အစွဲကြီးသူ



အချိန်ကာလက ၁၉၉၀ ဝန်းကျင် ပဲခူးတိုင်ရွှေကျင်မြို့ နယ် အတွင်းက မြယာကုန်း ဆိုတဲ့ ရွာလေးတစ်ရွာ ။တစ်ရွာ လုံး မှ လူဦးရေ တစ်ရာ ကျော်ရှိတဲ့ ရွာငယ်လေးတစ်ခု။ ရွာနေ လူတွေ ကတော့ လယ်ယာ နဲ့ တံငါ လုပ်ငန်း လုပ်ကိုင်ကြ တယ်။ ရွာလယ် လမ်းမပေါ် မှာတော့ လူတွေ ကိုယ်စီသက် ဆိုင် ရာ နေရာ အသီးသီးကို သွားလား လုပ်ရှား နေကြတဲ့ အချိန်မှာ လမ်းထိပ်က နေ လူတစ်ယောက် ရေဒီယိုကိုစ
လွယ် သိုင်း ညာဘက်လက်က ကန်စွန်းရွက် စည်းဘယ်လက််မှာ လှော်တတ် ကို ကိုင်ပြီးတော့ လမ်းတစ်လမ်းလုံး အပြည် သီချင်း အော်ဆို ပြီး လေတှာက်လာတဲ့ လူ တစ်ယောက်.....
ဂုဏ်...ဂုဏ်... ဂုဏ်.....ဂုဏ် ဆိုတာ.... ငွေကိုခေါ်တယ်... .ငွေကိုသာ.... ရေလိုသုံးရင်... တစ်ပြည်လုံးမှာ ...လုပ်သမျှ.. တင့်တယ်..
""ဖိုးတေ... အလုပ်ကပြန်လာပြီလား ""
""ဟုတ်ပ... ကိုရင်ကျော်သောင်းရေ.... ဒီနေ့ စောစောသိမ်း လာတယ်ဗျ""
""အော် ....ဒါနဲ့.. မင်းလက်ထဲက... ကန်စွန်းရွက်တွေ ... များလှချည်လား""
""ဟုတ်ပဗျာ ... ကျုပ်မိန်းမက ... ကန်စွန်းရွက် ဆို သိပ်ကြိုက် သဗျ""
""ဟုတ်ပါပြီဗျာ.... ဟုတ်ပါပြီ ""
"သွားပြီ.... ကိုရင် ကျော်သောင်းရေ""
ကိုကျော်သောင်း တစ်ယောက် နူတ်ဆက်ပြီးထွက် သွား တဲ့ ဖိုးတေ နောက်ကျောကို ကြည့်ပြီး ပြုံးနေမိတော့ တယ်။ ဒီလောက်ဆို ကျုပ်ဘယ်လို လူလဲ ဆိုတာ ခင်ဗျားတို့ သိကြပြီး ထင်တယ်။ ဟုတ်ပါတယ် ကျုပ် နာမည်က ဖိုးတေ. ။ ကျုပ်မှာ အိမ်ထောင်ရှိတယ် ဗျ။ ကျုပ်အိမ်သူ သက်ထား ဇနီးချောလေး နာမည် က နှင်းမြတဲ့ ဗျ။ ကျုပ်မျက်လုံး ထဲမှာ တော့ ဟောဒီ ကမ္ဘာပေါ်မှာ ကျုပ်မိန်းမက အလှဆုံး ဗျ ဟဲဟဲ။ ဒါနဲ့ ကျုပ်တို့ မှာ သားသမီး သုံးယောက် ရှိတယ် ဗျို ။ မိန်းက လေး နှစ်ယောက် ယောကျာ်းလေး တစ်ယောက် ပေါ့ဗျ။ သမီး ကြီးက ငါးတန်း အလတ်ကောင် သားကတော့ သုံးတန်းအ ငယ် ဆုံး သမီးကတော့ ခုမှ သုံးနှစ် သမီး ရှိသေးသဗျ။ ဗျာ. ကျုပ် အလုပ်အကိုင်လား အလုပ်အကိုင် ကတော့ ကျုပ်မိဘ တွေ ထားခဲ့တဲ့ လယ်ကို နှစ်သီးစား လုပ်တယ်ဗျ ။ ကျန်တဲ့ အချိန် ရရာအလုပ် အကုန် လုပ်သဗျ။
မလုပ်လို့လည်း မရဘူးလေဗျာ သားသမီးတွေ ရှိလာ ပြီဆိုတော့ ရသမျှ အလုပ် အကုန်လုပ်ရတာပေါ့။ ကျုပ်တို့လင် မယား နှစ်ယောက်ထဲ ဆို ကိစ္စမရှိဘူးလေ. သားသမီးတွေ ရှေ့ရေး က ရှိသေးတော့ လုပ်ရတယ်ဗျို့။
ကိုဖိုးတေ တစ်ယောက် ကိုကျော်သောင်း ကိုနူတ် ဆက် ပြီး ထွက်လာတာ အိမ်ရှေ့ရောက်တော့....
""မိန်းမရေ.!!.....မိန်မ..!!..အေစ့်""
""ဟာ... ဒီမိန်းမ ....ဘယ်သွား.. နေလဲမသိဘူး...ဂေးး""
""ဖေ့....""
""သမီး.... ညည်းအမေ... ဘယ်သွားလဲ.. အေစ့်..""
""အမေ... ခေါ်င်းမူးလို့တဲ့..... ခန. လှဲနေတယ် ""
""ဟုတ်လား... သမီး ""
""ဟုတ်တယ်.. အဖေ""
""အေးအေး.. သမီး .... ရော့.. ဒီ ကန်စွန်းရွက် တွေကို.. သင်ပြီး ရေဆေး ထားလိုက်နော် ""
""ဟုတ်ကဲ့... အဖေ""
""အဖေ...သမီး အမေ..ဘယ်လို နေသေးလဲ... မေးလိုက်အုံးမယ် ""
ကိုဖိုးတေ တစ်ယောက် သမီးအကြီး ကို ကန်စွန်းရွက် တွေပေးပြီး သူ ဇနီး ရှိရာ အိမ်ပေါ် တက်လာခဲ့တယ် ။အိမ်ပေါ် ရောက်တော့ စောင်ခြုံပီး ကွေးနေတဲ့ မိန်မ ဖြစ်သူ ကို မြင်ရ တော့ မပြေးရုံတမယ် သွားပြီး..
""မိန်းမ.... မိန်းမ ""
""ဟင်း...ယောက်ျား.. ပြန်လာပြီလား ""
""ခုမှ.. ပြန်ရောက်တာ.. မိန်းမ နေမကောင်းလို့ဆို.. သမီးက ပြောတယ် ""
""ဘာမှမဖြစ်ပါဘူး... ယောကျာ်း ရယ်... ခေါင်းနည်းနည်းမူး နေတာပါ.. သက်သာပါပြီ ""
""မဟုတ်သေးပါဘူး.. မိန်မ ရာ.... ထ ယောကျာ်း ဇက်ကျောနည်းနည်း ဆွဲပေးမယ်.. ထ.ပါ""
""ရပါတယ် ယောကျာ်းရယ်..... ယောကျာ်းလည် ....တစ်နေကုန်... အလုပ်လုပ်နေရပီး...မိန်းမကို ....ပါပြုစုပေး..
ရမယ့်ဆို ..... မဟုတ်သေးဘူး ""
""စကားမများနဲ့ တော့.... မိန်းမ..... ထခုထ""
မိန်းမ ဖြစ်သူ ကို နှိပ်ပေးပြီးတော့ ညစား အတွက် ကိုဖိုးတေတစ်ယောက် ပြင်ဆင် ချက်ပြုတ် ရသေးသဗျ။
မိန်းမက နေမကောင်း နေတာ ဆိုတော့ သူအလုပ် ကိုယ်အ လုပ် ခွဲနေလို့မရဘူးလေ။ ထမင်း ဟင်း ကျက်တော့ ကလေး တွေ ကို ထမင်း ကျွေး ပြီး မှ ရေချိုး ညစာစားပြီး မိန်းမ ကို
ဆေး တိုက် ရသေးသဗျ။ အလုပ် တွေ အားလုံး
ပြီးလို့ နားမယ့် လို့စိတ်ကူးရသေးတယ်.....
""ဖေ့....... ဖေဖေ""
""ဟာ..... သမီး နဲ့ သား.... မအိပ်ကြသေးဘူးလား ""
""ဖေဖေ....က မေ့နေတာလား..... ဖေဖေ... ဆိုနေကြသီ ချင်းနဲ့ ... ချော့သိပ်.မှ . သမီး နဲ့ မောင်လေး က အိပ်တာ လေး""
""ဟုတ်ပါပြီဗျာ...ကဲကဲ လာကြ""
သမီးနဲ့ သား ကို လက်မောင်း တစ်ဖက်စီ ခေါင်းအုံးစေပြီ ကိုဖိုးတေ တစ်ယောက် သူ ဆိုနေကြ ဟင်္သာထွန်းရင် ရဲ့ မိသားစုကန်ကန်တော့ပွဲ သီချင်း နဲ့. ချော့သိပ် နေတော့တယ်....
🎵လူလာ..... မြောက်တဲ့.. အရွယ်ကတည်းကလေ...🎵 🎵..လောကဓံကို... ရင်ဆိုင်တွေ့ကြုံခဲ့ပါပေ.....................
......#.#....#..မြင့်မိုရ် တောင်ဦး..... ကျေးဇူးဂုဏ်တွေ ......🎵ဆပ်လို့.... မကုန်ပေ......

သီချင်း နားထောင်ရင် အိပ်ပျော်သွားတဲ့ သမီးနဲ့ သားကို လက်မောင်း ပေါ်က အသာဖယ်ပြီ ကိုဖိုးတေတစ်
ယောက် အိပ်ယာဝင် ခဲ့တယ်။ မနက် အိပ်ရာ အစောကြီး ထ ဇနီး ဖြစ်သူ က နေမကောင်း တော့ သားသမီးတွေအတွက် နံနက်စာ နဲ့. သူ အလုပ်သွားရင် ယူဖို့ ထမင်းချိုင့် အတွက် ပါ ချက်ပြုတ် ပြင်ဆင်ပြီး ထမင်းချိုင့်ကို လက်က ဆွဲပြီး အလုပ် ရှိရာ ထွက်လာခဲ့တော့တယ်။
ညနေဘက် အလုပ်သိမ်းပြီး ပြန်လာတော့ ကိုဖိုးတေ တစ်ယောက် ထုံစံ အတိုင်းပေါ့ ရေဒီယို က သီချင်းနဲ့အပြိုင် အော်ကြီးဟစ်ကျယ် ဆိုပြီးတော့ အိမ်ကို ပြန်လာနေသ ဗျ။ အိမ်ရှေ့အရောက် ....
""ကိုဖိုးတေ... !!!!!""
""ဘာတုန်းဟ..... မိန်မရ သက်သာပြီလား ""
""ဘာတုန်း ဆိုတာ နောက်မှ..... ကျုပ်ကို ရေဒီယို ပေး.... သက်သာပြီ ""
""ဟာ....နေပါအုံးဟ..... ဒီ သီချင်း ပြီးရင် ပေးမယ်.... မိန်းမ ""
""မရဘူး... ခုပေး.... ကျုပ်ကြိုက် တဲ့ သီချင်း လာတော့မယ် တော့်ရေ""
""မပေးဘူးကွာ..... ဒီသီချင်းလေး... ပြီးမှ ပေးမယ် ""
"" ကိုဖိုးတေ.... !!!!!!""
""ကြိုက်သလောက်.... အော် မပေးဘူး ""
""မပေးချင်အုံးတော်......""
""ဝှီး းး း း း း း း း!!!!""
""ဒေါင်း း း း း!!""
""အားးး! !""
""မိန်းမ.... မင်းနော်..... ရော့ကွာ... နားထောင် ""
""မမ....ဖေဖေ နဖူးမှာ...... ဘုထွက်နေတယ်..... ဟားဟား ""
""ဟုတ်တယ် နော်.... မောင်လေး... ဟီးဟီး ""
""မရယ်နဲ့..... ဖအေများ...... ပြောင်စရာမှတ်နေလား ""
""ကိုဖိုးတေ နော်.... ကလေးတွေကို.... ဘာမှ မဲစရာမလိုဘူး""
မိန်မ ဖြစ်သူ မနှင်းမြ ကို ချစ်တော့ ဘာမှ မပြောဘဲ အိမ်နောက်ဖေးမှာ ရေချိုး ဖို့ အတွက် ကိုဖိုးတေ. ထွက်လား
လေရဲ့ဗျ။ မနှင်းမြကတော့ မြန်မာအသံ ရေဒီယို ကလာတဲ့ သူအကြိုက် တေးသံရှင် မာမာအေး ဆိုထားတဲ့ မောင်ချစ်မြှား စူး သီချင်း နဲ့ အပြိုင် အားရပါးရ ဆိုနေသဗျ။ အိမ်နောက်ဖေး ထွက်သွားတဲ့ ကိုဖိုးတေ ကတော့..
""...ဒီမိန်းမ.... ငါနဲ့ ရတာပဲ ကလေး... သုံးယောက် ရနေပြီး.... ခုထိ... သူ့ငယ်ချစ်ဟောင်းကို.. မမေ့သေးဘူး ထင်တယ်... ဟိုကောင် နဲ့ ရကြည့်.... ဒီအချိန်... တောင်စား နေရမှာ... မြင်ယောင်သေး.. ဟင်းဟင်း""
အဲလို ခပ်တိုတိုညည်း ပြီး ရေချိုး မဲ့နေရာ ကို ထွက်သွားရော ဗျ။
ကိုဖိုးတေ တို့. သိပ်ချစ်ကြတာဗျ ဟဲဟဲ ရေဒီယို လုတဲ့ အချိန် က လွဲ လို့ ပေါ့ဗျာ ။ လု ရမှာပေါ့ အဲချိန်က တီဗွီ ဆို တာ အသာထား ရေဒီယိုကက်ဆက်တောင်လူတိုင်းမ ကိုင်နိုင်ဘူး ဗျို့ ။ ကိုဖိုးတေ တို့ နေတဲ့ ရွာက. တော်
တော် ခေါင်သဗျ မြို့ နဲ့ က ဝေး မိုးရာသီ ဆို ရေကြီး ရေလျှံ လို့ တစ်နေရာနဲ့ တစ်နေရာ ကို လှေနဲ့ သွားရတယ် ။
အဲ့ဒီလို ပျော်ရွင်စရာကောင်းတဲ့ မိသားစု လေး တစ်နေ့မှာ တော့.....
""ဗျို... !!!.အရီးလေး... နှင်းမြ! !!""
""မောကြီးပန်ကြီး.နဲ့ ... ဘာဖြ စ့်လာတာလဲ... ဖိုးသာအောင် ""
"" ဟို....ဟို... ""
""ဒီကလေးတော့..... ဘာဖြစ်နေတာလဲ... တဟိုဟိုနဲ့.... ""
""ရွာ...ရွာထိပ်က.... ချောင်းစပ်မှာ.... ဦးဖိုးတေ ... အမူး လွန်ပြီး... ရေထဲ ပြုတ်ကျ လို့..... ဗျ""
""ဖိုးသာအောင်..... မင်းပြောတာ.. သေချာလား ""
""သေချာ.... ပါတယ်... အရီးလေး နှင်းမြရာ ""
""မဟုတ်လို့ကတော့.... သေမယ်မှတ်.... သေနာကြီး....ကလည်း ခုထိ......ပြန်မလာသေးဘူး ""
""ကျုပ်က... ပြောတယ်နော် ..... အရီးလေး.... မယုံတာတော့ မတတ်နိုင်ဘူး... ပြန်မယ် ဗျာ ""
""ကြွ...ကြွ.... ကိုယ်တော်... တကယ့်တဲ.... ဘာတွေ လာပြောမှန်း..... မသိဘူး ""
ညနေ နေရောင်ပျောက်လို့ ကလေးတွေ ထမင်းကျွေးပြီးတဲ့အချိန် ထိ ကိုဖိုးတေတစ်ယောက် ပြန်မလာ
သေးတော့ မနှင်းမြ တစ်ယောက် စိတ်ပူနေချေပြီပေါ့။ ယောက်ျား ဖြစ်သူ ပြန်လာ နေကြ လမ်းဘက်ကို မျှော် ကြည့် ပြီး ယောက်ျား ဖြစ်သူ အတွက် စိတ်ပူနေ သဗျ။ သီချင်း ဆိုသံ ကြာတိုင်း သူ ယောက်ျား များဖြစ်နေမလား ဆိုတဲ့ စိတ်နဲ့ အိမ််ရှေ့ကို ခဏခဏ ပြေးထွက် ကြည့်ရတာ အမော ။
""မေ့ ...... အဖေက... ပြန်မလာ သေးဘူးလား.""
""လာတော့... မှာပါ... သမီး ရယ်..""
""အဖေကလဲ... ကြာတာ ....ဗျာ""
""ကဲ...သမီး.... မောင်လေး ကိုခေါ.... အိမ်ထဲမှာ.... သွားနေ""
""ဟုတ်ကဲ့: ..""
""နေအုံး သမီး.....
ရော့ .....ညီမလေး ကို ခန ထိန်းထားနော် သမီး.... အိမ်ထဲမှာဘဲ နေ....အမေ ရွာထိပ်.. ခနသွား အုံးမယ် ""
မနှင်းမြတစ်ယောက် ယောက်ျား အတွက်စိတ်ပူ ပီး ရွာထိပ်က နေ စောင့်မယ် ဆိုတဲ့ စိတ်ကူး နဲ့. အိမ်ဝိုင်းထဲ က ထွက်ဖို့ ဟန်ပြင် နေခိုက်...
""နှင်းမြ..... ရေနှင်းမြ!!!!!""
""ဟင်း!!!!..ရွာလူကြီးတို့ပါလား ....ဘာကိစ္စ များရှိလို့လဲ""
""နှင်းမြ.... စိတ်တော့ ...ခိုင်ခိုင်ထားနော်...""
""ရွာလူကြီးရယ်...... မြန်မြန်ပြော ပါ..... ဘာဖြစ်လို့လဲ တော့်""
""ညည်း ယောက်ျား.... ဖိုးတေ.... ရွာထိပ်က.... ချောင်းစပ်မှာ.... ပေါက်နေတဲ့ ကန်စွန်းရွက်... လှမ်း အခူး.... အရက်ကလည်း မူးနေတာ.... ဆိုတော့.... ဟန်ချက် ပျက်ပြီး... ရေထဲပြုတ်ကျ သွားတယ်""

""ရှင့်! !!!..ဆယ်လို့ရလား.... ရွာလူကြီး.... မြန်မြန်ပြောပါ...တော့ . ကျုပ် စိတ်ပူလို့ပါ""
""ဖိုးတေ..... ပြုတ်ကျ တာကို.... ခပ်လှမ်းလှမ်းက.... တံငါသည်... တွေ က... မြင်လို့... လိုက်ဆယ် ပါသေးတယ်
..ဒါပေမဲ့ ရေစီးသန်... နေတော့... သူတို့ လဲ ... ခပ်ဝေးဝေး... ရောက်မှ .. မှီတယ် ""
""ဒါဆို.. ကျုပ်ယေကျာ်း... ဘာမှမဖြစ်ပေါ့.... ဟုတ်လား ရွာလူကြီး ""
""စိတ်မကောင်း ပါဘူးကွယ်.... ဖိုးတေ ကို... ဆယ်လို့ ရပေမဲ့... အသက်တော့ ပါမလား တော့ ဘူး.. နှင်းမြ ရယ်""
""မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး! !!.ရွာလူကြီး... လူမှားတာ နေမှာပါ... ကိုဖိုးတေ မဟုတ်ဘူး... မဟုတ်လား ""
""နှင်းမြ.... စိတ်ထိန်း လေ... နောက်မှာ... ဖိုးတေ အလောင်းကို....သယ်လာကြပြီးကွဲ့""
""မေမေ....ဖေဖေဘာဖြစ်လို့လဲ... ဟင်""
""သမီးတို့ အဖေ..... သေပြီ တဲ့... သမီး ရဲ့..... အီးဟီးးး!!!!""
""အဖေသေပြီ........ အီးဟီးးးး!!!""
သားအမိတတွေ ငိုနေကြတုန်း မှာဘဲ ကိုဖိုးတေ အလောင်း ကို စောင်ပုခက် နဲ့. ကာလာသား တွေ သယ်
လာကြတယ် ။ အလောင်းကို အောက်ချခါရှိသေး.....
""ကိုဖိုးတေ... ယောက်ျား... ထပါတော့... ရှင့်ကို လူတွေ က သေပြီ တဲ့ .. ယောကျာ်း.... အီးဟီး း း း း း း!!""
""ဖေဖေ.... ထလေဗျာ... မြေကြီးပေါ်.. ဘာလို့ အိပ်နေတာလဲ ဗျ...မမ.. အဖေကိုနိုးလေဗျာ ""
""အဖေ....အဖေ... သမီး ခေါ် နေတယ် လေ... အဖေ.. အီးဟီး း း း း း း း""
""ကိုဖိုးတေ... တော့်က ကျုပ်ကို.... ကလေးတွေ နဲ့. ထားခဲ့ ပြီးလား... အစ့်..အစ့်""
""ဟာ!!!!နှင်းမြ... တက်သွားပြီး... လုပ်ကြပါဟ.... ခြေမ ချိုး.... ခြေမချိုး ""
စိတ်မကောင်း စရာ မြင်ကွင်းပေါ့ ။ အငယ်ဆုံးသမီး လေးက အသက်မဲ့ နေတဲ့ အဖေ ဖြစ်သူ ပေါ်ကို အတင် တက်နေသေးတယ်ဗျာ ။ နောက်တနေ့ ကြတော့ ချောင်းတစ် ဖက်က သချိုင်း မှာ ကိုဖိုးတေအလောင်း ကို မြေချ ပြီး နောက်တစ်နေ့က တန်ဆောင်မုန်း လပြည့်နေ ဆိုတော့ မြေချ တဲ့ နေ့မှာဘဲ ဆွမ်းသွတ် တရာနာ လုပ်လိုက်ကြတယ် ။
အဲဒီလို နဲ့. ကိုဖိုးတေ ဆုံးပါး ပြီး တစ်ပတ် အကြာ ညနေစောင်း တစ်ခု မှာ မနှင်းမြ က အိမ်ထဲမှာ ဧည့်သည် နဲ့
စကား ပြောနေတဲ့ အချိန် ကလေး သုံးယောက် က အိမ်ရှေ့ မှာ ဆော့ နေကြတုန်း...
""ဖေဖေ.... ဖေဖေ ""
""ညီမလေး.... ဘယ်သွားမလို့လဲ ""
""ဖေဖေ... ဖေဖေ ""
""အွတ်. !!!""
""ညီမလေး... ညီမလေး.... မေမေရေ.... လာပါအုံး.. ညီမလေး ခေါ်လို့ မရတော့ဘူး ""
""ငါ့သမီးလေး.... ဘာဖြစ်တာလဲ... သမီး... သမီး... ကိုကျော်ညွန့် တို့... လာကြပါအုံး.....သမီး...သမီး ""
ကလေးက အကိုအမတွေ နဲ့ ဆော့ နေရင် ဖအေး ဖြစ်သူ ကို မြင်လို့ ထင်တယ် အိမ်ရှေ့ကို ပြေးအသွား လမ်းမှာ ပစ်လှဲ တာဗျ။ ဘယ်လို မှ ခေါ် မရတော့ ပတ်ဝန်းကျင်က လူတွေ ကို အကူညီတောင်း ရတော့ ဒါပေါ့ဗျာ ။
တတ်သိနားလည် တဲ့ သူက ပရိတ်ရေ နဲ့. ပက်ပေး ကလေး ပါစပ်ထည့်ကို နည်းနည်း ထည့်ပေး လိုက်တော့ မှ ကလေးက ပြန် သတိတရ လာတယ် ဗျို။ ညဖက် အိပ်တော့ လည်း အလတ်ကောင် က ဖအေဖြစ်သူ ကို မြင်ပြီး
လန့်ငိုနေသေးတယ်။
နောက်တနေ့ မနက် ရောက်တော့ ရွာထဲက လူတွေ အကြံပေး ချက်နဲ့. ရွာဦး ကျောင်း ဆရာတော် စီကို ယောက်ျားဖြစ်သူ ကိုဖိုးတေ အတွက် ဒုတိယအကြိမ် ဆွမ်းသွတ် တရားနာ ပြုလုပ်မည့် ဆိုတဲ့ အကြောင်း
လျှောက်ထးပြီး အပြန်မှာ ကိုဖိုးတေ. ရေနှစ် သေဆုံး ခဲ့တဲ့ ရွာထိပ်က ချောင်းစပ် ရှိရာကို ထွက်လာလေရဲ့ဗျာ။
""ကိုဖိုးတေ.... ယောကျာ်း .... ရှင့် ဒီနားမှာ... ရှိတယ်ဆိုတာ... ကျုပ်သိတယ် .... မနက်ဖြန်... ရှင့်အတွက်... ကုသိုလ်.. ကောင်းမှု တွေ... ပြုလုပ်ပေးမှာ.... တရားနာ လာခဲ့နော်..... အီးဟိး.... ကလေးတွေ အတွက်.... စိတ်ချ ပါ
ယောက်ျား ရယ်..... မိန်းမကိုလည်း ....စိတ်မပူပါနဲ့..... အီးဟီး..... မိန်းမ.... ပြန်တော့မယ် နော် ""
မနက်ရောက်တော့ သံဃာတော်အရှင်သူမြတ် တွေ ကို နေ့ဆွမ်း ကပ် ပြီး နောက်ဆုံး ရေစက်ချ တရားနာ
တော့ ဆရာတော် က....
""လွန်ခဲ့သော.... ရက်အနည်းငယ် က... ဘဝတစ်ပါးကို... ပြောင်ရွှေ.. ကွယ်လွန်... သွားရှာပြီး....ဖြစ်သော .... ဒကာဖိုးတေ .... ဒကာကြီး ဟာ....ကွယ်လွန် သွားပြီး..... ဖြစ်တဲ့အတွက် .... ဒကာ မိသားစုနဲ့ အတူ နေလို့..... မရတော့ဘူး..... ဒကာ၊..... ဒကာဖိုးတေ...... သားစွဲ... မယား စွဲ..... ပစ္စည်းဥစ္စာ စွဲ.... ဘယ်အစွဲ မှ... မကောင်းဘူး
ဒကာ ..... ဒါကြောင့်.... ဘုန်းကြီး တို့...... အမျှပေးဝေး တဲ့ အခါ မှာ..... ဒကာဖိုးတေ က.... ဝမ်းမြောက်စွာ သာဓု
ခေါ် ပေးပါ.... ကဲအားလုံး..""
""ကိုဖိုးတေ နှင့်တကွ.... အားလုံး... အမျှ..... အမျှ.... အမျှ""
""ကိုဖိုးတေနှင့်တကွ....... အားလုံး.... အမျှ.....အမျှ........ အမျှ ""
""ကိုဖိုးတေနှင့်တကွ....... အားလုံး...... အမျှ....... အမျှ...... အမျှ ""
""ယောကျာ်း ကိုဖိုးတေ....... အမျှ...... အမျှ.... အမျှ ..... ယူတော်မှူကြပါ.... ကုန်လော """
ကိုဖိုးတေတစ်ယောက် ကျွတ် လွတ် သွားသ လား ဆိုတာ ကတော့ ကာယကံရှင် ကိုဖိုးတေ ဘဲ သိလိမ့်မယ် ဗျာ။

😫😫😫😫😫😫😫😫😫😫😫😫😫😫😫😫
အမှားပါခဲ့ရင် လည်း သည်းခံ ဖတ်ပေးကြပါလို့ မေတ္တာ ရပ်ခံပါရစေ။
ဖိုးတေ
(ပခုက္ကူ)

Comments