အာဠာဝကဖိုးတေ နှင့် မိစ္ဆာရှင်းတမ်း အပိုင်း(၃)



"" ဟေ ဟုတ်လား !ဒါဆိုအိမ်ပေါ်ကိုကြွပါလို့ဖိတ်လိုက်မောင်ဖိုးအောင်""
""တင့်ပါဒါဆိုတပည်တော်သွားခေါ်လိုက်မယ်ဘုရား""
"" အေးအေး ဒါကာဖိုးစည်နောက်မှရေစက်ချတာပေါ့""
အဲဒါနဲ့ကိုဖိုးအောင်လဲအိမ်အောက်ဆင်းပီးဧည့်သည်ကိုသွားခေါ်တယ်ဗျ။အောက်ရောက်တော့ဧည့်သည်ကမရှိဘူးဗျ
""ကြွက်နီစောနကဧည့်သည်ဘကြီးရောဟ ဘယ်ရောက်သွားလဲ""
""ဘယ်မှမရောက်ဘူးခင်ဗျာအိမ်ပေါ်တက်သွားကထဲကဝိုင်းထဲမဝင်သးတာ ဟိုမယ်ဝိုင်းအ
ပြင်မတ်တပ်ရပ်လို့""
""ဟာမင်းတို့ကွာလူကြီးကိုမခေါ်ကြဘူးအားနာစရာကွာ""
""မခေါ်ဘဲနေမလားဗျခေါင်းကြီးရ""
""ဟေ့ကောင်ကြွက်နီငါ့ကိုခေါင်းကြီးလိုမခေါ်ဖို့ပြောထားဘယ် နှစ်ခါရှိပြီလဲ ဘာလဲမင်းက
သူကြီးထိပ်တုံးတော်တော်သဘောကျနေတယ်ပေါ့။ပြီးမှမင်းနဲ့စာရင်းရှင်းမယ်""
ကိုဖိုးအောင်လည်းကိုကြွက်နီနဲ့စကားများပြီးဝိုင်းရှေ့ထွက်သွားတယ်
""ဟာအဘအိမ်ထဲမဝင်ဘဲဘယ်နဲ့ကြောင့်ဝိုင်းဝမှာမတ်တပ်ရပ်နေတာလဲဗျ လာပါအဘအိမ်
ပေါ်ကိုကြွခဲ့ပါ အိမ်ပေါ်မှာတရားနာတော့မယ်အဘ""
""လူလေးအဘတို့ကအိမ်ရှင်မဖိတ်ဘဲနဲ့ဝင်လို့မရဘူးကွယ်သူနေရာနဲ့သူစည်းဆိုတာရှိတယ်လူ
လေး""
""ဒါဆိုအဘခဏစောင့်ပေးပါကျုပ်အမြန်ခေါ်ပေးမယ်""
ကိုဖိုးအောင်လဲခပ်သုတ်သုတ်အိမ်ပေါ်ပြန်တက်သွားတယ်။အိမ်ပေါ်ရောက်တော့ကျုပ်တို့ရွာဦးကျောင်းဆရာ
တော်ကမေးတော့တာပေါ့ဗျာ။
""ဖိုးအောင်မင်းကိုဧည့်သည်အခေါ်ခိုင်းတာခုထိမခေါ်ရသေဘူးလားကွတော်ကြာဧည့်သည်ပြန်သွားလိမ့်မယ်""
ကိုဖိုးအောင်လဲဆရာတော်ကငေါက်တော့ဒူတုန်နေတာဗျိုး။မတုန်ဘဲနေမလားဗျဆရာတော်ကအသက်ကသာ၇၀
ကျော်၈၀နားကပ်နေပြီစိတ်ကခုထိမလျှော့ဘူးဗျ။သူကျောင်းနားအရက်မူးပြီးသွားလို့ကတေံမသေယုံတမယ်ဘဲဗျ။
ဆရာတော်ကဝါးစိမ်း၃ချောင်လောက်ကိုကျောင်းအောက်ကစဉ်းအိုးထဲရေအပြည့်ထည့်ခိုင်းပြီးအမြဲတမ်းစိမ်ထားတာဗျ။ရိုက်လို့ကတော့လွတ်ကောင်းဗျခံရတဲ့သူလည်မလွယ်ဘူးဗျို့။တခါသားရွာမြောက်ပိုင်းကကိုသာဝအရက်မူး
ပြီးကျောင်းရှေကဖြတ်ပြန်လားလို့ဆရာတော်ကခေါ်တွယ်လိုက်တာ၃ရက်လောက်ဖျားယူတယ်ဗျ။
"" တင့် . . .တင့်ပါတပည်တော်ခေါ်ပါတယ်ဘုရား အိမ်ရှင်ကိုယ်တိုင်မဖိတ်ရင်သူတို့ကဝင်ခွင့်မရှိဘူးတဲ့ဘုရား""
""အော်အဲဒီလိုလားဒါဆိုဒါကာဖိုးစည်သွားခေါ်လိုက်ပါကွယ်သေချာပြောနော်ဒကာဖိုးစည်စကားမမှားစေနဲ့""
"" တင့်ပါတပည်တော်သွားခေါ်လိုက်ပါမယ်ဘုရား""
ကျုပ်အဖေလဲဆရာတော်ကိုလျှောက်ပြိးအိမ်အောက်ကိုမြန်မြန်ဆင်းလာတယ်ဗျ။အောက်ရောက်တော့ဝိုင်းဝ
ကိုသွားပြီးဧည့်သည်အဘကိုသေချာဖိတ်တယ်ဗျ။
"" အဘအိမ်ထဲကိုကြွပါအဘ ဒီနေ့ကသားနာမည်ပေးကင်မွန်းတပ်လုပ်နေတော့မအားဖြစ်နေလို့စောနကလူငယ်လေးကတဆင့်ဖိတ်ခိုင်းမိတာစိတ်မရှိပါနဲ့အဘ""
"" ရပါတယ်ကွယ်အဘ နားလည်ပါတယ်""
""ဟုတ်ကဲ့အဘ ဒါဆိုတခါတည်းအိမ်ပေါ်ကကြွပေးပါအဘ""
ကျုပ်အဖေခေါ်တော့ဧည်သည်အဘကလိုက်လာတယ်ဗျ။ကျုပ်အဖေကလည်းတခါတည်းအိမ်ပေါ်အရောက်ခေါ်တာပေါ့ဗျာ။အိမ်ပေါ်ရောက်တော့ဧည့်သည်အဘကဘုရားစင်ရှေ့သွားပြီးဘုရားကိုသေချာကျကျနနကန်တော့တယ်။ဘုရားကန်တော့ပြီးတော့ဆရာတော်တွေကိုကန်တော့တယ်ဗျ။ဧည်သည်အဘလဲကန်တော့ပြီးရောကျုပ်တို့ရွာကျောင်းဆရာတာ် ကဧည့်သည်အဘကိုမေးတော့ဒါဗျို့။
"" ဒကာကြီး ဒကာဖိုးစည်ကိုမှာစရာရှိတာမှာပါ ပြီးတော့သူတို့သိသင့်သိထိုက်တာတွေတခါထဲပြောပြပေး ခဲ့ပါ
ဒကာကြီး"" ""တင့်ပါဘုရာတပည်တော်လည်းဒီကိစ္စအတွက်လာခဲ့ဒါပါဘုရားပြီးတော့ရွာထဲကလူတွေ ထင်နေသလိုမဟုတ်ဘူးဆိုတာလဲရှင်းပြခြင်းလို့ပါဘုရာ""
"" ဒါကတော့ဒကာကြီးတို့ကိစ္စပါဘုန်းကြီးဘာမှမပြောလိုပါဘူး ဒကာဖိုးစည်ကလည်းသိချင်တာရှိရင်ဒကာကြီးကိုတခါ
တည်းမေးဟုတ်ပြီးလား""
""တင့်ပါတပည်တော်လည်းမေးမှာပါ ဘုရာ"" ""ဘယ်သူမှမမေးခင်တပည်တော်ပြောစရာရှိတာပြောခွင့်ပြုပါဘုရား""
"" ပြောပါဒကာကြီးရပါတယ်ဘုန်းကြီးတို့ခွင့်ပြုပါတယ်""
ဆရာတော်ကခွင့်ပြုလိုက်ရောဧည့်သည်ဘကြီးက ဆရာတော်တွေညာဘက်ခြမ်းသွားပြီးမတ်တပ်ရပ်တယ်ဗျ။ဆရာ
တော်တွေရှေမှာမရပ်တာက ဆရာတော်ကြီးတွေကိုကျောပေးပြီးမတ်တပ်ရပ်တာဖြစ်လို့ အဂါရဝဖြစ်မှာဆိုလိုဘေး
မှာရပ်တာလို့ နောက်ကျမှဘထွေးထွန်းကြည်ရှင်းပြမှကျုပ်သိဒါဗျ။ဧည့်သည်ဘကြီးကမတ်တပ်ရပ်ပြီးရောစကား
စပြောတယ်ဗျ
"" ကလေးနဲ့သက်ဆိုင်သူမိဘတွေရောကလေးအပေါ်မှာအထင်အမြင်လွဲနေကြတဲ့ရွာသူရွာသားတွေရောကလေးက
ခင်ဗျာတို့ထင်သလိုလူတွေကိုဒုက္ခပေးဖို့လာတာမဟုတ်ပါဘူး လူလောကကြီးမှာမကောင်းသူပယ်ကောင်းသူကယ်
ကိစ္စတွေလုပ်ဖို့ရောက်လာတာပါ""
""ပြီးတော့ကလေးမွေးတဲ့ညကအသားစိမ်းစားချင်တာကလည်းဘီလူးဇာတိဂုဏ်ပြတာပါ တခုပြောစရာရှိတာပေါ့အသားစိမ်းကျွေးလိုက်ရင်ကလေးကမွေးကတည်းကအရိုင်းစိတ်ပါလားမှာပေါ့ဗျာ""
"" ကလေးကခင်ဗျာတို့ဘယ်လောက်အားကိုးရမယ်ဆိုဒါနောက်ကျသိလိမ့်မယ်ကျုပ်ရွာသူရွာသားတွေကိုပြောချင်
တဲ့အကြောင်းအကုန်ဘဲ""
ဧည့်သည်ဘကြီးကအဲ့လိုပြောပြီးဆရာတော်တွေကိုကန်တော့ပြီးထပ်လျှောက်တယ်ဗျ
"" ဆရာတော်အရှင်သူမြတ်တို့ဘုရား နောက်ထပ်အကြောင်းအရာများသည်သက်ဆိုင်သူကလေးမိဘတွေနဲ့ဆရာ
တော်အရှင်သူမြတ်တို့သာသိသင့်သောကိစ္စများဖြစ်ပါသည်ဘုရာသို့ဖြစ်ပါ၍အခြားသူများအားခတ္တအိမ်အောက်သို့ဆင့်ခိုင်ပေးပါဘုရာ
"" ဘုရာတပည်တော်ကိုယ်တိုင်မပြောတာကတရားပွဲကိုဖျက်သည့်သဘောဖြစ်မှာဆိုလို့ပါဘုရား""

. . . . . . . . . . . . . .¥ . . . . . . . . . . . . . . . . . .
ကျုပ်လွန်ဒါရှိရင်ဝန္နာမိပါလို့။။အားလုံးကိုလေးစားပါတယ်ဗျ။

Comments