အာဠာဝကဖိုးတေ နှင့် မိစ္ဆာရှင်းတမ်း အပိုင်း ၅



"" သိပြီလား မင်းကွာဒီလောက်ဖြစ်ထားတာကိုမမှတ်ဘူးဟိုဒကာကြီးကတခါတည်းအသက်ပါနူတ်သွားရမှာ""
အဲဒီလိုနဲ့ကျုပ်အသက်ခုနှစ်နှစ်ပြည့်ရောဗျ။ကျုပ်ခုနှစ်နှစ်ပြည်တဲ့နေ့ရွာဦးကျောင်းဆရာတော်ထံကိုဧည့်သည်
တစ်ယောက်ရောက်လာတယ်ဗျ။ဧည့်သည်လူကြီးကအရိပ်မထွက်ဘူးဗျ။လူကောင်ကလဲကျုပ်တို့ထက်ခေါင်းတ
လုံးပိုတယ်ဗျ။သူလက်ထဲမှာအနီရောင်တောင်ဝှေးတစ်ချောင်းနဲ့ပုခုံးမှာဖျင်ကြမ်းလွယ်အိတ်တစ်လုံးဒါဘဲပါတယ်
ဗျ။ဧည့်သည်လူကြီးကကျောင်းထဲတော့မဝင်ဘူးဗျ။ကျောင်းရှေမုတ်ပေါက်နားမှာတံမြတ်စည်းလှဲနေတဲ့ကိုဂျာ
အေးကိုလှမ်းခေါ်တယ်ဗျ။
""မောင်ကျောင်းသား . . .တံမြတ်စည်းလှဲနေတဲ့မောင်ကျောင်းသား . . .ကျောင်းသားလူလေး""
အဲ့ဒါကိုဂျာအေးပဲဗျ။ကိုဂျာအေးနားပါးချက်ကတော့လက်လှန်တယ်ဗျို။အဲဒါကိုအမှိုက်ကျုံးနေတဲ့ပုရစ်ကကြား
တော့သူနားသွားအော်ပြောရတယ်။
"" ကိုကြီးဂျာအေး . . .ကိုကြီးဂျာအေး . . . .ကို . .ကြီး . . .ဂျာ . . အေး""
"" ဖြေးဖြေးအော်ပါဟငါကြားတယ် ဘာလို့လဲပုရစ်""
"" ကျောင်းရှေ့ကကိုကြီးဂျာအေးကိုခေါ်နေတယ်ဗျ""
""ဘယ်သူလဲဟပုရစ်ရ""
""ဒါတော့ကျုပ်ဘယ်သိမလဲဗျ ဆရာတော်ကြီးဆီလာတဲ့ဧည့်သည်နေမှာပေါ့ဗျ""
""အေး ဒါဆိုငါသွားမေးလိုက်အုန်းမယ်မင်းအမှိုက်ကျုံးထားလိုက်""
ကိုဂျာအေးလဲကျောင်းရှေ့ကိုထွက်ပြီးသွားမေးတယ်ဗျ။
""အဘ!ဘာကိစ္စရှိလို့လဲဗျ ကျုပ်ဘာကူညီရမလဲ""
"" လူလေးဆရာတော်ရှိလားကွယ် ""
"ဟုတ်ရှိပါတယ်အဘ""
""ရှိရင်ဆရာတော်ကိုလျှောက်ပေးပါကွယ် ကျောင်းရှေမှာသက်ဆိုင်သူရောက်နေပါတယ်ဝင်ခွင့်ပြုပါလို့လျှောက်ပေး
ပါကွယ်""
"" ဒါဆိုအဘ ခဏစောင့်ပေးပါကျုပ်သွားလျှောက်ပေးမယ်""
စကားကိုဆုံးအောင်မပြောဘူးကိုဂျာအေးကဆရာတော်ရှိတဲ့ဆွမ်းစားဆောင်ဘက်ကိုအမြန်ပြေးသွားတယ်ဗျ။
""ဟဲဟဲ ဖြေးဖြေးလာပါဂျာအေးရဲ့ ခလုတ်တိုက်နေပါမယ်ဟ""
"" ဟောဟဲ.ဟောဟဲ
ဆရာတော်ကလဲတပည်တော်ကိုဘယ်ခွေးမှမကိုက်ပါဘူးဘုရာ၊ကျောင်းကခွေးတွေကတ
ပည့်တော်ကိုသိပါတယ်ဘုရား""
""ဟာ ဒီကောင်ကွာ မင်းကိုခလုတ်တိုက်မယ်ဖြေးဖြေးလာလို့ပြောတာကွ ငါနော် ပြောဘာကြောင့်ပြေးလာတာလဲ"" ""တင့်ပါကျောင်းရှေ့မှာဧည့်သည်တစ်ယောက်ရောက်နေပါတယ်ဘုရား""
"" အဲဒါမခေါ်ခဲ့ဘူးလား""
""ခေါ်ပါတယ်ဘုရားဧည့်သည်ကဆရာတော်ကိုလျှောက်ခိုင်းလိုက်ပါတယ်ဘုရား""
"" ဟေ . .ဟုတ်လား ဘာလျောက် ခိုင်းလိုက်လဲမြန်မြန်လေး လျှောက်စမ်းဂျာအေး""
""တင့်ပါသက်ဆိုင်သူရောက်နေပါတယ်ကျောင်းထဲကိုဝင်ရောက်ခွင့်ပြုပါဘုရားတဲ့ ပြီးတော့သူ့လက်ထည်းမှာ
တောင်ဝှေးအနီရောင်တစ်ချောင်းပါတယ်ဘုရား""
"" အဲဒါဆိုမြန်မြန်သွားခေါ်လိုက်အခုသွား""
ကိုဂျာအေးလဲနောက်တစ်ခါကျောင်းရှေ့ပြန်ပြေးရတာပေါ့ဗျာ။အဲဒီတော့မှဆရာတော်ကကျောင်းရှေမျက်နှာမူပြီး
""ကျောင်းစောင့်တို့ ယခုကျောင်းရှေ့မှာရောက်နေသောပုဂ္ဂိုလ်သည်ငါဘုန်းကြီး၏ဧည့်သည်ဖြစ်သည်၊သို့ပါသော
ကြောင့်ဧည့်သည်ပုဂ္ဂိုလ်အာမည်သူမှတားဆီးပိတ်ပင်ခြင်းမပြုရငါဆရာတော်၏အမိန့်""
ဆရာတော်ကအဲ့လိုပြောပြီးဆွမ်းစားကျောင်းပေါ်တက်သွားတယ်။
ကိုဂျာအေးလည်ကျောင်းရှေ့ရောက်တော့
""အဘ""
""လူလေးဆရာတော်နဲ့တွေ့လားကွယ်""
""တွေ့ပါတယ်အဘ၊ဆရာတော်ကခွင့်ပြုပါတယ်ဝင်ခဲ့ပါတဲ့အဘ""
""ကျေးဇူပါလူလေးရယ်"" ""ဟာရပါတယ်ဗျ၊ဒါလေးပြောပေးရဒါကျုပ်အတွက်အပန်းမကြီးပါဘူးဗျ၊လာအဘကျုပ်နောက်ကလိုက်ခဲ့""
အဲဒါနဲ့ဧည့်သည်ဘကြီးလဲကိုဂျာအေးနောက်ကလိုက်သွားတယ်ဗျ။ဆွမ်းစားကျောင်းကခြေတံရှည်ကျောင်းဗျ။အပေါ်မှာတော့ဆွမ်းစားတယ်ဗျ၊အောက်မှကုတင်တွေထန်းလျှော်ကုလားထိုင်တွေချထာတယ်ဗျ။နေ့လယ်ပိုင်း
ဆွမ်းစားပြီးကိုရင်တွေ့နဲ့ကျောင်းသားတွေကိုကုတင်တွေပေါ်တက်အိပ်ကြတယ်ဗျ။အိပ်ဆိုအဲ့နေရာကလွှတ်အေးတာဗျဘေးမှာကမန်ကျည်းပင်တွေတမာပင်တွေနဲ့ဆိုတော့အရိပ်ရတော့ကလေးတွေအကြိုက်ပေါ့ဗျာ။ဧည့်သည်ဘကြီးလဲကိုဂျာအေးနဲ့ကျောင်းပေါ်ရောက်တော့သူပါတဲ့တောင်ဝှေးနဲ့လွယ်အိတ်ဘေးချပြီးဘုရားကိုသေသေချာချာကျကျနနကန်တော့တယ်ဗျ၊ပြီးမှဆရာတော်ကိုကန်တော့တယ်။
"" ဒကာကြီးတာဝန်တွေစပြီပေါ့""
"" တင်ပါ့
ကလေးကဒီနေ့ဘဲခုနှစ်နှစ်ပြည်ပြီဘုရားဆရာတော်ကျောင်းကိုကလေးရောက်မလာခင်တပည်တော်လာ
ခဲ့တာပါဘုရား""
"" ကောင်းပါတယ်ဒကာကြီး "" ""ဆရာတော်ဘုရားကိုဟောဒီဆေးတော်ကြီးတောင်ဝှေးဆက်ကပ်ခိုင်းလိုက်ပါတယ်ဘုရား၊ဒီတောင်ဝှေးကမည်
သည်ပယောကအနောက်ယှက်ကိုမဆိုနိုင်ပါတယ်ဘုရား၊ကလေးကြီးလာလို့သောင်းကျန်းဆိုးသွမ်းနေလို့ထိန်းသိမ်းမရရင်ဒီတောင်ဝှေးနဲ့ထိန်းသိမ်းလို့ရပါတယ်ဘုရာ"""" ""ဪ အဲဒီလို့လားဒါနဲ့ကလေးကိုယ်မှာအာဠာဝကဘီလူးအစွမ်းတွေရှိနေပြီလာဒကာကြီး""
""အခုတော့မရှိသေးပါဘူးဘုရားသူအသက်၁၅နှစ်မှဘီလူးအစောင့်ကစောင့်ရှောက်မှုပေးမှာပါဘုရာ၊ဒါပေမဲ့အခုစွမ်းအားအချိုတော့ရရှိနေပါမယ်ဘုရားဘာစွမ်းအားလဲတော့တပည်တော်မသိပါဘူးဘုရား""
"" လူတွေကိုအန္တရာယ်မပြုပြီးတာပါပဲဒကာကြီး""
"" အဲလိုမဖြစ်အောင်ဆရာတော်တို့တပည်တော်တို့ကဘေးကလမ်းမှားမရောက်အောင်ထိန်းကျောင်းပေးရမှာပေါ့
ဘုရား""
"" ဟုတ်ပါတယ်ဒကာကြီး တို့ကျုပ်တို့ကထိန်းကျောင်းပေးရမှာပေါ့ ""
""တင့်ပါဘုရား""
"" ကဲကဲဒကာကြီးလည်သွားနားလိုက်အုန်း ကျောင်းထည်းမှာလွတ်လွတ်လပ်လပ်နေ ဟုတ်ပြီလား"" အဲ့လိုပြောပြီးဆရာတော်ကဘေးမှာရှိတဲ့ကြေးမောင်းကိုထုလိုက်တယ်ဗျ။ကျုပ်တို့အညာဘက်တွေမှာဆရာတော်
ကြီးတွေကခိုင်းစရာရှိလို့လူခေါ်ချင်ရင်အဲ့နည်းသုံးကြတယ်ဗျ။ "'ဆရာတော်ကိုလျှောက်ဖို့မေ့နေတာတပည်တော်နာမည်က ယက္ခလို့ခေါ်ပါတယ်ဘုရား""
"" ဘုန်းကြီးမှတ်ထားပါမယ်ဒကာကြီး""
ဆရာတော်မောင်းသံကြားလို့လားပုရစ်ပြောလို့လားမသိဘူးကိုဂျာအေးကျောင်းပေါ်ကိုလက်အုပ်ချီပြီးတက်လာတယ်ဗျ။
""ဂျာအေး ဒီဒကာကြီးကိုကျောင်းမြောက်ဘက်ကငါအရင်နေတဲ့ကျောင်းကိုလိုက်ပို့လိုက်ပြီးတော့ဒကာကြီးလိုအပ်
တာလုပ်ပေးလိုက်ဒကာကြီးကကျောင်းမှာကပ္ပိယအဖြစ်နေမှာကြားလာ""
"" တင့်ပါ့တပည်တော်ကြားပါတယ်ဘုရား""
""ကြားရင်ပြီးရော သေချာလိုက်ပို့လိုက် တလွဲလုပ်မလားနဲ့၊ဒကာကြီးဒီကျောင်းသားနောက်ကလိုက်သွားလိုက်""
. . . . . . . . . . .. . . . . . . . . .
နေ့လယ်ကဆိုင်ကယ်တိုက်လို့အခုဆေးခန်းအပြန်တင်ပေးလိုက်ပါတယ်။
အားပေးဖတ်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးပါ။
အကြံပေးဝေဖန်မူနည်းနေတယ်ဗျ။

Comments