အာဠာဝကဖိုးတေ။ နှင့် မိစ္ဆာရှင်းတမ်း အပိုင်း ၄
"" ကဲရွာသူရွာသားတွေရောဒကာကြီးထွန်းကြည်နဲ့ဒကာမောင်စိန်တို့ရောဧည့်သည်ပုဂ္ဂိုလ်
ပြောတာကြားကြမှာပါ ဒါကြောင့်အိမ်အောက်ကိုခဏဆင်ပေးကြလို့ဘုန်းကြီးမေတ္တာရပ်ခံ
ပါရစေ""
""တင့်ပါ့တပည်တော်တို့အခုပဲအိမ်အောက်ကိုဆင်းပေးပါမယ်ဘုရား""
"" အခုလိုနားလည်မှုပေးတာကျေးဇူးတင့ပါတယ် အိမ်အောက်ရောက်လို့ချောင်းနာထောင်တာတွေ
ချောင်းကြည့်ဒါတွေမလုပ်ဖို့မေတ္တာရပ်ခံပါရစေ""
"" ဟုတ်ကဲ့ပါအဘကျုပ်တို့ချောင်းမကြည့်ပါဘူး""
အဲဒါနဲ့ ရွာသူရွာသားတွေနဲ့အတူဘထွေးထွန်းကြည်နဲ့သူကြီးဦးမောင်စိန်တို့ပါအိမ်အောက်ကိုဆင်းကြတယ်ဗျ။အဲ
ကြမှဧည့်သည်ဘကြီးကကျုပ်အဖေနဲ့အမေကိုပြောတော့တာဗျ။
"" လူလေးတို့က ကလေးမိဘတွေပေါ့""
"" ဟုတ်တယ်အဘ""
""လူလေးတို့ကိုအအသေချာမှာခဲ့မယ်ကလေးထမင်းစားတတ်တဲ့အရွယ်ကစပြီးကလေးကိုအသားလုံးဝ(လုံးဝ)မ
ကျွေးပါနဲ့ပြီးတော့အသက်ခုနှစ်သားရောက်ရင်ရွာဦးကျောင်းဆရာတော်ထံကိုဘာသာရေးအသိရအောင်သင်ခိုင်းပါ။
ပြီးတော့ကလေးဘေးနားမှာအစောင့်ရှောက်အမြဲရှိနေပါတယ်။ကလေးမိဘတွေဖြစ်တဲ့လူလေးတို့ကလဲဒီနေ့ကစပြီး
ဘာသာရေးကိုပိုပြီးလုပ်ပေးကြပါ။နောက်ပြီးတော့ကလေးနဲ့သက်ဆိုင်သူတွေကကလေးပြည်ပြည်စုံစုံနေရ
အောင်ကူညီကြလိမ့်မယ်....""
""ဖြောင်း . ..""
""ဂလုံး . . . .ဂလွမ်း"""
"" အောင်မလေး . . . . . . သေပါပြီဗျ""
ကိုကြွက်နီလှေကားပေါ်ကနေအောက်ကအိုးတွေပေါ်ပြုတ်ကြတာဗျ။ ပြီးတော့စကားမေးကိုမရတော့ဘူးဗျို့။မျက်လုံး
ပြုးကြီးနဲ့လိုက်ကြည့်နေဒါဗျ။အဲဒါနဲ့ခေါင်းကြီးက ပါတွေပိတ်ရိုက်ပြီးမေးတာဗျ
""ဟေ့ကောင်ကြွက်နီ . .ဟေ့ကောင်ကြွက်နီ""
"" ဟာကွာ ဒီလောက်ရှိတဲ့ကောင် ကဲ""
"" ဖြုန်း . . . .ဖြုန်း . . . .ဖြန်း""
""မောင်ဖိုးအောင်မင်းလူကယ်နေတာလားမသေသေအောင်သတ်နေတာလားကွ""
""ဟာ ဘထွေးထွန်းကြည်ကလဲ ကျုပ်လူကယ်နေတာပါဗျ""
""မသိပါဘူးကွာသောက်မြင်ကပ်ကပ်နဲ့ဆော်နေသလားလို့ပါကွာ""
""အောက်ကဘာဖြစ်နေကြတာလဲကွဟေ""
ကျုပ်တို့ဆရာတော်ကကြားပြီးမေးလိုက်တာဗျ ""တင်ပါ့ကြွက်နီအိမ်ပေါ်ကိုချောင်းကြည့်နေရင်လှေကားပေါ်ကပြုတ်ကျလို့ဘုရား""
"" တယ်ခက်တဲ့ကောင်တွေပဲ ကြွက်နီကိုအိမ်ပေါ်ခေါ်ခဲ့ကြဟေ""
အဲဒါနဲ့ကြွက်နီကိုအိမ်ပေါ်ကိုထမ်းခေါ်သွားကြတယ်ဗျ။အိမ်ပေါ်ရောက်တော့ကြွက်နီကိုဆရာတော်ကြီးတွေ
ရှေ့မှချထားလိုက်ကြတယ်ဗျ။
"" ကဲ ဒကာကြီးအခုဖြစ်တဲ့ကိစ္စက ဒကာကြီးတားမြစ်ထားတဲ့ချောင်းမကြည့်ပါနဲ့ဆိုတာကိုချောင်းကြည့်မိလို့ဖြစ်တယ်
လိုဘုန်းကြီးတော့ယူဆတယ် ဒီတော့ဒကာကြီးပဲဖြေရှင်းပေးပါကွယ်""
"" တင့်ပါတပည်တော်ဖြေရှင်းပေးပါမယ်ဘုရား
ဒီလူငယ်ကိုအခုလိုဖြစ်အောင်လုပ်ထားတဲ့အကောင်အခုလာခဲ့""
ဧည့်သည်ဘကြီးကအဲဒီလိုခေါ်လိုက်ရောကျုပ်တို့အိမ်တခုလုံးတုန်ခါသွားတာဗျ။ရွာသူရွာသားတွေလဲကြောက်နေ
ကြတာဗျို့ ။ဘယ်သူမှအသံကိုမထွက်ရဲကြဘူးဗျ။
"" ဟဲ့အကောင်မင်းခန္ဓာကိုယ်ကိုပုံမှန်အရွယ်ထားလိုက် လူတွေကြောက်နေကြပြီကွ .ကဲပြောစမ်းဘာဖြစ်လို့ဒီ
လောက်ဖြစ်အောင်လုပ်ရတာလဲကွ ""
ဘကြီးကသူဘေးကိုကြည်ပြီးပြောနေတာဗျ။သူကတော့မြင်ရတာပေါ့ဗျ ကျန်တဲ့သူတွေကမမြင်ရမကြားရဘူးဗျ။ '"ဘာကွငါ့စကားနာမထောင်ပဲချောင်းကြည်လို့အပြစ်ပေးတာပါဟုတ်လား အပြစ်ပေးရင်သတိပေးယုံဆိုတော်ပြီ
ပေါ့ဒီလောက်လုပ်စရာလား ကဲ့သူအခုခံစားနေရတဲ့ဝေဒနာပျောက်ကင်းအောင်လုပ်းပေးလိုက်မိမွေးတိုင်းဖမွေးတိုင်း
ဖြစ်ပစေနော် ""
ဘကြီးကအဲလိုလည်ပြောပီးရောကိုကြွက်နီခေါင်းကနေစပြီးအောက်ပိုင်းခြေဖျားထိအနီရောင်အတန်းကြီးဗျ
ခေါင်းကနေခြေဖျား။ ခြေဖျားကနေခေါင်းထိအပေါ်အောက်သုံးခါလောက်လည်းပြီးရောကိုကြွက်နီသတိရလာတယ်
ဗျ။
"" ရပြီး မင်းကိစ္စပြီးသွားပြီငါကိုဝိုင်းရှေ့ကပဲစောင့်နေတော့ ဘုရားဦးတိုက်သံဃာတော်တွေကိုဦးတိုက်ပြီးမင်းငါပြောတဲ့နေ
ရာကစောင်နေသွားတော့""
အဘကအဲ့လိုပြောလိုက်ရောတရှပ်ရှပ်နဲ့ခြေသံပေးပြီးအောက်ကိုဆင်းသွားတယ်ဗျ။အဲဒါကို ကိုကြွက်နီကနောက်က
နေလိုက်ကြည့်တယ်။တော်တော်စပ်စုတဲသူဗျာ။
"" ဟိုကောင်းကြွက်နီမင်းကမမှတ်သေးလို့လားကွဒီတခါဆိုအစောင့်ကမင်ဂုတ်ချိုသွားမယ်ဘာမှတ်နေလဲ""
ဆရာတော်ကအဲ့လိုငေါက်လိုက်မှကိုကြွက်နီလည်ကုတ်ချောင်းချောင်းနဲ့ပြန်ထိုင်တော့တယ်ဗျ။
"" ကဲဒကာကြီးပြောစရာရှိတာပြောပါ အကုန်လုံးကိုနားထောင်ခွင့်ပေးပါလို့ဘုန်းကြီးမေတ္တာရပ်ခံပါရစေကွယ်""
"" တင့်ပါတပည်တော်ခွင့်ပြုပါတယ်ဘုရား""
"" ရွာသူရွာသားများအားလုံးကလေးနဲ့ပတ်သက်ပြီးမစိုးရိမ်ကြပါနဲ့လို့ကျုပ်ထပ်ပြောပါစေ၊ဆရာတော်ထံကိုလည်းတ
ပည်တော်ဂမုန်းဆေးပင်တွေနဲ့စီရင်ထာတဲဆေးတော်ကြီးတောင်ဝှေးလာရောက်ကပ်လှူပါအုံန်းမယ်ဘုရား""
"" ရပါတယ်ကွယ်ဒကာကြီးအဆင်ပြေသလိုလုပ်ပါဘုန်းကြီးအတွက်ကအရေးမကြီးပါဘူးရွာသူရွာသားတွေကိုသာ
နားလည်အောင်သေချာရှင်းပြပေးပါ""
"" ရှင်းပြပြီးပါပြီဘုရာကလေးမိဘတွေကိုလဲမှာစရာရှီတာမှာပြီးပါပြီဘုရား ဒါကြောင့်ဘုရာတပည်တော်ကိုပြန်ခွင့်ပြုပါ
ဘုရား""
"" ပြန်ပါဒကာကြီးပြန်ပါ""
အဲဒါနဲ့ဘကြီးလည်ဘုရားကိုဝတ်ဖြည့်ပြီးတော့ဆရာတော်ကြီးတွေကိုဝတ်ဖြည်တယ်ဗျ။
"" ဒကာကြီးကိုလည်းဘုန်းကြီးကျင့်ကြံခဲ့တဲဒါနသီလဘာဝနာကုသိုလ်တို့ကိုအမျှပေးပါတယ် . . . .
ကုသိုလ်အမျှ . . .ကုသိုလ်အမျှ . . . ကုသိုလ်အမျှ""
"" သာဓု . . .သာဓု . . . သာဓုပါဘုရား""
ဘကြီးကဆရာတော်အမျှပေးတာသာဓုခေါ်ပြီးတော့အောက်ကိုဆင့်သွားတယ်ဗျ။အဲဒါကိုကိုကြွက်နီကလိုက်ကြည့်
သေးသဗျ။
"" ဝှီး . . . . . . . . .. ခွတ်""
"" အောင်မလေးဗျ""
ကျုပ်တို့ဆရာတော်ကဘေးနာရှိတဲ့အကြမ်းပန်းကန်နဲ့လှမ်းပစ်လိုက်တာဗျ။မြန်လိုက်တဲ့ဆရာတော်။
"" ဒီလောက်ဖြစ်ဒီလောက်ပြောထာဒါကိုမမှတ်သေးဘူးလာငကြွက်နီ၊မင်းကြည့်တော့ဘာတွေ့လဲငါပြောစမ်း""
ကိုကြွက်နီလည်နောက်စေ့လေးပွတ်ခါပွတ်ခါနဲ့ဆရာတော်သွားထိုင်တယ်ဗျ။
"" ဟေ့ကောင်ငါ့မေးတာဖြေလေကွာ၊ မင်းလိုက်ကြည့်တော့ဘာမြင်လဲ""
"" တင့် . . . . . .ပါဘကြီးနောက်တပည်တော်လိုက်ကြည်တော့""
"" မင်းလိုက်ကြည့်တာငါသိတယ်ဘာတွေလဲတာပြော""
"" တင့်ပါဝိုင်းရှေ့ရောက်တော့ပျောက်သွားတယ်ဘုရား""
အပိုင်း ၅ ဆက်ရန်

Comments
Post a Comment