ်မှာ ဝက်တို့ နွားတို့ပါမွေးတယ်....တခါတလေ အလှူ
ရှိရင်၊...ကျုပ်ကိုယ်တိုင်၊..အမဲပေါ်ပေးတယ်....တနေ့မှာ....ဖဲဝိုင်းကအပြန်....ရန်ငြိုး ...ရှိတဲ့သူတွေက...ချောင်းရိုက်
တဲ့..လက်ချက်ကြောင့်ဘဲ...ဒီအပင်အောက်မှ...သေခဲ့ရတယ်...ဒါကြောင့်ငါ့လူကိုလည်း...ကျုပ်လိုဖြစ်မှာဆိုလို့၊....
အခုလိုတွေလုပ်ခိုင်းရတာပါ""
""ကျေးဇူပါ...ကိုမိုးမှောင်ရာ....ခင်ဗျာခိုင်းတာ...တစ်ခုမှမကျန်စေရဘူးဗျာ....စိတ်ချ""
""ကျုပ်ယုံကြည်ပါတယ်ကိုဖိုးတေ...အော်၊.ဒါနဲ့ကိုဖိုးတေ...ရဟန်ဝတ်ပြီးတဲ့ညမှာ ...ဒီကိုလာပြီး.....ကိုဖိုးတေကိုယ်တိုင် .....ကျုပ်ကို ... အမျှဝေပေးပါ""
""ဟုတ်ကဲ့....ကျုပ် အမျှဝေပေးပါမယ်""
""ကျေးဇူးပါ....ကိုဖိုးတေရာ...ကျုပ်လည်းဒီဘဝက..ကျွတ်လွတ်ခြင်ပြီးဗျာ""
""ကျွတ်လွတ်ရမှာပေါ့ဗျာ....""
အဲဒီလိုကိုမိုးမှောင်နဲ့ ကျုပ် ပြောဆိုပြီးတော့ကျုပ်လည်း ဘဲခြံကို ပြန်လာခဲ့တယ်။ မနက်ရောက်တော့ အိမ်ပြန်။
အိမ်မှာ မနက်စာစား မိန်းမကို ပြောသင့်သလောက်ပြောပြပြီး ရွာဦးကျောင်း ဘက်ကို ထွက်လာခဲ့တယ်။
""ဟ...ဖိုးတေ၊...ဘယ်သွားမလို့လဲဟ""
""ရွာဦးကျောင်း.... သွားမလို့ပါ ....ဦးလေသာဒွန်ရာ""
""ဟာ...ငါများနားကြားမှား..သလား...ဖိုးတေ...ဟုတ်မှပြောပါကွာ""
""မယုံလည်း..မတတ်နိုင်ဘူး...ဦးလေးရေ""
ရွာဦးကျောင်းရောက်တော့ ဆရာတော်ထံသွားပြီ ရွာဦးစေတီ ထီးတော်အသစ် တင်လှူ ပူဇော်အတွက်
စိတ်မပူဖို့ ၊ ထီးတင်ပွဲမှာ ဆရာတော် စိတ်ကြိုက် ဆောင်ရွက် ဖို့၊ ပြီးတော့ ထီးတင်ပွဲအတူ ရဟန်းခံ ပွဲပါထည့်ချင်လို့ပါ ဘုရား လို့ လျှောက်တော့ ဆရာတော်က ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်တယ်ဗျ။ အဲဒါနဲ့ ထီးတင်
ဖို့ ရက်သတ်မှတ် ပြီး ကျုပ်လည်း အိမ်ကို ပြန်လာခဲ့တယ်။
""ယောကျာ်း...ဆရာတော်ကဘာပြောလဲတော့.....အလှူကိုလက်ခံလား""
""နေပါအုံး...မိန်းမရာ ...ရေလေးတော့...သောက်ပါရစေ""
""သောက်ပါတော်..သောက်ပါ""
""ဆရာတော်က ...လက်ခံပါတယ် မိန်းမရာ....ပြီးတော့ ဆရာတော်က မေးခိုင်းလို့ ...မိန်းမကို ...မေးရအုံးမယ်""
""ဘာမေးမှာလဲ...ယောကျာ်း..မေးလေ""
""ထီးတင်ပွဲမှာ....""
""အင်း...ဆက်ပြောလ""
""ယောကျာ်းရယ်..အုန်းမောင်ရယ်....သိန်းမောင်ရယ်... သုံးယောက်ရဟန်းခံမလို့ ....အဲဒါ မင်းမိန်းမ က ခွင့်ပြုသလား
တဲ့... ဆရာတော်ကမေးလို့ ..မိန်းမက ခွင့်ပြု မှာလား""
""ယောကျာ်း ... သင်္ဃန်းဝတ်မယ်ဆိုတာ .... တကယ်လား""
""ဟ...တကယ်မို့လို့ ...မိန်းမကိုမေးနေတာလေ ""
""ပျော်လိုက်တာတော့် ....ကျုပ်ကလည်း ဝတ် စေခြင်တာ .... ကြာပေါ့တော့ ...""
""ဒါဆိုရပြီ မိန်းမ... ဟင်းကျက်ပြီလား""
""ကျက်လို့ ....ချိုင့်တွေ ထဲတောင် ထည့်ပြီးပေါ့""
"ဒါဆို ...ယောကျာ်း ... ဘဲခြံ သွားပြီမိန်းမရေ""
ကျုပ်လည်း ဘဲခြံရောက်တော့ အုန်းမောင်တို့ နှစ်ယောက် အလုပ်တွေ များနေကြတယ်ဗျ။ ဘဲဥပို့ဖို့ အလုပ် တစ်ခု တိုးလာတယ်လေဗျာ။ ကျုပ်လည်း ထမင်းဝိုင်းပြင်ပြီး သူတို့ ကို ထမင်းစားဖို့ခေါ်ရတာပေါ့ဗျာ။
""အုန်းမောင် ...""
""ဘာလဲဖိုးတေ..""
"" မင်းတို့... နှစ်ယောက် ကို .... ငါ့ပြောစရာရှိတယ်""
""ပြောလေးကွာ...မင်းကလည်း ...စကား ပလ္လင်ခံနေသေးတယ်""
""ငါရွာဦး စေတီ ... ထိးအသစ် တင်ဖို့... အတွက် ဆရာတော်စီလျှောက်ခဲ့ပြီပြီ""
""ဟာ ... ဟုတ်လှပါလားဖိုးတေရ .... အဲဒီလိုကြာရတော့ ဝမ်းသာတယ်ကွာ""
""ပြီးတော့... မင်းတို့ ..နှစ်ယောက်ပါ ငါနဲ့ ...အတူ သင်္ဃန်း ဝတ်ရမယ်""
""ဗျာ..!! ကိုဖိုးတေ...တကယ်လား ..မနောက်ရဘူးနော်""
""တကယ်ပေါ့ဟ .... မင်းတို့ကို ...နောက်မလား""
""ဝမ်းသာလိုက်တာဗျာ .... ကျုပ် .. ဒီအရွယ်သာရောက်တာ ...ခုထိ သင်္ဃန်မစည်းဖူးသေးဘူးဗျ""
""ပြီးတော့... လူထွက်လာတဲ့ အချိန်ကြရင် ...ငါ..ဒီဘဲခြံကို..ရောင်းမယ်""
""ဘာလို့လဲဖိုးတေ..... ဘဲခြံက ဒီလောက်အောင်မြင်နေတာကိုကွာ""
""ငါ့စကား ဆုံးအောင်နားထောင်ပါ .... အုန်မောင်ရာ... ရောင်းရတဲ့ ပိုက်ဆံကို .... သုံးပုံ အညီအမျှပုံပြီး တစ်ယောက် တစ်ပုံ ခွဲပေးမယ်""
""ကျုပ်တို့က ဒါတွေ လိုချင်လို့ ... ကူညီတာမဟုတ်ဘူး ...ကိုဖိုးတေ""
""ငါသိပါတယ်ကွာ .... ငါကိုကူညီတဲ့ .... မင်းတို့မှာလည်း ...မိသားစုတွေရှိသေးတယ်လေ""
""မဟုတ်သေးပါဘူး.... ဖိုးတေရာ""
"" ဟုတ်ဟုတ် ...မဟုတ်ဟုတ်... လျှာမရှည်ကြနဲ့ ...ငလူး စိတ်မရှည်ပါဘူးဆိုမှ""
အဲဒီလိုနဲ့ ထီးတင်တဲ့နေ့ ရောက်လာရောဗျ။ ကျုပ်တို့ အလှူ မှာ လာသမျှ ဧည့်ပရိတ် အကုန် ထမင်းကျွေးတယ်ဗျို။ ခင်ဗျာတို့ပါ လာစားပါလားဗျ။ ထီးတင်ပွဲ စည်ချက်ကဗျာ ပတ်ဝန်းကျင်ရွာတွေကပါ လာကြ
တာဆိုတော့ ဘာပြောကောင်းမလဲ ။ ထီးတင်ပွဲ ပြီးလို့ နေ့လယ် ဘက်မှာ ကျုပ်တို့
သုံးယောက် ရဟန်းခံပွဲပေါ့ဗျာ။ ကျုပ်မိန်းမ က ကျုပ်ကို သင်္ဃန်း ဝတ်ရတော့ မျက်ရည်တွေကျလို့ဗျ။ ကျုပ်တို့
သုံးယောက် က တစ်ခါမှ သင်္ဃန်း မဝတ်ဖူးကြတော့ ခေါင်းလေးတွေ ပွတ်ခါပွတ်ခါနဲ့ မနေတတ်ဖူးဗျ။
ညနေဘက် ကိစ္စတွေပီပြီဆိုမှ ဆရာတော်ကို အကျိုးအကြောင်းလျှောက်ပြီး ကျောင်းက ကပ္ပိယ
နဲ့ အတူ အင်းကုန်း ရွာဘက် ထွက်လာခဲ့တယ်။ အင်းကုန်း ရွာရောက်တော့ ကပ္ပိယ ကို ရွာထဲမှာ ခဏစောင့်ခိုင်းပြီး
ကျုပ်ကတော့ မင်းသမီးကုန်းဘက်က ကျီးပင်အောက်မှာ ကျုပ်အလာကို မျှော်နေမဲ့ ကျုပ်မိတ်ဆွေ ကိုမိုးမှောင်
ရှိရာ အရပ်ကို တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ထွက်လာခဲ့တယ်ဗျာ။။
🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆🎆နောက်တစ်နေ့ ကျုပ်တို့ ပြန်လာတော့....

Comments
Post a Comment