အပြန်လမ်း


မြန်မာပြည် အလယ်ပိုင်းက မထင်းမရှာ မြို့ လေး တစ်မြို့.အနီးက ရွာလေးတစ်ရွာ ရွာနာမည်က ဇီးတော ရွာ အချိန် က ညနေဘက် နေမင်းကြီးက သူတာဝန်
ပြီးလို့ အနားယူတော့ မဲ့အချိန် လမင်း ကြီးက သူတာဝန် စတင် ထမ်းဆောင် ဖို့ စတင်ထွက်ပေါ် လာတဲ့ အချိန် ပေါ့
ရွာအဝင် လမ်းမပေါ်မှာ. ..
ဆင်းရဲ ချင်း လွတ်ကင်းအောင် နှစ်လုံး ဒိုင် ကိုင် ပါမည်
ရတနာ ခုနှစ်သွယ် တကယ် ပင် ကုန်မည်  ရဲ ပါဖမ်း လိမ့်မည်
မွဲတဲ့သူ ပိုမွဲစေမည်.....အိမ် ရောင်းကာ လူပေါင်ရမည်
ဘမူးလဲ နဲ့ ပေါက်ကျော် မတို့. မတဲ့ ကိန်းဆိုက်မည်
""ဂီး..ဝုတ်..ဝုတ်.. ""
""ဟကောင် အောင်နက် ငါပါကွ မင်းကလဲ""
""အီးး... အီးး..""
ရွာလယ်လမ်းမ တစ်လျှောက် ခုနှစ်သံချီ ရှစ်သံချီ နဲ့ အဆိုတော် သုမောင် ဆိုထားတဲ့ နဂါးနီ သီချင်း ကို ဖျက်လို့ဖျက်ဆီးဆိုးလာတဲ့သူက တခြာသူ မဟုတ်ဘူး ဗျို့ ခင်ဗျားတို့ ဇာတ်လိုက်ကျော် ကြီး တေဇ ခေါ် ဖိုးတေ ဆိုတဲ့ ကျုပ်ပေါ့ဗျာ။ အခုက ကျုပ် မြိုပေါ်ကနေ ပန်းရံ လုပ်ပြီး ပြန်လာတာ ဗျ ရွာအဝင်မှာ ကျုပ် စီးလာတဲ့ စီးတော်ယဉ် စူပါကပ် အစုတ်က ဗွေ ဖောက်သွားလို့ အောင်ကြီး ဆိုင်မှာ အပ်ထားပြီး ကုန်းကြောင်း သီချင်း လေး ညည်းပြီး
လျှောက်လာတာ ဗျာ ကိုကြွက်နီ အိမ်က ခွေးက ကျုပ် အသံ ကောင်းလို့ ထင်တယ် ဂုဏ် ပြုနေတာလေဗျာ။ ဘာလိုလိုနဲ့ သီချင်းညည်း ပြီး လျှောက်လာတာ ကျုပ်အိမ်ကို လှမ်းမြင်နေရပြီ ဗျ။
အိမ်ရှေ့က လမ်းမီးတိုင် အောက်မှာ ကျုပ် လာမဲ့ လမ်းဘက်ကို မျှော်ကြည့်နေတဲ့သူ တစ်ယောက် ဘယ်သူရှိမလဲ ဗျာ ကျုပ် အမေ ဒေါ်မယ်မြ ပေါ့ဗျာ။ အခုဆို ကျုပ်အမေ အသက်က ခုနှစ်ဆယ် နားနီး ပြီးဗျ။
🎶အိမ်ဝိုင်း ပေါင်ကာ ရှိတာ ကုန်မှာ🎶🎶အကြွေးပါတင်အုံးမည်🎶နှစ်လုံးဒိုင် တွေက မနေခေတ်မှီ သူဠေး ဖြစ်တော့ မည်🎶🎶
""တိန် ""
""အား! ! ဟာ နောင်ကြီး ကျုပ် တောင်းပန်ပါတယ် ဗျာ ကျုပ်မူးနေလို့ တောငါ်ပန်ပါတယ် ဗျာ""
""သား ဖိုးတေ ဘာလုပ်နေတာလဲ သားရဲ့ ""
""ဟာ အမေ ဘာလို့ လိုက်တာလဲ ဗျာ""
""သား အသံ လမ်းထိပ် အဝင်ကတည်းက ကြားရ တယ် အိမ်ရောက် မလားလို့ အမေစိတ်ပူပြီး လိုက်လာတာ "
""အမေကဗျား ကျုပ် ကလေး မဟုတ် တော့ ပါဘူးဗျ ခုလည်း ဒီက နောင်ကြီး ကို ဝင်တိုက်မိလို့ တောင်းပန်ပါနေတာဗျ""
""ဘာ! !ကဲ့ဟာ""
""အားးးး အမေ နာတယ် ဗျ ဘာလို့. နားရွက် လိမ်ဆွဲတာလဲဗျာ""
""သောက်တာ က နှစ်ရာဖိုးလောက်နဲ့ သေချာ ကြည့် မင်း ကုန်းကုန်းပြီး ဦးချ နေတာ လူလား ဘာလဲ ဆိုတာ ""
""လူပါအမေရ""
""သေချာကြည့်ပါ ကြည့်ပါ""
အမေပြောမှ ကျုက်လည်း မျက်လုံး နှစ်လုံး ကို ပွတ်သပ် ပြုးပြဲ ကြည့်မိတယ် ။
""ဟာ အ‌မေ""
""ဘာလဲ ""
""ကျုပ်တောင်းပန်ပါနေတာ လူမှ မဟုတ်ပဲဗျ ဓါတ်တိုင်ကြီးဗျ ဟီးဟီး ""
""မပြောလိုက်ချင်ဘူး ပြောတော့ ဖိုးတေ လူလည် ပါတဲ့ လာသွားမယ် ထမင်းစား ဖို့ သားစောင့်နေတာ""
""ဟုတ် အမေ. ဒီမှာ အမေနဲ့ သား စားဖို့ ဟင်းဝယ် လာတယ် ဗျ""
အမေက ကျုပ်ကို တွဲပြီး သားအမိနှစ်ယောက် အိမ်ပြန် လာခဲ့ ကြတယ် ဗျ။ ကျုပ်အဖေလာ ကျုပ်ငယ်ငယ်က လယ်ထဲမှာ ပိုးထိပြီးဆုါ်တယ်ဗျ။ အမေက အဖေ ခေါင်းချသွားတဲ့ လယ်မို့လို့ မရောင်းဘူး တဲ့ ဗျာ။
ကျုပ်ကိုလဲ အလုပ်မခိုင်းဘူးဗျ။ သူများကို အငှါး ချထားတယ် လေ။ ကျုပ်တို့ သားအမိက မချမ်းသာဘူး ဗျ လူတန်းစေ့ နေနိုင်တယ်။ ဗျာ ကျုပ်က အရက်ကို ကြိုက်လို့သောက်တာ လား မဟုတ်ပါဘူး ဗျာ ပန်းရံ အလုပ်က
နည်းနည်း ပင်ပန်းတယ် ဆိုမှသောက်တာပါဗျာ။ ဒါပေမဲ့ မူးလာပြီ ဆို ရစ်တတ်တယ်ဗျ။
နောက် နေ့ မနက် ကြ အလုပ်သွားဖို့. အောင်ကြီး ဆိုင် ဆိုင်ကယ်ယူ ထွက်လာခဲ့တယ်ဗျ။ ဆိုင်ကယ်က မ
ပြီး သေဘူး ဗျ နောက်နေ့ မှရမှာဆိုတော ကျုပ်လည် အိမ်ပြန်လာခဲ့ တယ်။ ကျုပ်အိမ် ရှိတဲ့ လမ်းဘက်ကို အကွေ့
""တီး..တီးး....တီးးးးး""
""ရှေ့က လူကြီး ဖယ်.. မြန်မြန် ဖယ်""
""ဟ. .ဟ..က‌ေလးမ ""
""ဒုန်းး!!!!!""
""အားးးးး! !!!""
""အမလေး တိုက်မိ သွားပီ""
""ဂီး.ဂီးးး""
""ဦးလေးကြီး ...ဦးလေးကြီး ဟာ တက်နေတာလား မသိဘူး ""
""ဗြန်း ..ဗြန်းးး""
""ထွီး""
""ကလေးမ ငါကို ဘယ်ကရေ နဲ့ ပက်တာလဲ.ဝေါ့ ""
""ဟီး . အဲ့ လူကြီးက ခေါ်လို့ မရလို့ ဗွက်ထဲက ရေနဲ့ ပက်တာ""
""ဟာကွာ.. ထင်တော့ထင်သားပဲ နေပါ အုံး အမိက. ကျုပ်ကို ဘာလို့ ဆိုင်ကယ်နဲ့ တိုက်တာလဲ""
""မှူံက ခုမှ ဆိုင်ကယ် စီးတတ်ခါစ ရှိသေးတာ ပြီးတော့ ဦးလေးကြီးကို ဖယ်ခိုင်းတာ ဖယ်မှမဖယ်တာကို""
""မြတ်စွာဘုရာ ကျုပ်ကို တောင်ပြန်ပြီး တရားစွဲ မလားမသိဘူး ""
""ဒါနဲ့ ဦးလေးကြီး ""
""ဘာလဲဟာ ""
""ဘယ်ခိုက်မိသွားလဲ""
""ဒီနေ....ဟာ ဘယ်ခိုက်မိတော့ အမိက ဘာလုပ်မလို့လဲ""
""မဟုတ်ပါဘူး ဆေးခန်းပြသင့်ရင် ပြရအောင် လို့မေးတာပါ""
""ရတယ် ဘယ် ဆေးခန်း မှ သွားစရာမလိုဘူးရတယ် ဆေးဖိုး ပေး""
""ရှင့်......ဆေး.ဆေးဖိုးက ဘယ်လောက်လဲ.. ဟင်""
""ဘာလဲ မပေးချင်ဘူးလား ရတယ် လာလိုက်ခဲ့ ""
""သူကြီးဆီ သွားမလို့""
""သူကြီးဆီ တော့ မသွားပါနဲ့ ဦးလေးကြီးရာ မှူံမှာ ပိုက်ဆံ ငါးထောင်ပဲ ပဲ ပါလို့ပါ""
""ဒါဆို ပါတဲ့ ပိုက်ဆံပေး ""
""ဟုတ်ကဲ့ ဦးလေးကြီး တောငါ်တဲ့ ပိုက်ဆံ လဲပေးပါမယ် သူကြီးတော့မတိုင်ပါနဲ့နော်""
""မတိုင်ဘူးစိတ်ချ ပိုက်ဆံပေး""
""ဟုတ်ဟုတ် ..ရော့ဦးလေးကြီး""
""ပေး..""
ကျုပ်လည်း မှူံ ဆိုတဲ့ အမိလေး ပိုက်ဆံ ငါးတောင် ယူပြီး အိမ်ပြန်လာခဲ့တယ်။ လမ်းသွား လို့တော့ အဆင်မပြေဘူး ပေါ့ဗျာ ။ ဟုတ်တယ် လေဗျာ ဆိုင်ကယ်က ကျုပ် ပေါင်ဂွ ဝင်တိုက်တာ လေ ကံကောင်းလို့ မသေတာဗျ။
မှူံလဲ လည်း စောနက လူကြီးကို ဆိုင်ကယ်နဲ့ တိုက်မိတော့ ဆိုင်ကယ်ကို ဆက်မစီးရဲ တော့ဘူး ။ ဒီအတိုင်း တွန်းပြီး အိမ်ပြန်လာခဲ့တယ်။ ခြေထောက်က တော့ နည်းနည်းတော့ နာနေတယ် ။
""မှူံ.. ညီမလေး ဘာဖြစ် လာပြန်ပြီ လဲ""
""လမ်းမှာ လူတစ်ယောက်ကို တိုက်မိလာလို့ မမနှင်း""
""အကြီး စကား မှ နားမထောင်တာကို အတိုက်ခံ ရတဲ့ သူ ဘာဖြစ်သွားသေးလဲ ""
""ဘာမှ တော့ မဖြစ်ဘူး ထင်တာဘဲ မမနှင်း""
""တော်သေးတာ ပေါ့ ညီမလေး ရာ""
""ဒါပေမဲ့.... ""
""ဒါပေမဲ့ ဘာဖြစ်လဲ ပြောလေ ညီမလေး ""
""ဒါပေမဲ့ မှူံ ဆိုင်ကယ်နဲ့ တိုက်မိတဲ့ ဦးလေးကြီး က ချောတယ် မမရ""
""အော်... ဘာများလဲလို့. မှူံနံသာ နော် တော်မိဘ တွေက ကျောင်းပိတ်ရက် လွတ်လွတ်လပ်လပ် နေရအောင် ကျုပ်တို့ရွာကို လွတ်လိုက်တာနော် ယောကျ်ား ရှာဖို့မဟုတ်ဘူး""
""သိပါတယ် မမနှင်းကလည်း ဒါနဲ့. အဲ့ ဦးလေးကြီး နာမည် မမသိလား ""
""အင်းး.....ညီမလေး ပြောတဲ့ ပုံအရဆို တေဇနေမှာ""
""ဦးလေးကြီးနာမည် က တေဇတဲ့ လား မမ လူပုံစံနဲ့ နာမည် နဲ့ ကွက်တိပဲ ဟီးဟီး ""
""ကောင်မလေး နော် ပြောနေတဲ့ ကြားက..... ""
""ဖြန်းးး.......!!""
""အားးး... မမ နာတယ် ""
""နာရင်သေ. သွားရေချိုးတော့""
ကျုပ်လည်း နောက်နေ့ အလုပ်သွား ညနေ ဆိုပြန် လာ အဲလို နေလာရင်း တလဆို တဲ့ အချိန်က ခနလေးဗျ။
ကျုပ်အမေကလည်း ကျုပ်ပြန်ရောက်ရမဲ့အချိန် မရောက်ရင် အိမ်ရှေ့က ထွက်မျှော်နေကြပေါ့ဗျာ။ ကျုပ် အမေကို
တခါပြောဘူးတယ် အိမ်ရှေ့ထွက်စောင့်နေတာနဲ့ ပတ်သက်ပြီး တော့လေဗျာ ကျုပ်က အဲလို မစောင့်ဖို့ ပြောတော့
အမေကဘာပြောတယ်ထင်လဲဗျ......
""ဖိုးတေ... သားက အမေကိုစိတ်မချလို့ ပြောတာ အမေသိပါတယ်""
""ဒါဆို လဲ အမေက အိမ်ထဲက စောင့်လေဗျာ""
""ဟဲ့....ဖိုးတေ. နောက်အဲ့လိုစကားဘယ်တော့မှ မပြောနဲ့. အမေပြောမယ်သား .. သားသမီးတွေ ဘယ်အရွယ် ရောက်နေပါစေ မိဘတွေ မျက်စိ ထဲမှာ ကိုယ့်သားသမီး ကို ဘယ်ချိန် ကြည့်ကြည့် ကလေးလို့ပဲ မြင်ရတယ်ဟဲ့""
""ဟုတ်ကဲ့ အမေ သားမသိလို့ပါ ပြီးတော့ အမေကိုစိတ်မချလို့ ပါ""
""အဲဒါ မိဘ တိုင်းက သားသမီးတွေ အပေါ် ထာတဲ့ ချစ်ခြင်းမေတ္တာ ဘဲသား ""
ကျုပ်လည်း အဲဒီ နေ့ကစပြီး အမေကို ထွက်မစောင့်ဖို့ မပြောရဲတော့ဘူး ဗျ။ မနက်ကြ ဥပုသ်နေ့ ဆိုတော့
ပန်းရံ နားတယ်လေ ။ ကျုပ်လည် အမေ ရေချိုး ဖို့ ကအစ လုပ်ကိုင် ပေးပြီးတော့ ရွာထဲကို ထွက်လာခဲ့တယ်ဗျ။
""သားဖိုးတေ""
""ဗျာ..အမေ""
""ဘယ်သွားမလို့လဲ သား""
""ရွာထဲ ခန ပါအမေ""
""သွားတာကသွား အရက်တွေ သိပ်သောက်မလာနဲ့နော်""
""စိတ်ချပါ အမေရ""
""ပြောတာပဲ ..ငါမပြောလိုက်ချင်ဘူး သွားမှာ ဆိုမြန်မြန်သွား မြန်မြန်ပြန်လာ ""
""ဟုတ်ကဲ့အမေ ""
ကျုပ်လဲ အမေနဲ့ စကားပြော ပြီး ရွာထဲကိုထွက်လာခဲ့တယ်ဗျ။ လမ်းမှာ ချက်ကြီးနဲ့တွေ့တော သူက အဖော်စပ်တာနဲ့ ရွာလယ်ပိုင်းက ကိုချက်ဖောင်း အရက်ဆိုင်ကို နှစ်ယောက်သာ ထွက်လာခဲ့တယ်ဗျ။ ဆိုင်ရောက်တော့ လူစုံနေပြီလေဗျာ။ ကျုပ်လည် ကောင်းနေပြီးပေါ့ဗျာ။အဲဒီအချိန် ကျုပ်တို့ ရွာသူကြီး ဦးထွန်းကြည်
ဆိုင်တယ်ကိုဝင်လာတော့ တစ်ဆိုင် လုံး ကိုတိတ်ဆိတ်သွားတာဘဲဗျို့။
""ချက်ကြီး အေ့းး...ဂေးးး""
""ဘာလဲ ..အွတ်...... ဖိုးတေ ""
""သချီးက ဘာလာလုပ်တာလဲကွ ဂေးးး""
""သူကြီးတော့လုပ်ပါကွ ဖိုးတေ ရ""
""အေးပါ..ငါ့မူးနေတယ်လေကွား""
""သူဆေးဖော်ဖို့ ချက်အရက် လာဝယ်တာ နေမှာပေါ့ ကွ အွတ်.. ""
""ဟုတ်လား ""
""‌အေး""
""ဒါဆို ငါသူကြီးကို မေးစရာရှိတယ် သွားမေးလိုက်အုါ်မယ် ငါစောင့်အုန်းနော်""
""ဟာ..ဟကောင် ""
ကျုပ်လဲ ချက်ကြီးတို့ကိုပြောပြီး သူကြီးဦးထွန်ကြည်ရှိတဲ့ ကောင်တာ ကို လာခဲ့တယ်ဗျ။
""သူကြီး .အေ့.....ဘာလာဝယ်တာလဲဗျ...အေ့...""
""အော်..ဖိုးတေ. ဆေးဖော်ဖို့ ချက်အရက် လာဝယ်တာ ပါကွာ ""
""ဟုတ်လား.. ဂေးး...သူကြီးကို မေးစရာရှိလို့.. ""
""ငါ့တူ ဖိုးတေ မူးနေရင် အေးဆေးနေပါကွာ နော်""
""ဘာလဲ သူကြီးက ကျုပ် မေးတာတွေ မဖြေရဲ့လို့လား ဂေးး..ဝေါ့..""
""ဒါဆို မေးကွာ မေး မြန်မြန် တော့ မေး""
""ရတယ် မြန်မြန် မေးမယ် ပထမ မေးခြင်တာက အစိုးရ က ဖုန်ကဒ်တွေ ချပေးတော့ သူကြီးက မဲပြန်ဖောက်ပေးတယ်လေ...အေ့.....!!""
""အေးဟုတ်တယ်လေ""
""ဒါဆို မဲက သူကြီး အမျိုးတွေ ကြည့်ဘာလို့ကျတာလဲ.....ရှင်းအဲဒါရှင်း""
""အဲ့ဒါ ငါကဘာလို့ရှင်းရမှာလဲကွ သူတို့ ကံကောင်း လို့ပေါက်တာလေကွာ""
""ဟုတ်ပါပြီ.. ထားလိုက်ပါ.... နောက်တစ်ခုက. မနှစ်က ရွာထဲက လမ်းတွေ ပြင်ဖို့ အတွက် ပိုက်ဆံ ကောက်တယ်လေ""
""ဟုတ်တယ်လေ.. ရွာလယ်လမ်းမှာ ခင်းထားတာ မင်းမတွေ့ဘူးလာကွ""
""ဟာ သူကြီးပြောတော့ ရွာထဲကလမ်းတွေပြင်ဖို့ ဆိုဗျ သူကြီး မညစ်နဲ့နော် လူကြီးဖြစ်နေပြီ တော့ ""
""ဖိုးတေ မင်းနော် ....မူးနေရင်အေးဆေးနေ..ဟိုကောင်တွေ မင်းတို့ လူလာခေါ်ကြ မဟုတ်ရင် မင်းတို့ကို ပါ ထိတ်တုံး ခတ်မယ်""
""ဖိုးတေ လာပါကွာ သူငယ်ချင်း ရာ မင်းကတော့ တကယ် ပြသနာ ကောင်""
""ချက်ကြီး ငါမဆွဲနဲ့နော် ဒီသူကြီး ငါ့တို့ကို မဖမ်းရဲပါဘူး ကွာ ဖမ်းရင် နောက်နှစ် သူကိုမဲမပေးဘူးပေါ့ဟားးး""
""ဖိုးတေ. မင်းနော် ""
""ပြီးတော့ သူကြီးက ဒီရွာက သူကြီး ဖြစ်ပြီးတော့ အရေးကြီးတဲ့ သတင်း ကျမသိဘူး အဲဒါ သူကြီးညံတယ်""
""ဟဲ့ကောင် ဖိုးတေ.... ငါသူကြီး.. ငါမသိတဲ့ ကိစ္စမရှိဘူး ကွ""
""သေချာတယ်နော် သူကြီး....ဂေးးး!!""
""သေချာတယ် ကွာ မင်းကြိုက်တဲ့ ဟာပြော""
""ဒါဆိုရင်. ဂေးး!!....သူကြီးသမီး နှင်းနု ရွာမြောက်ပိုင်းက အောင်သောင်းနဲ့ ကြိုက်နေတာ သူကြီးသိလား""
""ဟားးးးး! !!""
""ဟေကောင် တွေ မင်းတို့ကပါ ထိတ်တုံး စားမိချင်လို့လားကွ....ဖိုးတေ မင်းပြောတာ သေချာ တယ် နော်""
""သေချာတယ် ""
""အေး..ငါ့သမီး မေးကြည့်လို့မဟုတ်ဖူးဆိုရင်တော့ကွာ....""
""မေးပါ မေးပါ""
""ချက်ကြီးနဲ့ အောင်ပု... မင်းတို့ ကောင်ကို တွဲပြီး ခေါ်ခဲ့ကြ""
သူကြီး ဦးထွန်းကြည် ရှးရှးရှဲးရှဲးနဲ့ထွက်သွားတယ်။ ချက်ကြီးနဲ့အောင်ပု ကသူကြီးကြောက်လို့ ကျုပ်ကိုတွဲပြီး သူကြီးအိမ် သုံးယောက် သာထွက်လာခဲ့ကြတယ်ဗျ။ သူကြီး အိမ်ရှေ့ရောက်တော့ သူကြီးက သူသမီးကို ရိုက်နေတာဗျို့။
""မိနှင်းနု.... ညည်းက ငါတို့ မိဘတွေကို ခွေးဖြစ်အောင်လုပ်တာလား""
""ဖြန်း...ဖြန်း""
""အဖေ... ကိုအောင်မှာ ဘာအပြစ်တွေ ရှိလို့လဲ....အီးဟီးးးး"""
""ဒီလောက် ရိုက်နေတာကို.. ကိုအောင် တဲ့...ကဲကွား""
""ဖြန်း...ဖြန်း...ဖြန်းးးးး!!!"""
""အိးဟီးး..အဖေ.!!!သမီးကို သတ်ချင်ရင် သတ်ပလိုက်""
""ဒုန်း... ဒုန်း..... ဒုန်းးး""
""ကိုထွန်းကြည်.... ကျုပ်တို့ သမီး လေး ခေါ်လို့ မရတော့ဘူး တော့ လုပ်ပါအုံး ""
""နင်သမီး ဒီလောက် နဲ့ မသေဘူး စိတ်ပူမနေနဲ့""
""မဟုတ်ဘူး ကိုထွန်းကြည် သမီးက လှုပ်ကို မလှုပ်တော့ဘူး တော့ လုပ်ပါအုံး တော့.. အိးဟီး း း း""
""ဟာဟုတ်လား.....သမီး.....သမီး... ငါသမီးလေး ကိုယ်ကျိုးနည်းပြီးထင်တယ်ကွာ""
နှင်းနုက ရှက်ပြီးတော့ အိမ်တိုင်နဲ့ ခေါင်းနဲ့ ‌ပြေးပြေးစောင့်တာဗျာ။ နဖူးကွဲးပြီး သွေးတွေ စီးကျလာတာအများကြီးဗျ။ ပြီးတော့ သတိမေ့လဲသွားတာ သူကြီးတို့ လင်မယား ပျာယာခတ် လို့ ဗျာ။ ခနနေတော့
နှင်းနု သတိတရ လား တယ်ဗျ။
""ဖယ်စမ်း""
""သမီးလေး..နှင်းနု.... သမီး သတိထားလေ....သမီး ""
""ဘာသမီးလဲ.....ငါက နင်တို့ သမီး မဟုတ်ဘူး ဟေးးး ""
""သမီး... နှင်းနု အဖေနဲ့အမေ လေသမီး... ""
""ဘာအဖေလဲ...ဘာအမေလဲ.......ငါနှင်းနု မဟုတ်ဘူး. ငါနာမည် ငနက်ကြီးတဲ့""
""ဟာ....ဟင်!!!""
ဟုတ်တယ် ဗျ နှင်းနု စကာပြောပုံဆိုပုံ စကား ပြောတဲ့အသံ တွေ က အရင်တုန်း က ကျုပ်သိခဲ့တဲ့ နှင်းနု နဲ့
လုံးဝ တခြားစီ ဗျာ အခုဟာက ယောကျ်ား ကြီးတစ်ယောက်အသံ ဗျ။ ပြီးတော့ မျက်ကွင်းညိုလာတယ် မျက်ထောက်နီလာတယ်။ သူကြီးတို့ လင်မယား က အစကသတိမထားမိဘူးဗျ နောက်မှ သိတာ သူတို့ လည်း သမီး အတွက် စိတ်ပူနေတာ ဗျာ ကျုပ်တောင် စိတ်မကောင်း ဖြစ်မိတယ် ။
""သူကြီး""
""ဘာလဲ ဖိုးတေ ""
""နှင်းနု ကိုယ်မှာ မကောင်းဆိုးဝါး ကပ်နေတာ ထင်တယ် ဗျ""
""ဟုတ်တယ် ဖိုးတေ... အဲဒါဘယ်လိုလုပ်ကြမလဲဟ""
""ဒီလောက် ကတော့ ဖိုးတေ က သနားတယ် သူကြီး.. ကျုပ်လုပ်ပေးမယ်""
""ဟုတ်ပမလား ဖိုးတေ... တော်ကြာနေ.. ငါသမီးလေး တခုခု ဖြစ်နေပါမယ်ကွာ""
""မယုံဘူး ဆိုနေဗျာ သူကြီးတို့ ဘာသာ လုပ်ကြ ကျုပ်ပြန်မယ် ""
""ယုံပါတယ် မောင်မင်းကြီးသားရယ် လုပ်ပါ""
""အဲ့လို လုပ်ပါသူကြီးရ""
ကျုပ်လည်း သူကြီး နဲ့ ပြောပြီးတော့ နှင်းနု ရှေ့ သွားလိုက် တယ် အံမယ် သရဲ က ကျုပ်ကို မော့ကြည့် နေ
တယ္ဗ်။
""ငနက်ကြီးဆို တဲ့ အကောင်... ဂေးး!!....မင်းကဘာလဲ""
""ဟဲ့ကောင် နောက်နည်းနည်းဆုတ်ပြော အရက်စော်နံတယ်....ငါကသရဲကွ...ဟား.း.း!!!""
""သောက်ကြီးကျယ်လို့. ငါများ နံသလေးဘာလေးနဲ့... မင်းငါ့ သူငယ်ချင်း ခန္ဓာကိုယ် ထည့်ကထွက်ပေး"""
""ဟားးးးး! !ဒီလို လွယ်လွယ်နဲ့ ရမလားကွ ငါထမင်း မစားရတာ ကြာပြီး.. ထမင်းစား ချင်တယ် ""
""အေးရတယ်.. ဘယ်လို့ ကျွေးရမလဲ""
""ပြောမယ် ဆန် နှစ်ပြည်ချက်နဲ့ အမဲသား သုံးပိသာ ချက်ကျွေး""
""ဘားးးး!!!!ကဲကွာ""
""ဖြန်းးး.....ဖြန်းးး!!!""
""ဟေကောင် .. ဘာလို့ ငါကို ပါးရိုက်တာလဲ""
""ဆန် နှစ်ပြည်နဲ့ အမဲသားသုံးပိသာ က ငါတို့ သားအမိဆို တလလောက်စားရတယ်ကွ""
""ဖိုးတေ ရာ ကျွေးလိုက်ပါဟ. တော်ကြာ ငါတို့ သမီး တခုခု ဖြစ်နေပါမယ်""
""ဘာလို့ ကျွေးရမှာလဲ သူကြီးရာ သရဲ က လူပါးဝလို့.. အဲ့ဟုတ်ပါဘူး.. သရဲ ပါးဝလို့""
""ဒါဆို နှစ်ပိသာ ""
""ဘာ!!!""
""ဖြန်း.......ဖြန်း!!"
""ရိုက်ပြန်ပြီလားကွာ""
""ဟေကောင်.. နှစ်ပိသာဆို နှစ်ပတ်လောက် စားရတယ် ကွ""
""ဖိုးတေရာကျွေးလိုက်ပါဟ သူကြီး တောင်းပန်ပါတယ် ""
""သူကြီး မသိပါဘူးဗျာ အသာနေပါဗျ""
""ဟေကောင် အရက်သမား .. ဒီထက်လဲ မလျော့ နိုင်ဘူး..မကျွေးဘူးဆို ဒီကလေးမ ကို ဂုတ်ချိုးသတ်ပြစ်မှာ""
""မလုပ်ပါနဲ့ ဗျာ ကျုပ်တို့က ကလေးမ ဖအေနဲ့မအေ ပါ ကျုပ်တို့ ကျွေးပါမယ်""
""သူကြီး....!!""
""ဖိုးတေ ဘာလဲ ""
""ကျုပ်လုပ်နေတဲ့ ကိစ္စ ဝင်မရှုပ်ပါနဲ့""
""ဖိုးတေ... မဝင်လို့မရလေကွာ..အခုဖြစ်နေတာက ငါတို့ သမီး ကွ""
""ကျုပ် သူငယ်ချင် နှင်းနု ဘာမှမဖြစ်စေရဘူး စိတ်ချ သူကြီး""
""အေးပါ... ငါ့တူရယ်""
""ဟိုကောင်.. မင်း ဟာမင်း သရဲ မကလို့ သရဲ ဘိုးအေ ဖြစ်နေပါစေ ကြောက်မယ် ထင်နေလား စားချင်စား မစားချင်
နေ ဆန်တစ်ခွက် နဲ့ အမဲသား ငါးဆယ်သာ ပဲရမယ် ဂေးး""
""ဟရောင် အရက်သမား ဆန် တပြည်နဲ့ အမဲသား တစ်ပိသာ ဒီထက် မလျော့ဘူး မကျွေးဘူးဆို ဒီကလေးမကို
ငါ့သတ်ပြစ်မှာ.. ဟားးးးး "
""ဟားးးးး! !!...သတ်လေသတ်ပေါ့ မင်းပူကပ်ထားတဲ့ မိန်းကလေးက ငါနဲ့ ဘာမှ မဆိုင်ဘူး ကွ မင်းသူကို သတ်ရင်
ဟိုရှေ့က မန်ကျည်းပင် အပု တွေ့ လာ အဲ့အပင် ခုတ်ပစ်မယ်ကွာ မင်းဘယ်မှာ နေမလဲ ဟားးးးး ""
""ဖြန်း.း...ဖြန်း းး!!""
""ဖိုးတေ ကို စိန်လာမခေါ်နဲ့ ကွ နှစ်ခါပြန်သေသွားမယ်""
""အားးး!!.ကျွတ်...ကျွတ်....... !!အေးပါ ကွာ..ဒီကလေးမကိုလည်း ငါဘာမှမလုပ်ပါဘူး ငါနေတဲ့ မန်ကျည်းပင်တော့
မခုတ်ပါနဲ့ကွာ....မင်းတို့ ကျွေးချင်သလောက်ကျွေးပါတော့ ကွာ""
""အစကတည်းက အဲ့လို ပြေပြေလည်လည်ပြောပါလားကွ...ဒါဆို မင်းအခုထွက်တော့ ..မင်းဒဏ်ရာတွေ မင်းအကုန် ယူသွား နော်.... မဟုတ်လို့ ကတော့ ငါနဲ့ တွေ့မယ် ""
""အေးပါကွာ အေးပါ""
ခင်ဗျာ တို့က. ကျုပ်ကို မေးကြမှပေါ့ ဖိုးတေ သရဲ နေတဲ့ နေရာသိပါလားလို့ တကယ် က ကျုပ်မသိဘူး
ဗျ ရမ်းသမ်း ပြောတာ သရဲ ကလည်း သရဲ ပါးမဝတော့ ကျုပ်ပြောသမျှ ဖြစ်နေတာ ပေါ့ဗျာ ဟဲဟဲ ဖိုးတေ ပါဆို မှ။
အဲဒါနဲ့ သရဲ က သူဒဏ်ရာတွေပြန်ယူပြီးထွက်သွား တယ်ဗျ။ နဖူးက ဒဏ်ရာကသူလုပ်တာမဟုတ်တော့ ပြန်
သိမ်းမသွားဘူးဗျ။ သရဲ ထွက်သွား တော့မှ
""သူကြီး..""
""ပြောပါ..ဖိုးတေ... သူကြီး တို့ ဘာလုပ်ပေးရမလဲ""
""သူကြီး.. အိမ်မှာ ဘုရား သောက်တော်ရေ ကပ်ထားတာ ရှိလား""
""ရှိတယ်.. ရှိတယ်.. ခနလေး..... ""
""သမီး... မှုံနံသာ.. ""
""ဟုတ်ကဲ့ဘ‌ကြီး ""
""ဘုရားစင်ပေါ် က ဘုရားသောက်တော်ရေ ခွက်သွားပြီး ဒီက အကိုကိုပေးလိုက် သမီး ""
ဧည့်သည် ကောင်မလေး ထင်တယ် ဗျ သူကြီးက ခိုငါ်လိုက်တာ ပြီးတော့ အဲ့ဒီ မိန်းကလေး ကို ကျုပ်မြင်
ဖူးသလို ပဲဗျ။ကျုပ်လည်း မူးနေတာ ဆိုတော့ သေချာ မသိဘူး ဗျ။ ခနနေတော့ ကောင်မလေး သောက်တော်ရေ ဖန်ခွက်ယူလးပြီး ဆင်းလာ တယ်ဗျ။
""ဦးလေးကြီး... ရော့.... ဟီးဟီး !!""
""ဘာလို့ အလကားနေ ရယ်နေတာလဲ အမိ""
""ဦးလေးကြီးက မှူံ ကို မမှတ်မိဘူးလား.. ဦးလေကြီးကို ဆိုင်ကယ်နဲ့ တိုက်တဲ့ ကောင်မလေး လေ""
""အော် မှတ်မိပြီ မယ်မင်းကြီးမကို ဒါနဲ့. ဒီအိမ်နဲ့က.. ""
""အော် ဒါလား... ဘကြီး ထွန်းကြည် က မှူံ ဘကြီးလေ ကျောင်းပိတ်ရက် ဒီရွာကို အလယ်လာ တာ""
""အော် ဒီလို လား""
ကျုပ်လည်း မှူံနံသာ လက်ထဲက ဘုရားသောက်တော်ရေ နဲ့ နှင်းနု ကို ပက်တယ် သတိတရ လာတော့သောက်တော်ရေ နည်းနည်း တိုက်လိုက်တယ်။ ပြီးမှ နှင်းနု ကို အိမ်ပေါ် အရွေ့ ခိုင်းလိုက်တယ် နဖူးကဒဏ်ရာ တော့ ရွာက ဆေးထိုးဆရာနဲ့ ဆက်ကုမှာပေါ့ဗျာ။ နှင်းနု လည်း စိတ်ချ ရပြီ ဆိုတော့ ကျုပ်လည်းအိမ်ပြန်လာခဲ့တယ်ဗျ။
အိမ်ရောက်တော့ အခါတိုင်း အိမ်ရှေ့မှာ အလုပ်တစ်ခု မဟုတ် တခု လုပ်နေတဲ့ အမေကို အခု မတွေ့ဘူး ဗျာ။ ကျုပ် စိတ်ပူတော့ အိမ်ပေါ် အမြန် တက်ကြည့်တော့ အမေ စောင်းခြုံပြီး အိပ်နေတာတွေ့လိုက်
တော့ ကျုပ် ပိုပြီးတော့ စိတ်ပူတယ်ဗျ။
""အမေ...အမေ....""
"" သား....ဖိုးတေ လာ""
""ဟုတ်တယ်လေ....အမေ.....အမေ နေမကောင်းလို့လား ဘာဖြစ်လို့လဲ ""
""ဘာမှမဖြစ်ပါဘူး သားရယ် ..သွေးနည်းနည်းတိုး ဒါဘာ သွေးကျဆေးသောက်ထားပါတယ်""
""သားနှိပ်ပေးရမလား.... အမေ""
""အမလေး နေပါသားရယ်......မင်းစီက အရက်နံ့နဲ့ အမေ ပိုပြီးသွေးတိုး နေပါ့မယ်ကွယ်""
""အမေ....ကလည်းဗျာ ...ကျုပ်စီ က အနံ့က ပြောသလောက်လည်း မနံပါဘူးဗျာ""
""သားကို..အမေပြောစရာရှိတယ်သား.""
""ဟုတ်.. ပြောပါ အမေ""
""သား...အရက်မသောက်ပါနဲ့တော့ သားရယ်... သားကမသောက်လည်းရနေတာကို""
""ဟုတ်ကဲ့ပါအ‌မေ....သား.. ဖြတ်ပါ့မယ်""
""သာဓု...သာဓု...သာဓုပါသားရယ်......သားဒီလို့ပြောတာတောင် အမေစိတ်ချမ်းသာတယ်...တကယ်ဖြတ်တယ်ဆို
အမေ ဘယ်လောက်တောင်...ပျော်လိုက်မလဲ...သားရယ် ""
""ဟုတ်ကဲ့ပါ အမေ""
ဒီလိုနဲ့ သုံးလ ဆိုတဲ့ အချိန်က ခဏလေးဗျ။ ဒါပေမဲ့ သုံးလ ဆိုတဲ့အချိန်ကလေး အတွင်းမှာ မှူံနံသာ နဲ့ကျုပ် သိပ်ချစ်ကြတဲ့ ချစ်သူ တွေ ဖြစ်သွားကြတယ်ဗျ။ ဘယ်လို့ ဖြစ်သွားတာ လဲဟုတ်လား။ ဒီလိုဗျ ကျုပ် အလှော်
ကောင်းလို့ နှင်းနုနဲ့ အောင်သောင်းကို နှစ်ဖက် မိဘတွေ ကသဘောတူလိုက်တယ်ဗျ။ အောင်သောင်းနဲ့ နှင်းနု တွေ့
တဲ့ နေ့ဆို ကျုပ်ကအောင်သောင်းအဖော်အဖြစ် မှူံနံသာ က နှင်းနု အဖော် အဖြစ် ခနခနတွေ့နေရတော့ တစ်ယောက် နဲ့ တစ်ယောက် သံယောဇဉ် ဖြစ်လာတာ ပေါ့ဗျာ။ ဒီအထဲမှာ နှင်းနု က မှူံနံသာကို ဘေးတီး ပေး
သလိုကျုပ်ကိုလည်း အောင်သောင်းက မှူံနသာ ဘယ်လောက် ချစ်စရာကောင်း ကြောင်း မြို့ မှာ ကျောင်းတက် နေတာဖြစ်ပေမဲ့ ရည်းစား ခုအချိန်ထိ မရှိသေးတဲ့ အကြောင်း မှူံနသာကို ချစ်နေတယ် ဆိုရင် သူများ နောက် မပါခင် ဖွင့်ပြော သင်ကြောင်း စုံးလို့ဗျာကျုပ်ကို ပြောတာ ကျုပ်လည်း မှူံနသာကို ချစ်နေတာ ဗျ ဖွင့်ပြောလိုက်လို့ ရနေတဲ့ အခွင့်အရေးလေးတွေ ပါဆုံးရှုံးမှာ
ကြောက်လို့ ဖွင့်မပြောဖြစ်ဘူးဗျ။ အဲဒါကို မှူံနံသာ သိတယ် ဗျ။ ဖြစ်ချင်တော့ တစ်ရက်မှာ ကျုပ်က မြို့ က ပန်းရံ လုပ် ပြီး ရွာကို ပြန်အလာ လမ်းမှာ မှူံနံသာကို လူငယ် သုံးယောက် က နောက်ယှက် နေလို့ ဝင်ကူညီ ပေးရင် ကျုပ်
ဗိုက်ကို ဓားနဲ့ ရှပ်အထိုး ခံလိုက် ရတော့ မြို့ ဆေးရုံမှာ နှစ်ပတ်လောက် တက်လိုက်ရတယ်။ ကျုပ် ဆေးရုံ တက်နေတဲ့ အတော်အတွင်း မှူံနံသာ ဆေးရုံ ကို နေတိုင်း လာတယ် ရွာမှာ ကျန်ခဲ့တဲ့ အမေကိုလည်း ဂရုစိုက် ပေး
တယ်ဗျ ။ကျုပ် အမေကဆို သမီး.. သမီး နဲ့ ပါးစပ်ကကို မချဘူးဗျ။ ကျုပ်လည်း ဆေးရုံတက်နေတဲ့အတောအတွင်း
မှာ မှူံနံသာကို ဘယ်လောက် ချစ်ကြောင်းကို ဖွင့်ပြောလိုက်တယ်ဗျ။ မှူံနံသာက ဆေးရုံ က ဆင်မဲ့နေကြ အဖြေပေး
မယ်လို့ပြောပြီး ကျုပ် ဆေးရုံ က ဆင်းတဲ့အချိန်မှာ သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြတယ်ဗျ။ ဒီလို နဲ့ တစ်ရက်မှာ
ကျုပ် အိမ်မှာ အမေကို ကူညီ လုပ်ပေးနေတုန် ကလေးတစ်ယောက် လာပြောတယ်
""ဦး ဖိုးတေ... ဦးဖိုးတေ.""
""ဘာလဲ မျက်မှေး""
""ညနေ ခြောက်နာရီလောက် တွေ့ နေကြနေရာကို လာခဲ့ ပါတဲ့ ""
""ဘယ်သူကလဲ""
""မမ မှုံနံသာ ကပေါ့ဗျ""
""အော်.. အေးအေး ""
ကျုပ်လည် မျက်မှေး ပြန်သွားတော့ စဉ်းစားနေတာ ဒီနေ့က မှူံ နဲ့ တွေ့နေကြ နေ့လဲ မဟုတ်ပါဘူး မှူံ ကျုပ်ကို
ဘာပြောစရာ များရှိလို့လဲမသိဘူး ပြသနာ တစ်ခုခုများဖြစ်လို့များလာ စဉ်းစား ရင် ကျုပ် ရင်တွေပူနေတာဗျ။ ညနေ့
ကြ မှူံ နဲ့ ကျုပ် တွေ့နေကြ ရွာထိပ်က ထနှောင်းပင်အောက်ကို ထွက်လာခဲ့တယ်ဗျ။ ကျုပ်ရောက်သွားတော့ မှူံက အရင်ရောက် နေတာ..
""မှူံ... ဘာဖြစ်လို့လဲ.. ဟင်""
""ကို.......အိးဟီး းးး.း.း!!!""
""မှူံး... ဘာဖြစ်လို့လဲ လို့ကို မေးနေတယ် လေကွာ""
""ကို....မှူံ ပြန်ရတော့မယ် ကို.. ကိုနဲ့ ခွဲရတော့မှာ....အိးဟီး း.း.း""
""မှူံ ကလည်း ကွာ...ခနခွဲရတာပါ ကျောင်းပိတ်ရက် ပြန်လာပေါ့ မှူံလေးရာ နော်""
""မှူံက ကိုနဲ့ မခွဲချင်ဘူး ကိုရဲ့ ""
""ဟုတ်ပါပြီ. မှူံ ရယ်....ကိုလဲ ဘယ်ခွဲချင်မလဲ ခုခွဲနေရတာ နောင်တချိန် အတူတူ နေဖို့ အတွက် လို့ သဘောထားလိုက် နော်..မငိုနဲ့တော့""
"ရော့.. ကို""
""ဒီလက်စွတ်က""
""ဒီ လက်စွပ်က မှူံ ကိုယ်ပွားလေး လေ ကိုလက်မှာ အမြဲတမ်း ဝတ်ထားနော်.. မှူံကို သတိရရင် အလွမ်းပြေ ဒီလက်စွပ်
လေရှိတယ်လေ...ကိုရဲ့ ""
""အံမယ် တယ်ဟုတ်ပလား..ဒါဆို မှူံကိုလည်း ကိုက လက်စွပ် ပေးမယ်.. မှူံ လက်မှာ အမြဲ ဝတ်ထားနော် ""
""ဟုတ်ကဲ့.. ကို""
""ဟိုရောက်ရင် ကိုစီ ဖုန်ဆက်နော်... မှူံ ""
""အဲ့ဒါတော့ စိတ်ချ ကို အချိန် ရတိုင်း ဆက်မှာ ""
""ကျောင်းတွေတက်ရလို့......ကိုထက်သာတဲ့ ကောင်လေး ချောချောလေးတွေ တွေ့ရင် ကိုကိုယ် မေ့မသွားနဲ့နော် ""
""ကိုနော်......မှူံကို မစနဲ့ ငိုလိုက်မှာ ""
""ငိုတော့ မငို ပါနဲ့ မစ တော့ဘူးနော်""
အဲ့လို နဲ့ ကျုပ်နဲ့ မှူံ လည်း လမ်းခွဲ ပြီး ကိုအိမ်ကို ပြန်လာခဲ့ ကြတယ်ဗျာ။ မှူံ ကတော့ မသိဘူး ကျုပ် ရင်ထဲမှာ ပြောမပြတတ်လောက်အောင် ခံစားရတယ် ဗျ။ နောက်တနေ့ မှူံ ပြန်သွားတာ ကို ကျုပ်သွား နူတ်မဆက်
ဖြစ်ဘူးဗျ မှူံလေး ပိုခံစားရမှာကြောက်လို့ပါဗျာ။ နေတိုင်း နေတိုင်း မှူံ စီက ဖုန်မျှော်နေမိတယ် မှူံ နဲ့ တွေ့နေကြ
ထနှောင်း ပင်အောက်မှာ မှူံ ပြန်အလာကို စောင့်နေမိတယ်ဗျာ။ အမေကတော့ ဘာမှ မပြောဘူးဗျ ဒါပေမဲ့ ကျုပ်ကို
ကြည့်ပြီး စိတ်မကောင်း ဖြစ်နေတာပေါ့ဗျာ ။
တရက်ကြတော့ ကျုပ်တို့ ရွာ မြောက်ဘက်က ကံပေါက်ရွာ က ကျုပ် သူငယ်ချင်း မင်းအောင် အလှူ က
ကူညီ လုပ်ကိုင်ပေးပြီးတော့ အပြန် မင်းအောင် က ကျုပ်အမေ စားဖို့ အတွက် ထမင်း တွေ ဟင်းတွေ ထည့်ပေး
လိုက်တာ အများကြီး ဗျာ။ ပြန်လာ တဲ့ အချိန် က ညနက် ပိုင်း သန်းခေါင်းကျော်အချိန် လဆန်း ရက်ဆိုတော့
လရောင်လေး က မလင်းတလင်း ကို အားပြုပြီး ကျုပ်မူးမူးနဲ့ အမေအတွက် ပေးလိုက်တဲ့ ထမင်း ထုပ်ကို လက်ကဆွဲ
ပြီးပြန်လာခဲ့တာ ကံပေါက်ရွာနဲ့ ကျုပ်တို့ ရွာ ကြားက သရဲ ခြောက်တဲ့ မန်ကျည်းညီနှောင် နာရောက်တော့ ကျုပ်
ကြက်သီးတွေ ထသွား တယ်ဗျ။ ကျုပ်လည်း သတိထား လျှောက်လာရင် လက်ထဲက ထမင်း ထုပ်ကို နောက်က
ဆွဲတယ်ဗျ။ ကျုပ်အမေအတွက်ယူလားတဲ့ ဆွဲတော့ ကျုပ်လည်းစိတ်တိုသွားတာပေါ့ဗျာ။
""ဘယ်ကောင်လဲ ကွ နောက်က ဆွဲတာ...ဖိုးတေ ကိုဘာထင်သလဲ""
"""ဟားဟား း.း.း.း!!!""
""အသံမပေးနဲ့ သတ္တိရှိရင် ငါရှေ့လာခဲ့.... မင်းတို့ကို......ထင်တယ်ကွာ ..ရှင်းလား""
""ဖုန်း.း.း.း.း!!!""
""အား.းး!!1""
""မင်းက ငါကို အသားနာအောင် လုပ်တယ်ပေါ့ ရော့ကွာ ""
""ဘုတ်......ဘုတ်...""
ကျုပ်ထိုးနေတာ ဖွဲအိတ် ကိုထိုးနေရတဲ့အတိုင်ဗျာ။
""ဖောင်း. း.း.း.း!!!!""
""အား.း.း.း.း!!""
မမြင်ရတဲ့အကောင်ကကျုပ် ပါးချိတ်ကို ပင့် ထိုးလိုက်တာ ကျုပ် မိုက်ကနဲ့ဖြစ်ပြီး ပက်လက်လှန်လှဲသွား
တယ်ဗျ။ ကျုပ်လှဲ သွားတော့ လည်ပင်းကို ညစ်နေတာ ဗျ ကျုပ် အသက် ရှုလို့မဝတော့ဘူးဗျာ။ အဲဒီ အချိန် ကျုပ်
မျက်စိထဲမှာ ပြေးမြင်မိတာ အမေဗျ ကျုပ် တခုခု ဖြစ်သွားရင် အမေ ဘယ်လို့ နေမလဲ ဘယ်သူက ဂရုစိုက် မလဲ
ဆိုတဲ့ အမေ ကိုစိတ်ပူတဲ့ စိတ်ရှိတယ်ဗျာ။ကျုပ်လည်း ရှိသမျှ အားစုပြီးတော့
""အမေ..........!!!!""
"""ကျား.း.း.း.း!!! ဖိုးတေ တဲ့ကွ""
""ဖောင်းး.း.း........ ဖောင်း.း.း.း!!!""
""သေစမ်း..... သေစမ်း ငါအမေအတွက် ယူလာတာ ကို စားခြင် တဲ့အကောင် သေ..သေ""
""ဖောင်း.း.း.း. . .....ဖောင်း.း.း.း!!!""
အမေလို့ ခေါလိုက် ရတဲ့ အသံက ကျုပ်ကို ခွန်အားတွေ ရလာတယ်ဗျ။ ကျုပ်လည်း ထူပူပြီး မမြင်ရတဲ့
အကောင်းကို စွတ်ထိုး နေတာ ဗျာ နောက်ဆုံး ခြေကုန် လက်ပန်ကျမှ လမ်းဘေးမှာ ကျနေတဲ့ အမေအတွက် ယူ
လာတဲ့ ထမင်း ထုပ်ကိုဆွဲပြီး အမေရှိတဲ့ အရပ်ကို ကျုပ်ပြန်လာခဲ့တယ်။ လမ်းမှာ တော့ အမေလို့ ခေါ်သံလေး က
ကျုပ်ကို မမြင်ရတဲ့ နာနာဘာဝ လက်ကကယ်ခဲ့တာ အမေ စကာကိုသာ ကျုပ် နားထောင်မယ်ဆိုရင် ကျုပ်ဘဝ
အတွက် ဘယ်လောက် ကောင်းကျိုး ရမလဲ ဗျာ သေချာတာတော့ ခုအချိန်က စပြီး အမေ မကြိုက်တဲ့ အရက်ကို
ကျုပ် တစ်သက်လုံး မသောက်တော့ဘူး လို့ အမေကို ပြန်ရောက်ရင် ပြောမယ် ဆိုတဲ့ အတွေးနဲ့. ကျုပ်နေတဲ့ ဇီးတော ရွာကိုဘက်ကို ပြန်လာခဲ့တယ်။ ကျုပ်အတွက်တော့ ပိတိ မျက်ရည်တွေ နဲ့ ပြန်ခဲ့ရတဲ့ အပြန်လမ်းပေါ့ဗျာ။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီဇာတ်လမ်းလေး ကို ဖတ်လိုက် ရတဲ့ စာဖတ်သူ တစ်ယောက်စီတိုင်ရဲ့ ရင်ထဲမှာ ရသ တခု အတွေး တခု အသိတခု
ကျန်ခဲ့တယ် ဆို ကျုပ်ဖိုးတေ ရေးရကျိုးနပ်ပါပြီ။ အမှားပါရင်လည်း တောင်းပန်ပါတယ် ။
အားလုံးကိုချစ်ခင် လေးစားလျှက်
ဖိုးတေ

Comments