အာဠာဝကဖိုးတေ နင့် မိစ္ဆာ ရှင်းတမ်း အပိုင်း (၁)+(၂)
ကျုပ်အတွက်ဒုတိယမြောက်ခြေလှမ်းပါ။ ဝေဖန် ပေးကြပါနော်။
အာဠာဝကဖိုးတေ နင့် မိစ္ဆာ ရှင်းတမ်း
(၁)
ကျုပ် နာမည် က တေဇ. အများကခေါ်တာက ဖိုးတေပေါ့ဗျာ။ ဘာဖြစ်လို့အာဠာဝကဖိုးတေ လို့ခေါ်လဲသိခြင်မှာပေါ့ ။ကျုပ်ဘဝ အစက ဒီလိုဗျ
မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသ က ကျေးရွာ နာမည် က ဇီးတောရွာ။ ရွာထဲဝင်လိုက်ရင် ရွာအဝင်လမ်းမြောက်ဘက်က ထန်းရွက်နဲ့ မိုးထာတဲ့ တဲသာသာ အိမ်လေးတစ်လုံး အိမ်ထဲကစကားအသံ ကြားနေရတယ်.....
"ကိုဖိုးစည် ကျုပ်တို့မလဲ အိမ်ထောင်ကျတာ ကြာပေါ့ ခုထိ သားသမီးမရသေးဘူးတော့ ဘယ်နှဲ့လုပ်ကြမတုန်းတော့''
"ဟာမယ်မြရ ကလေးမရတာ ငါလဲ မတတ်နိုင်တော့ဘူးလေ ဟာ ငါတို့ အတိတ် က ကုသိုလ်နည်း ခဲ့လို့နေမှာပေါ့ဟ''
""ဒါဆို တော်နဲ့ကျုပ် ရွာထိပ် ညောင်ပင် ကြီးမှာ သားဆုပန်ရအောင်တော်''
""အေး အဲ့ဒါကောင်းတယ် မယ်မြ. မသွားခင် ဘုရား ဖူး ငါးပါးသီလယူ ပီးမှသွားရမယ်ဟ'''
""ဒါဆိုကျုပ်မနက်အစောကြိးထ ပြိး ဘုရား ဆွမ်းကပ်ဖို့နဲ့. ညောင်ပင် က ပုဂ္ဂိုလ် ကြိးပါပူဇော်ဖို့ထချက်မယ်တော်''
မနက် အစောကြီး ထ ပြိး လင်မယာနှစ်ယောက် ချက်ပြုတ်ပြိး ဘုရား ဆွမ်းကပ်ပြိး ညောင်ပင် ကြိးဆီကိုထွက်ခဲ့တယ်။
""မိန်းမ. ညောင်ပင် မှာ ပူဇော် ဖို့အကုန်ပါတယ်နော် ''
""ပါပါတယ်တော် ကျုပ်ကမေ့မလားတော့''
ညောင်ပင် အောက်ရောက် တော့ တောင်းလေး အောက်ချ ပူဇော်ဖို့ပြင်ဆင်ပြိး လင်မယား နှစ်ယောက် ဆုတောင်းကြတယ် ဗျ
""ညောင်ပင် မှ နေထိုင်ပါသော ပုဂ္ဂိုလ် ကြီးခင်ဗျာ ကျုပ် တို့လင်မယာနှစ်ယောက်မှာ အားကိုးစရာ သားသမီး မရှိဖြစ်နေပါတယ် ကျုပ် တို့ကို သားသမီး တစ်ယောက်လောက် ပေးသနားပါခင်ဗျာ''
""ဟုတ်ပါတယ် ပုဂ္ဂိုလ် ကြီးရယ် ကျွန်မတို့ လင်မယါ် က ခုချိန်ထိ သူတပါး အသက်ကိုဘဲမသတ်ခဲ့ပါဘူး အကုသိုလ် ကင်းနိုင်သမျှ ကင်းအောင် နေထိုင်ခဲ့ကြပါတယ် ဒါကြောင့် ကျွန်မတို့ကို သားသမီး ရတနာ တပါးလောက်ပေးသနားပါရှင်''
အဲ့လို့သားဆုပန်ပြိး ကျုပ် မိဘ နှစ်ပါးလဲ လယ်လုပ် ဘာလုပ် နဲ့ မေ့မေ့ ပျောက်ပျောက် ဖြစ်သွားကြတယ်ဗျ။ အဲ့ဆုတောင်ပြိး ၃လ အကြာမှ ကျုပ်အမေ. အိမ်မက်တခု မက်တယ်ဗျ အိမ်မက်ထဲမှာ ဘီလူး ကြီးယောက် က
""အမေ သား အမေတို့နဲ့လာနေပါရစေ. လူပြည်မှာ မကောင်းသူပယ်ကောင်းသူကယ် လုပ်ရမဲ့ ကိစ္စ လေးတွေ ရှိနေလို့ပါ ကျုပ်က အာဠာဝက. နတ်ဘီလူးပါ ''
""အမလေး မင်းက ဘီလူးကြီး လာ ဒါဆို ငါတို့ဆီ မလာနဲ့. ငါတို့ကြောက်တယ်''
""မကြောက်ပါနဲ့ အမေ သားက အာဠာဝက ဘီလူး ဆိုပေ့မဲ မကြမ်းတမ်ပါဘူး သား က သာသနာ ပြုဖို့ လူပြည်ကိုလာခဲ့တာပါ ဘယ်သူကိုမှ ဒုက္ခ မပေးပါဘူး စိတ်ချပါ အမေ''
ဘီလူး ကြိးက အဲ့လိုပြောပြိးပျောက်သွားသဗျ။
နောက်နေ့မနက်ကျ အမေက အဖေကို ပြောရောဗျို
""ကိုဖိုးစည် ညက ကျုပ် အိမ်မက်မက်တယ်တော့ ''
""ဟုတ်လားမိန်းမရ. ဘာလဲ ငါ့ရဲ့လယ်ထဲက ရွှေအိုးကြိးတွေ့တယ်တဲ့လား''
""တော်နော် ကျုပ်က အကောင်းပြောနေတာ မပြောင်ပါနဲ့ ဒါဆိုကျုပ်မပြောတော့ဘူး တော့ ''
""မိန်မကလဲ စတာပါဟ ပြော ဘာမက်လဲ
""ဒါဆို သေသေချာချာနာထောင် ညက ကျုပ်ဆီကို ဘီလူး ကြီး တစ်ကောင်လာတယ်တော့''
""ဘာ ဘီ..ဘီလူး... လူး ဟုတ်လား မိန်းမ''
""တော်က အဲ့ဒါဘာဖြစ်တာတုန်း''''
""ငါကြောက်လို့ ဟ မိန်းမ''
ဟားဟား ကျုပ် အဖေ ဖြစ်မဲ့သူ က သတ္တိတော့တယ်ကောင်းသဗျ
""တော်က လဲ ကျုပ်ကြောက်ဖို့လဲထားပါအုံး ကျုပ်တွေ့တာက အိမ်ရှေက အမေလို့ခေါသံကြားလို့ ထွက်ကြည့် မိတာ ထွက်ကြည်တော့ ဘာမြင်တယ်ထင်လဲတော့''
""ဟ မင်းမြင်တာ ငါဘယ်သိမတုန်းဟ ''
""ဘီလူး ကြီးတော် အိမ်ရှေက မန်ကျည်ပင်း ကျော်တယ် အရပ်ကြီးက ''
""ဟေ ဟုတ်လား ဟ အဲ့လောက်ကိုကြီးလား မိန်မ ရ နည်းနည်းလျှော့ပါအုံဟ''
""တော်မယုံနေ မပြောတော့ဘူး တော်''
""ဟဲဟဲ မိန်မ. ချစ်လိုစတာဘာဟ ပြောပါ''
""မန်ကျည်ပင် ကျော် တဲ့ အရပ်ကြီးက တဖြေးဖြေး သေးသွားတာ ကျုပ်တို့ အရွယ်လောက် ရောက်မှ ရပ်သွားတာ တော့ ပြိးတော့ ကျုပ်ကိုစကားပြောတယ်တော့ အမေ. သားက အာဠာဝက ဘီလူး ပါ သား လူပြည်မှာ သာသနာပြု ဖို့ မကောင်းသူပယ် ကောင်းသူကယ် လုပ်ဖို့အတွက် အမေဆီမှာသား လာနေပါရစေတဲ့''
""ဘာ အာ. . . အာဠာဝက ဘီ. . . လူး ဟုတ်လား မိန်းမ''
""ဟုတ်တယ် လေ. တော်ကဘာဖြစ်ပြန်ဒါလဲတော့''
""ကြောက်လို့ပါဆိုဟာ''
""ဒါဆိုကျုပ်ကဆက်မပြောရတော့ဘူးလား''
""ဟဲဟဲ ကြောက်တာက သပ်သပ် သိခြင်ဒါကသပ်သပ် အဲ့တော့ မင်းကဘာပြောလိုက်လဲ''
""အာဠာဝက ဘီလူး ဆို ကြောက်တယ်အမေ လက်မရဲဘူး ဘိုပြောလိုက်တယ်''
""သူကဘာပြန်ပြောလဲ''
""ပြောပါမယ်တော် တော်ကလဲ ကြောက်ပေလို့ဘဲ အမေ သားကအာဠာဝကဘီလူး ဆိုပေမဲ့ မကြမ်းပါဘူး ဂေါတမ ဘုရား ဟောခဲ့လို့ သား အကျွတ်တရာ ရခဲ့ပါပြိး ခု လူပြည်ကိုလာတာက သာသနာပြုခြင်လို့ပါ ပြိး အမေတို့တရွှာလုံးကိုသာ စောင့်ရှောက် ပါမယ် အမေစိတ်ချပါလို့ပြန်ပြောတယ် တော့''
""အဲ့ဒီ တော့မင်းကလက်ခံလိုက်တယ်ပေါ့ ''
""လက်ခံလိုက်တာပေါ့တော့''
""ကောင်းပကွာ''
အဲ့ဒီ လိုနဲ့ ကျုပ် ကိုယ်ဝန် စလွယ်ရရောဗျာ။ ကျုပ်အမေ ကျုပ်ကိုဝန်ရမှ ဘုရားတရား ပိုလုပ်လာတယ် အဖေက လည်းအလုပ်ကြိုးစားတာပေါ့ဗျာ။ဒီလို့နဲ့. ကိုးလလွယ်လို့ ဆယ်လ ဘက်ရောက်လာရောဗျ ကျုပ်ကိုမွေးတော့မဲ့အချိန်ပေါ့ဗျာ။ ကျုပ်ကိုမွေးတဲ့အချိန်က တပေါင်း လ လပြည့်ည ဗျ ကောင်းကင် မှ ဘီလူး နတ္ခ ထွန်းလင်းနေတဲ့အချိန် ကျုပ်အမေ ကျုပ်ကိုမွေးနေတာ တနာရိကြာပြီ ဗျ မွေးမရသေဘူး ဘယ်မွေးရမလဲ အဲ့အချိန် အမေက အသားစိမ်း ငါးစိမ်း စာခြင်လို့တဲ့တောင်တာ ဘယ်သူမှ မပေးရဲကြဘူးဗျ။ ကျုပ်အမေက မွေးခန်းထဲကအော် လေ အိမ်ရှေက. ကျုပ်အဖေ ပြာယာခတ်လေဘဲဗျ ။
""မယ်လှ တို့ မယ်ခ တို့ ငါမိန်းမ. အခြေနေ ကောင်းလား ဟ''
""ဒီအတိုင်ဆို အခြေနေ. မကောင်းဘူးတော့ ကလေးရော လူကြီးပါ အသက် အန္တရယ် ရှိတယ်တော့ ''
""ဟ အဲ့ဒါဆို ငါဘာလုပ်ရမလဲ ပြောကြပါဟ''
""သူစားခြင်တာ ကျွေးလိုက်ပေါ့တော်''
""အေးကျွေးမယ်ဟာ ဟကောင် မောင်စိန် ရွာအရှေပိုင်းမှာ ဘကြီးပေါ်းတို့ အမဲပေါ်တယ် သွားယူခဲ့ မြန်မြန်သွား''
ကိုမောင်စိန်လဲ သုတ်ခြေတင်းတော့တာဘဲဗျာ။ကိုမောင်စိန် သွားနေတုန်း ကျုပ်တို့ ဝိုင်းရှေ့ကို ဝတ်ဖြူစင်ကြယ် နဲ့ ပုဂ္ဂိုလ် တစ်ဦးရောက်လာတယ်ဗျ။ အဲ့ ပုဂ္ဂိုလ် က ကျုပ်အဖေကိုမေးသဗျ
""သား ဒီအိမ်မှာ ဘီလူး ဝင်စားပြိး ဘီလူး နက္ခတ် နဲ့မွေးလာမဲ့ကိုယ်ဝန်ဆောင် ရှိလား''
""ရှိပါတယ် အဘ ရှိပါတယ် အခု သူ မွေးဖွားရခက်နေလို့ပါအဘ''
""ဘာလို့ခက်တာလဲသား''
""သူက သားစိမ်း ငါးစိမ်း စားချင်တယ်ပြောတယ် အဲ့ဒါ မကျွေးဘဲထားလို့ ကြာနေတယ်ထင်လို့ အခု သားစိမ်း သွားယူခိုင်းလိုက်တယ် အဘ''
""တယ်မိုက်တဲ့ ကလေး တွေဘဲ တော်သေးလိုပေါ့ အဘရောက်တာမြန်လို့. သူကို အသားစိမ်း မကျွေးရဘူး ကျွေးလိုက်ရင် လူတွေအားလုံးသေကုန်ကြမှာကွယ် ရော ဒီပုလင်း ထည်း ကရေနဲ့ မင်းမိန်းမကို ခေါင်က သပ်ချပေးလိုက်''
ဆိုပြိး ကျုပ်အဖေ ကို ပုလင်းလေး တလုံးပေးတယ်ဗျ။ ကျုပ် အဖေက ပုလင်းလေး အမြန်ယူပြိး မမယ်ခ တို့ကို လုပ်ခိုင်းလိုက်တယ်ဗျ ။ မမယ်ခတို့. ပုလင်းလေး ထဲကရေနဲ့ ကျုပ်အမေ ခေါင်းက နေသပ်ချ ပေးလိုက်ရော တစ်ရွာလုံးရှိသမျှခွေးတွေ အကုန်အူတော့တာဗျို့။ ခွေးတွေလဲအူရော ကျုပ်ကို မွေးတော့တာဘဲဗျ
""အူဝဲး. . အူဝဲး. . . ""
""မယ်ခ မယ်လှ တို့ ဘာလေးတုန်းဟ''''
""ကိုဖိုးစည် ရေ ယောကျ်ား လေးတော့ ယောကျ်ား လေ ''
""ဟင်း. . ကလေးရင်ဘတ်မှာ ဘာကြီးလဲတော့''
""မယ်လှ ကလေး ရင်ဘတ်မှာဘာပါလို့လဲဟ''
""ကိုဖိုးစည်း ကလေရင်ဘတ်မှာ. .. .. .. . . . ?
. . . . . . . . . . .. . . . . #. . . . . . . . . . . . . . . . . . . . .
""ကိုဖိုးစည်း ကလေး ရင်ဘတ်မှာ ဘီလူး ပုံကြီးတော့ ဆေးထိုးထားသလို မဟုတ်ဘူးတော့ အသားက အပေါ်ကို ကြွပီး ဘီလူးပုံ ပေါ်နေဒါတော့••
•• ဟာ ဟုတ်လားဟ ငါ ကြည့်လိုရပြီလားဟ••
•• ခဏလေးတော့မျက်နာမှာလည်းဘီလူးပုံလေးပါတယ်တော့••
••ဟုတ်လား ဒါဆိုရင်တော့မဖြစ်သေးဘူးရွာဦကျောင်းဆရာတော် ကိုသွားလျှောက်ရမယ် ဟ••
•• မနက်မှသွားလျှောက်ပါလား ဒီအချိန်ဆရာတော်ကျိန်းနေပြိကွ••
•• ဟုတ်ကဲ့ပါ ဘဒွေး••
အဲဒါနဲ့မနက်ကြကျုပ်အဖေရယ်ဘဒွေးထွန်းကြည်ရယ် သူကြီးဦးမောင်စိန် ရယ်လှူစရာ ပစ္စည်းတွေနဲ့ရွာဦကျောင်းကိုသွားကြတာပေါ့ဗျာ။ကျုပ်တို့ရွာဦးကျောင်းက အကျယ်ကြီးဗျ။ ကျောင်းအဝင်လမ်း ဘယ်ညာမှာ မန်ကျည်းပင်တွေ တန်းစီစိုက်ထားတာဗျ။တခြား နေရာတွေ့မှာတော့တမာပင်တွေရော မန်ကျည်း ပင်တွေရော စိုက်ထားဗျ။
•• မောင်ကျောင်းသား ဆရာတော်ကြီးရှိလားကွ••
•• ရှိတယ်ဘဒွေးထွန်းကြည် ကျောက်ပေါ် တက်သွားလိုက်••
•• အေးအေး ဘဒွေးတို့ တက်သွားလိုက်မယ်••
•• ဟ ဒကာကြီးထွန်းကြည်တို့ ဒကာကြီး မောင်စိန် တို့ပါလာ လာကြလာကြ နောက်က ဒကာဖိုးစည် မဟုတ်လား ဒါနဲ့မင်း မိန်းမကလေး မွေးတယ်ဆိုကွ လူကြီးရော ကလေးရော ကျန်းမာတယ်မဟုတ်လား••
•• တင်ပါဘုရား ခုလဲ တပည်တော်သား နဲ့ပတ်သက်ပြီးဆရာတော်ဆီလာခဲ့တာပါဘုရား သားအမိ နှစ်ယောက်လုံးကျန်းမာပါတယ်ဘုရား••
•• ဟ သားလေးမွေးတာလား မင်းတို့လင်မယားဟန်ကျတာပေါ့ကွာ ဒါနဲ့နေပါအုံးကွ ကလေးက ဘာဖြစ်နေလို့လဲဟ••
•• တင်ပါ့ တပည့်တော်သား ရင်ဘတ်မှာ အသားပို လိုလို အမာရွတ်လိုလို ဘီလူးပုံကြီးဘုရား ပြီးတော့ နဖူးမှာလည်း ဘီလူးခေါင်းပုံပါလာတယ်ဘုရား••
•• ဟေ. . .ဟုတ်လားဟ ဒါဆိုရင်တော့မဖြစ်သေးဘူးဆရာတော်ဆိုင်ရာပိုင်ရာတွေကိုမေးလိုက်အုံးမယ် ဒကာတို့ခဏနေကြအုံ••
ဆရာတော်က အဲလိုပြောပြီး ဘုရားခန်းဘက်ကြွသွားတယ်။ ငါးမိနစ် ဆယ် မိနစ်နေတော့ဆရာတော်ထွက်လာတယ်
•• အင်းဒကာ ဖိုးစည်ရေ မင်းတို့လင်မယားကံကောင်းတယ်လို့ပြောရမလားကံဆိုးတယ်လို့ပြောရမလါ် မသိသေးဘူး ဒကာဖိုးစည်မင်းသားက အာဠာဝကဘီလူး စောင့်ရှောက်တာကွယ် စောင့်ရှောက်မှုပေးတယ်ဆိုဒါထက်အာဠာဝကဘီလူး ကိုယ်ပွားလို့ ပြောရမှာပေါ့ ဒါပေမဲ့စိတ်မပူပါနဲ့နောက်တစ်ပတ်ကြာရင် ကလေးနဲ့သက်ဆိုင်သူ လာလိမ့်မယ်ကွ သူ့ကနေ ဆောင်ရန်ရှောင်ရန်တွေပြောလိမ့်မယ် ကလေးနာမည်ကိုတေဇလို့ပေးလိုက်••
••တင်ပါ့ ဘုရား ဒါဆိုတပည့်တော်တို့သူ့နဲ့သက်ဆိုင်သူကိုမျှော်နေရမှာပေါ့ဘုရာ ••
•• အေးအေးဒါဆိုလည်ဒကာတို့ပြန်ကြအုံး ဘုန်းကြီးလည် ဘုရားကန်တော့လိုက်အုံးမယ်
မနက်ဖြန်အပိုင်း၃ရှည်ရှည်လေးတင်ပေးပါမယ်ဗျ။

Comments
Post a Comment